Warning: Undefined array key 0 in /var/www/tgoop/function.php on line 65

Warning: Trying to access array offset on null in /var/www/tgoop/function.php on line 65
- Telegram Web
Telegram Web
"ဖိုက်တာတို့ရဲ့အောင်ပွဲ" ကမ်ပိန်းနောက်ဆုံးနေ့မှာ SCF နဲ့အတူ အားဖြည့်ကူညီပါ

မကွေးတိုင်း..ပခုက္ကူခရိုင်..ပေါက်နယ် အခြေစိုက် Rocket Fighter တပ်ဖွဲ့ရဲ့ "ဖိုက်တာတို့ရဲ့အောင်ပွဲ" ကျည်ကာ ကမ်ပိန်းမှာ မျှော်မှန်းပမာဏ သိန်း ၁၅၀ ရဲ့ ၄၈ သိန်းကျော် ရရှိထားပြီး ဒီနေ့ဟာ ကမ်ပိန်း နောက်ဆုံးရက်လေး ဖြစ်တာကြောင့် SCF မှာ တတ်အားသရွေ့ အတူဝိုင်းဝန်း အားဖြည့် ပေးကြရအောင်..

🔹 ပါဝင်ကူညီရန်နှိပ်ပါ

🔹 𝙎𝘾𝙁 အသုံးပြုရန်နှိပ်ပါ

🔹 ၃ မိနစ်အတွင်း လွယ်ကူစွာအကောင့်ဖွင့်ရန်နှိပ်ပါ

#SpringCrowdFund
#OnlineFundraisingPlatform
42🥰5
"စစ်ကိုင်းတခွင် သမိုင်းတွင်မည့် တွဲလက်ညီညာ CDMers" ကမ်ပိန်းကို SCF Platform မှာ စတင်ကူညီအားဖြည့်နိုင်ပါပြီ..

https://springcrowdfund.org/campaign/120bdb1d-47cf-472e-8c92-b57500289bfc
(ပြည်တွင်းဆိုရင် VPN ခံပေးဖို့လိုအပ်ပါတယ်)

၂၀၂၁ ခုနှစ်မှာ စတင်ခဲ့တဲ့ အာဏာရှင် တော်လှန်ရေးကြီးဟာ (၄) နှစ်ကျော် (၅) နှစ်ပြည့်လု နီးပါပြီ။ သို့သော်လည်း တော်လှန်ရေးရဲ့ တပ်ဦးဖြစ်တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ CDM နိုင်ငံ့ဝန်ထမ်း တွေဟာ ယခုအချိန်ထိ ခိုင်မာပြတ်သားတဲ့ ခံယူချက်၊ အားမတန်သော်လည်း မာန်မလျော့တဲ့ ဇွဲသတ္တိတွေနဲ့ အခိုင်အမာ တည်ရှိနေဆဲ ဖြစ်ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများ ကောင်စီက သက်သေထူနေပါတယ်။

စစ်ကိုင်းမြေက CDM နိုင်ငံ့ဝန်ထမ်းများဟာ တော်လှန်ရေးကပေးအပ်တဲ့ ကျရာတာဝန်မျိုးစုံကို တဖက်ကထမ်းဆောင်ရင်း တဖက်မှာလည်း CDM အချင်းချင်း တတ်နိုင်သမျှ ကူညီထောက်ပံ့ ဖေးမဝန်းရံ ပေးလျက်ရှိပါတယ်။ CDM ဝန်ထမ်းအားလုံးကို အကူအညီ ပေးနိုင်ဖို့ရာ အခက်အခဲများစွာ ရှိတာကြောင့်

(၁) ဆေးကုသစရိတ် လိုအပ်နေတဲ့ CDM ဝန်ထမ်းများ၊
(၂) လေကြောင်းရန်ကြောင့် ထိခိုက်ဒဏ်ရာရတဲ့ CDM ဝန်ထမ်းများ၊
(၃) ငလျင်ကြောင့် အိုးအိမ်ပျက်စီးခဲ့ရတဲ့ CDM ဝန်ထမ်းများ၊
(၄) ကျဆုံးသွားပြီဖြစ်တဲ့ CDM ဝန်ထမ်းများရဲ့ ကျန်ရစ်သူ မိသားစုဝင်များ

