tgoop.com/springcrowdfund/1333
Last Update:
"ကိုစိန်သီးနှင့် အကြည်ဓာတ်လေးများစကားဝိုင်း"
SCF အကြည်ဓာတ်ရေဒီယို Podcast အပိုင်း(၈) ရဲ့ Special Guest ကတော့ ပြည်သူချစ်တဲ့ တော်လှန်အနုပညာရှင် ကိုစိန်သီး ဖြစ်ပါတယ်။
ကိုစိန်သီးဟာ ရှစ်လေးလုံးအရေးတော်ပုံမှစ ယခုနွေဦးတော်လှန်ရေးအထိ တတ်ကျွမ်းတဲ့အနုပညာ၊ ပိုင်ဆိုင်ထားတဲ့ soft power များဖြင့် ပြည်သူများအတွက် ကြိုးစားနေသူတစ်ယောက်ဖြစ်ပါတယ်။ YouTube Channel များမှတဆင့်လဲ သတင်းစီးဆင်းမှုပိုမိုအားကောင်းအောင် ဟာသလေးများနှင့်အတူ နေ့စဉ်တင်ဆက်ပေးနေပြီး ပရိသတ်များရဲ့အားပေးမှုကို အခိုင်အမာရရှိထားပါတယ်။
အကြမ်းဖက်စ_စ်တပ်မှ မတရားကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်မှုပိုအားကောင်းလာအောင် ရိုက်ကူးထားတဲ့ “သူတောင်းစားရွေးကောက်ပွဲ”နှင့် “ကံ+ကန်” ရုပ်ရှင်များအကြောင်း၊
KTJ Supporting Group နဲ့အတူ ပြုလုပ်နေတဲ့ “ထိန်းမယ်၊သိမ်းမယ်၊ဘလိန်းမယ်” ကမ်ပိန်းအကြောင်းတွေကို သေချာလေးပြောပြပေးသွားမှာဖြစ်တာကြောင့် မနက်ဖြန် စနေနေ့ည မြန်မာချိန် ၆နာရီခွဲ Live မှာ အတူတူဆုံတွေ့ဝန်းရံပေးကြဖို့ အကြည်ဓာတ်လေးများအားလုံးကို နွေးထွေးစွာဖိတ်ခေါ်လိုက်ပါတယ်။
နေ့ရက်: Nov 22, 2025 (Saturday)
အချိန်: 6:30 PM (MMT)
#seinthee
#SpringCrowdFund
#podcast #live
BY Spring Crowdfund

Share with your friend now:
tgoop.com/springcrowdfund/1333