စတဲ့ ခက်ခဲနေတဲ့ CDM ဝန်ထမ်းများကို အကူအညီပေးနိုင်ဖို့ တော်လှန်ပြည်သူများ အနေနဲ့ စစ်ကိုင်းတခွင် သမိုင်းတွင်မယ့် တွဲလက်ညီညာ CDMers ကမ်ပိန်းမှာ တယောက်တလက် နိုင်သလောက် အားနဲ့ SCF မှတဆင့် လုံခြုံစိတ်ချစွာ ပါဝင်ကူညီ လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါတယ်။

Organiser - U Yohn
Recipient - စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများ ကောင်စီ
Timeline(MMT) - 01 Dec 2025 ~ 31 Jan 2026
Target Amount - 30,000,000 MMK

SCF နဲ့အတူ လုံခြုံစိတ်ချစွာ မြေပြင်ကို တိုက်ရိုက်ထောက်ပို့ပါ

တို့အတူချီတက်SCF

#SpringCrowdFund
#OnlineFundraisingPlatform
35🥰6
Media is too big
VIEW IN TELEGRAM
"ပြောင်းရွှေ့ဖို့ရာ ကူညီပါ"

Urban Operation Column တပ်ဖွဲ့ရဲ့ "ပြောင်းရွှေ့ဖို့ရာ ကူညီပါ" ကမ်ပိန်းကို SCF မှာ လုံခြုံစိတ်ချစွာ ပါဝင်အားဖြည့် ပေးနိုင်ပါတယ်..

ကိုယ် တန်ဖိုးထားရတဲ့ Certificate တွေကို ရေရှည် လုံခြုံစွာ သိမ်းဆည်း ထားနိုင်ဖို့အတွက် SCF အကောင့် ဖွင့်ထားဖို့လည်း မမေ့နဲ့နော်..

🔹 ပါဝင်ကူညီရန်နှိပ်ပါ

🔹 𝙎𝘾𝙁 အသုံးပြုရန်နှိပ်ပါ

🔹 ၃ မိနစ်အတွင်း လွယ်ကူစွာအကောင့်ဖွင့်ရန်နှိပ်ပါ

#SpringCrowdFund
#OnlineFundraisingPlatform
39🥰6
ကမ္ဘာ့ မသန်စွမ်းသူများနေ့ ဆိုတာ..

ကမ္ဘာတဝှမ်းမှာရှိတဲ့ မသန်စွမ်းသူများရဲ့ အခွင့်အရေး.. အရည်အချင်း.. ဂုဏ်သိက္ခာတွေကို ပိုပြီး လေးစားတတ်စေဖို့ နဲ့ သူတို့ရဲ့ ဘဝအတွေ့အကြုံ.. ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို နားလည် စာနာ ကူညီတတ်စေဖို့ ဒီဇင်ဘာ ၃ ရက်နေ့ကို ကမ္ဘာ့မသန်စွမ်းများနေ့ အဖြစ် ၁၉၉၂ ခုနှစ်မှ စတင် ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံမှာလည်း ပြည်သူအားလုံး လွတ်လပ် ပျော်ရွှင်နိုင်ဖို့ ကိုယ်လက်အင်္ဂါ ပေးဆပ် စတေးခဲ့ရတဲ့ သူရဲကောင်းရဲဘော်တွေ ၊ စ_စ်တပ်ရဲ့ ရက်စက်မှုကြောင့် ကိုယ်လက်အင်္ဂါ ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူများ အပါအဝင်.. မသန်စွမ်း သူငယ်ချင်းများအားလုံးနဲ့ အတူရှိနေကြောင်း SCF မှ နွေးထွေးစွာ ပြောလိုပါတယ်။

မိဘပြည်သူများအနေနဲ့လည်း အမှန်တရား ဘက်တော်သား ရဲဘော်တွေ ထိခိုက်ဒဏ်ရာရရှိမှု နည်းအောင်.. SCF မှာရှိတဲ့ ကမ်ပိန်းတွေကို လုံခြုံစိတ်ချစွာ ဝိုင်းဝန်း ပါဝင် ကူညီပေးလို့ရပါတယ်။

🌱 springcrowdfund.org

တို့အတူချီတက်SCF

#SpringCrowdFund
#OnlineFundraisingPlatform
#WorldDisabilityDay
50🥰5
"တော်လှန်ထောက်ကူ မွေးနေ့အလှူ " ကမ်ပိန်းကို SCF Platform မှာ စတင်ကူညီအားဖြည့်နိုင်ပါပြီ

https://springcrowdfund.org/campaign/6cfcf8cf-f41d-43f6-9666-be04530916b2
(ပြည်တွင်းဆိုရင် VPN ခံပေးဖို့လိုအပ်ပါတယ်)

Clean Yangon ရဲ့ ပူးတွဲတည်ထောင်သူ ဆရာမလေးသဉ္ဇာရဲ့ "တော်လှန်ထောက်ကူ မွေးနေ့အလှူ"ကမ်ပိန်းကို ပညာရေး၊ ကျန်းမာရေး၊ စစ်ဘေးရှောင် မျှဝေရေးနှင့် နွေဦးတော်လှန်ရေးသူရဲကောင်းများအား တဖက်တလမ်းမှ ထောက်ပံ့နိုင်ရေးတို့အတွက် ပြုလုပ်ရခြင်းဖြစ်ပါတယ်။

ဆရာမလေးရဲ့ မွေးနေ့ကမ်ပိန်းမှာ ပါဝင်အားဖြည့်ရင်း ဆရာမလေးကို ချစ်ခင်သူတချို့က ပေးထားတဲ့ မေတ္တာလက်ဆောင်တွေ ပြန်ရနိုင်သလို မြေပြင်ရဲ့ လိုအပ်နေရာတွေကို အချိန်နဲ့တပြေးညီ လိုနေတာလေးတွေ ရောက်ရှိစေမှာပါ။

ဘယ်လောက်ကူကူ ဘယ်လောက်လှူလှူ မေတ္တာလက်ဆောင်တွေကို ကံစမ်းကာ ပြန်လည်ပေးသွားမှာ ဖြစ်တာကြောင့် SCF မှတဆင့် လုံခြုံစိတ်ချစွာ ပါဝင်အားဖြည့်ကြရအောင် ...

Organiser - Thinzar Aye
Recipient - Clean Yangon
Timeline(MMT) - 02 Dec 2025 ~ 02 Jan 2026
Target Amount - 20,000,000 MMK

SCF မှာထောက်ကူပို့ ရောင်နီနေ့ရက်များဆီသို့

တို့အတူချီတက်SCF

#SpringCrowdFund
#OnlineFundraisingPlatform
36🥰4
"တော်လှန်ထောက်ကူ မွေးနေ့အလှူ" ကမ်ပိန်းကို SCF Platform မှာ စတင်ကူညီအားဖြည့်နိုင်ပါပြီ

🔹 ပါဝင်ကူညီရန်နှိပ်ပါ

🔹 𝙎𝘾𝙁 အသုံးပြုရန်နှိပ်ပါ

🔹 ၃ မိနစ်အတွင်း လွယ်ကူစွာအကောင့်ဖွင့်ရန်နှိပ်ပါ

#SpringCrowdFund
#OnlineFundraisingPlatform
41🥰5
"ပန်းချီကံစမ်း အိမ်ပြန်လမ်း ကံထူးရှင်ရွေးချယ်ပွဲ"

အကြည်ဓာတ်လေးများအားလုံး မင်္ဂလာပါ..

Spring CrowdFund (SCF) မှာ ပြုလုပ်ခဲ့တဲ့ “ပန်းချီကံစမ်း အိမ်ပြန်လမ်း” ကမ်ပိန်းမှာ သတ်မှတ်တားဂတ် မပြည့်မီခဲ့ပေမဲ့ ကျပ်သိန်းပေါင်း ၄၄၀ ကျော် ရရှိတဲ့အထိ ပါဝင်ပေးခဲ့ကြတဲ့ မိဘပြည်သူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ဒါကြောင့် စောင့်မျှော်နေကြတဲ့ ရင်ခုန်စရာအချိန်လေးလည်း ရောက်ရှိလာပါပြီ။ ကမ်ပိန်းအတွက် အလှူရှင်တစ်ဦးမှ လှူဒါန်းထားတဲ့ စွယ်စုံရ အနုပညာရှင်ကြီး ပန်းချီဆရာကြီး ဦးဝင်းဖေ ရေးဆွဲထားတဲ့ “Sellers” ပန်းချီကား ကံထူးရှင် ရွေးချယ်ပွဲကို မနက်ဖြန် ဒီဇင်ဘာ ၅ရက် သောကြာနေ့ည မြန်မာချိန် ၇နာရီမှာ SCF Facebook Page နဲ့ YouTube Channel တို့မှတဆင့် Kate နဲ့ U Kyaw Thet Linn တို့က Live လွှင့်ကာ မဲနှိုက်ရွေးချယ်ပေးသွားမှာမို့ အတူတူရင်ခုန်ကြမယ်နော်။ အကြည်ဓာတ်လေးတွေအားလုံး ကံကောင်းကြပါစေခင်ဗျာ။

SCF အကောင့်ဖွင့်ပြီး လုံခြုံစိတ်ချစွာ မြေပြင်ကို တိုက်ရိုက်ထောက်ပို့ပါ
🌱 springcrowdfund.org

တို့အတူချီတက်SCF

#SpringCrowdFund
#OnlineFundraisingPlatform
48👍7🥰2
Media is too big
VIEW IN TELEGRAM
"ပန်းချီကံစမ်း အိမ်ပြန်လမ်း ကံထူးရှင်ရွေးချယ်ပွဲ"

ယနေ့ည မြန်မာချိန် ၇နာရီ မှာ ရင်ခုန်စွာဆုံတွေ့ချင်ပါတယ်.. 💙

Live on SCF Facebook Page
& YouTube Channel
40🥰13👍2😍1
Media is too big
VIEW IN TELEGRAM
မန်ယူဂျာစီဝတ်ထားတဲ့ ကိုအောင်လွန်း ဘာလို့သက်ပြင်းတွေချနေတာလဲ? 🤔

ကိုဘုန်းဆက်သွင် ကရော ကူညီပေးနိုင်ပါ့မလား? 🤔

ဘာကြောင့်လဲဆိုတာ ခန့်မှန်းရင်း... ကြည့်ဖို့ Ready ဆိုရင် SCF အကောင့်မြန်မြန်ဖွင့်ပြီး အသင့်စောင့်ပေးကြပါ။

Coming Soon...

🔹 𝙎𝘾𝙁 အသုံးပြုရန်နှိပ်ပါ

🔹 ၃ မိနစ်အတွင်း လွယ်ကူစွာအကောင့်ဖွင့်ရန်နှိပ်ပါ

#SpringCrowdFund
#OnlineFundraisingPlatform
37🥰5👍2
SCF မှာ ပြုလုပ်ခဲ့တဲ့ “ပန်းချီကံစမ်း အိမ်ပြန်လမ်း” ကံထူးရှင်

UK နိုင်ငံမှ.. Ticket No - 00710 ပိုင်ရှင်.. အကြည်ဓာတ်လေး Nilar Page အတွက် SCF အနေနဲ့ ထပ်တူ ဝမ်းသာပီတိ ဖြစ်မိပါတယ်။

ပန်းချီဆရာကြီး ဦးဝင်းဖေ ရေးဆွဲထားတဲ့ “Sellers” ပန်းချီကားကို မူလပိုင်ရှင်ကိုယ်တိုင် ကံထူးရှင်ထံသို့အရောက် တိုက်ရိုက်ပို့ပေးမှာဖြစ်ပြီး ရင်တွင်းခံစားချက်ဗီဒီယိုလေးလည်း ဆက်သွယ်မေးမြန်းပြီး တင်ပေးမှာပါ။

ကံထူးရှင်မဖြစ်ခဲ့ပေမဲ့ သိန်း ၄၄၀ ကျော်ရရှိသည်အထိ အတူပါဝင်ပေးခဲ့ကြတဲ့ တခြားသော မိဘပြည်သူများအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ နောက်ထပ်ကမ်ပိန်းတွေမှာလည်း လုံခြုံစိတ်ချရတဲ့ SCF အကောင့်ဖွင့်ပြီး ဝိုင်းဝန်းအားဖြည့်ကြမယ်နော်။ 💪

🔹 𝙎𝘾𝙁 အသုံးပြုရန်နှိပ်ပါ

🔹 ၃ မိနစ်အတွင်း လွယ်ကူစွာအကောင့်ဖွင့်ရန်နှိပ်ပါ

#SpringCrowdFund
#OnlineFundraisingPlatform
45🥰4
"ရေဆန်ခရီး" ကမ်ပိန်းကို SCF Platform မှာ စတင်ကူညီအားဖြည့်နိုင်ပါပြီ

https://springcrowdfund.org/campaign/d04a579b-10db-4521-ae32-897d09da44e4
(ပြည်တွင်းဆိုရင် VPN ခံပေးဖို့လိုအပ်ပါတယ်)

ကာကွယ်ရေးဝန်ကြီးဌာန ၊ ရှမ်း-ကယား(ကရင်နီ)စစ်တိုင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် ၁၀၀၉ တပ်ရင်းဟာ စ_စ်အာဏာသိမ်းအပြီး 2022 ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ရှေ့တန်းမြေပြင်မှာ မရပ်မနားကြိုးစားနေတဲ့ တပ်ဖွဲ့တွေထဲကတစ်ခုပဲဖြစ်ပါတယ်။

အမှတ် ၁၀၀၉တပ်ရင်းဟာ လက်ရှိ ဖယ်ခုံ ဒေသ ၊ မိုးဗြဲ ဒေသတို့တွင် ကာကင်းတာဝန်များတာဝန်ယူ‌ဆောင်ရွက်နေရင်း မြေပြင်အတွက် လိုအပ်သောအသုံးစရိတ်များဖြည့်ဆည်းနိုင်ဖို့ရာ အရေးပေါ် ကမ်ပိန်း " ရေဆန်ခရီး " ကို ပြုလုပ်ရခြင်းဖြစ်ပါတယ်။

ကမ်ပိန်းရရှိငွေများအားလုံး အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် ၁၀၀၉ တပ်ရင်း (Battalion 1009 ) ကိုတိုက်ရိုက်စီးဆင်းသွားမှာဖြစ်တဲ့အတွက် လုံခြုံစိတ်ချရတဲ့ SCF Platform မှတဆင့် ပါဝင်အားဖြည့်ပေးနိုင်ပါတယ်။ မိမိပါဝင်ကူညီထားတဲ့မှတ်တမ်းလေးတွေကို အချိန်မရွေးရယူနိုင်ဖို့ SCF အကောင့် ဖွင့်ထားဖို့လည်း မမေ့နဲ့နော် ...

Organiser - TunWinAung
Recipient - Battalion 1009
Timeline(MMT) - 05 Dec 2025 ~ 05 Jan 2026
Target Amount - 20,000,000 MMK

🔹 ပါဝင်ကူညီရန်နှိပ်ပါ

🔹 𝙎𝘾𝙁 အသုံးပြုရန်နှိပ်ပါ

🔹 ၃ မိနစ်အတွင်း လွယ်ကူစွာအကောင့်ဖွင့်ရန်နှိပ်ပါ

#SpringCrowdFund
#OnlineFundraisingPlatform
36
Media is too big
VIEW IN TELEGRAM
မုံရွာခရိုင် အမှတ်(၂၇)တပ်ရင်းမှ ပြုလုပ်နေတဲ့ "ကာကွယ်လုံခြုံ ကျည်ကာတစ်စုံ" ကမ်ပိန်းမှာ ပါဝင်ပြီး ရှေ့တန်းမှ ရဲဘော်များရဲ့ အသက်တွေကို ကာကွယ်ပေးကြရအောင်...

SCF မှာပါဝင်ခြင်းဟာ ငွေပမာဏတခုထက်ပိုပါတယ်။

🔹 ပါဝင်ကူညီရန်နှိပ်ပါ

🔹 𝙎𝘾𝙁 အသုံးပြုရန်နှိပ်ပါ

🔹 ၃ မိနစ်အတွင်း လွယ်ကူစွာအကောင့်ဖွင့်ရန်နှိပ်ပါ

#SpringCrowdFund
#OnlineFundraisingPlatform
45🥰9
Media is too big
VIEW IN TELEGRAM
"တစ်ခါကူ သုံးခါထိရောက်"

SCF မှာ Ko Sein Thee နဲ့ KTJ Supporting Group တို့ရဲ့"ထိန်းမယ် သိမ်းမယ် ဘလိန်းမယ်" ကမ်ပိန်းကို ပါဝင်သူတိုင်း

အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား အတူဆန့်ကျင်နိုင်မှာဖြစ်ပြီး..

ကိုစိန်သီးတို့ရဲ့ ရုပ်ရှင်နှစ်ကားကိုလည်း ကြည့်ရှုခွင့်ရမှာဖြစ်တဲ့အပြင်.. 🎬

UG နဲ့ ကရင်နီ ရဲဘော်တွေကိုလည်း ထောက်ပို့နိုင်မှာဖြစ်ပါတယ်။ 💪

ဒီလို တစ်ခါကူတိုင်း သုံးခါတောင် ထိရောက်မှာမို့ ကမ်ပိန်းမှာ မပါဝင်ရသေးသူတွေအားလုံး အခုပဲ တတ်အားသရွေ့ပါဝင်ပေးကြဖို့ လေးစားစွာ တိုက်တွန်းအပ်ပါတယ်။

🔹 ပါဝင်ကူညီရန်နှိပ်ပါ

🔹 𝙎𝘾𝙁 အသုံးပြုရန်နှိပ်ပါ

🔹 ၃ မိနစ်အတွင်း လွယ်ကူစွာအကောင့်ဖွင့်ရန်နှိပ်ပါ

#SpringCrowdFund
#OnlineFundraisingPlatform
53🥰10
"ပျားတူသို့ ကားကူစို့" ကမ်ပိန်းနောက်ဆုံးနေ့တွင် SCF နှင့်အတူ ပါဝင်အားဖြည့်ပါ...

ရှေ့တန်းမြေပြင်အတွက် လိုအပ်တဲ့ပစ္စည်းများကို ထုတ်လုပ်ပို့ဆောင်ပေးနေတဲ့ Hornet PDF ထုတ်လုပ်ရေးဌာန....

Hornet PDF ဌာနအတွက် လိုအပ်နေတဲ့ ပို့​ဆောင်ရေးကားတစ်စီးကူညီပေးနိုင်မယ့် "ပျားတူသို့ ကားကူစို့" ကမ်ပိန်းမှာ မျှော်မှန်းပမာဏ သိန်း၃၀၀ ရဲ့ ၄၉သိန်းကျော်ကို ရရှိထားပြီဖြစ်ပါတယ်....

မြေပြင်အတွက်လိုအပ်တဲ့ပစ္စည်းများ အချိန်မီရောက်ရှိနိုင်ရေးသာမက ရိက္ခာပို့ဆောင်ရေး ကုသကယ်ဆယ်ရေးတွေမှာလည်း ဒီကမ်ပိန်းဟာ အရေးပါတဲ့အခန်းကဏ္ဍဖြစ်တာကြောင့် နောက်ဆုံးပိတ် အိတ်နဲ့လွယ်ပြီး ပါဝင်အားဖြည့်ပေးကြရအောင် ....

SCF မှာ သင်ပါဝင်လိုက်တိုင်း လူပေါင်းများစွာအတွက် ရှေ့ဆက်ဖို့ခွန်အားတွေ ပေးနိုင်စွမ်းရှိပါတယ်။

🌱 springcrowdfund.org

တို့အတူချီတက်SCF

#SpringCrowdFund
#OnlineFundraisingPlatform
47🥰5👍4
"ဖက်ဆစ်တပ် အမြစ်ဖြတ်၊ ကျည်ကာဆင်ပါ ABSDF" ကမ်ပိန်းကို SCF မှာစတင်ကူညီအားဖြည့်ပေးနိုင်ပါပြီ ...

ABSDF (ကျောင်းသားတပ်မတော်) အမှတ် ၃စစ်ကြောင်း ဟာ ပုလဲ၊ကနီ၊ကမ္မ၊ ပခုက္ကူ၊ဂန့်ဂေါမြို့နယ်(ယောဒေသ) အတွင်း တပ်ရင်း ၂ ရင်းဖြင့် တော်လှန်ရေးတာဝန်များကို အဆက်မပြတ်ထမ်းဆောင်လျက်ရှိတဲ့ တပ်ရင်းတပ်ဖွဲ့ဖြစ်ပါတယ်။

ABSDF (ကျောင်းသားတပ်မတော်)ရဲဘော်များဟာ မိမိတပ်ရင်းတပ်ဖွဲ့များ အခြေစိုက်ရာဒေသများအတွင်း ခုခံတော်လှန်နေသောပွဲများမှာလည်း ရွပ်ရွပ်ချွံချွံ ပါဝင်လျက်ရှိပါတယ်။

ABSDF စတင်ဖွဲ့စည်းခဲ့တဲ့ ၁၉၈၈ ခုနှစ်မှစပြီး ၃၇နှစ်တိုင်အောင် စ_စ်အာဏာရှင်စနစ်ကို စ_စ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးနည်းလမ်းမျိုးစုံဖြင့် တော်လှန်ခဲ့ပြီး တပ်ဖွဲ့ဝင်ရဲဘော် တစ်ထောင်ကျော်အထိ အသက်ပေးစွန့်လွှတ်ခဲ့ရပါတယ်။

ရှေ့တန်းက တော်လှန်ရေးရဲဘော် တယောက်ချင်းစီရဲ့အသက်နဲ့ခန္ဓာကို အထိအခိုက်အနည်းဆုံးဖြစ်အောင် ကျည်ကာများတပ်ဆင်ပေးရန် လိုအပ်နေတဲ့အတွက်ကြောင့် " ဖက်ဆစ်တပ် အမြစ်ဖြတ်၊ ကျည်ကာဆင်ပါ ABSDF" ကမ်ပိန်းကို SCF Platform မှတဆင့် ပါဝင်အားဖြည့်ပေးကြရအောင် ...

Organizer - Kyal Sin
Recipient - ABSDF
Timeline (MMT) - 09 Dec 2025 ~ 08 Jan 2026
Target Amount - 50,000,000 MMK

🔹 ပါဝင်ကူညီရန်နှိပ်ပါ

🔹 𝙎𝘾𝙁 အသုံးပြုရန်နှိပ်ပါ

🔹 ၃ မိနစ်အတွင်း လွယ်ကူစွာအကောင့်ဖွင့်ရန်နှိပ်ပါ

#SpringCrowdFund
#OnlineFundraisingPlatform
37👍4
Silent Strike 
"အိမ်မှာနေပြီး SCF နဲ့ကူပစ်လိုက်"

ဒီဇင်ဘာ ၁၀ရက် အသံတိတ်သပိတ်လှုပ်ရှားမှုကို ပြည်သူအားလုံးတခဲနက် ဆင်နွဲကြမယ်။ မနက် ၁၀ နာရီမှ နေ့လည် ၃နာရီအထိ အိမ်ပြင်မထွက်ပဲ အလုံခြုံဆုံးနည်းလမ်းနဲ့ ပါဝင်ကြမယ်။ 

မြန်မြန်နိုင်ဖို့ ကြိုးစားနေကြတဲ့ ရဲဘော်တွေအတွက်လည်း အိမ်ထဲကနေ အင်တာနက်ရှိရုံ.. အချိန်၃မိနစ်လေးပေးရုံနဲ့ အလုံခြုံဆုံး ထောက်ပို့လို့ရတဲ့ SCF ပလက်ဖောင်းကို အသုံးပြုပြီး မြေပြင်ကိုတိုက်ရိုက် ကူညီကြမယ်။"

တိတ်ဆိတ်ခြင်းသည် အကျယ်လောင်ဆုံး ဟစ်ကြွေးသံ..

springcrowdfund.org

တို့အတူချီတက်SCF

#SpringCrowdFund
#SilentStrike
🥰2924👍7🔥2
"ရင်ထဲမှာ နှင်းကျသွားစေမယ့် ဆောင်းရာသီ Certi"

SCF Certificate ဆိုတာ မှတ်တမ်းတခုထက် အဓိပ္ပါယ်ပိုပါတယ်။ နာမည်လေးပါမယ် ပမာဏလေးပါမယ်... ပြီးတော့ အမှတ်တရလေးတွေပါမယ်။ ကိုယ်ကူထားတဲ့မှတ်တမ်းလေးတွေမြင်တိုင်း Memory လေးတွေကို သိပ်သတိရစေမယ်။

ချစ်သော ဆောင်းရာသီ... ချစ်သော ဒီဇင်ဘာမှာ ၁၀ရက်နေ့ည ၈နာရီမှ ၂၀ ရက်နေ့ ည၁၂နာရီအတွင်း ရင်ဘတ်ချင်းနီးတဲ့ မိတ်ဆွေတွေနဲ့အတူ နွေးထွေးမှုအကြည်ဓာတ်လေးတွေ ဝေမျှပြီး Certificate လေးတွေကို တယုတယ သိမ်းထားကြရအောင်။

SCF မှာထောက်ကူခြင်းဟာ ငွေပမာဏတခုထက် အဓိပ္ပါယ်ပိုရှိပါတယ်..
springcrowdfund.org

#SpringCrowdFund
#december
55🥰10
2025/12/12 10:38:53
Back to Top
HTML Embed Code: