Warning: Undefined array key 0 in /var/www/tgoop/function.php on line 65

Warning: Trying to access array offset on value of type null in /var/www/tgoop/function.php on line 65
24873 - Telegram Web
Telegram Web
⚫️ အင်းစိန်ကုန်းကျော်တံတားပေါ် လူ ၂ ဦး ဖမ်းဆီးခံရ

ယနေ့ည ၅ နာရီခွဲခန့်တွင် အင်းစိန်ပန်းခြံမှ အင်းစိန်ဈေးဘက်သို့ သွားသည့် ကုန်းကျော်တံတားပေါ်၌ ယောကျ်ားလေး ၂ ဦးကို အရပ်ဝတ် ၁ လူစုမှ ဒူးထောက်ခိုင်းပြီး လက်ထိပ်ဖမ်းဆီးနေခဲ့ကြောင်း သတင်းရရှိသည်။ ဖမ်းခံရသည့် ယောကျ်ားလေး ၂ ဦးမှာ အသက် ၃၀ နှစ်ဝန်းကျင်ဖြစ်ပြီး ဝင်ဖမ်းသည့် အရပ်ဝတ်များက Taxi ၁ စီးဖြင့် ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

21 Sep 2025
#RangoonScoutNetwork
🤬17🔥3
🔴 တာမွေ၊ ကျားကွက်သစ်ရပ်ကွက် ဧည့်စစ်

ယနေ့ည ၁၀ နာရီခွဲခန့်တွင် တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်၊ ဘယသုဒ္ဓိလမ်းတဝိုက်ထဲ ဧည့်စစ်ဝင်နေကြောင်း ကနဦးသတင်းရရှိသည်။

21 Sep 2025
#RangoonScoutNetwork
👍3
🖥 ရန်ကုန် တပတ်တာ အခြေအနေ

ယခု ရက်သတ္တပတ် [September 15 - 21, 2025] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၇ ခု ခွဲ၍ ဖော်ပြထားသည်။


▪️မြို့ပြပြောက်ကျား စစ်ဆင်ရေးများ
ရန်ကုန်မြို့တော်ခန်းမကို ပစ်မှတ်ထား၍...

▪️အဖမ်းအဆီးဖြစ်စဉ်များ
သတင်းအတိအကျဖြင့် ရှာဖွေဖမ်းဆီးခံရသူ ၄ ဦးမှာ တော်လှန်ရေးပုဒ်မများဖြင့်...

▪️မင်းအောင်လှိုင် ရန်ကုန်ရောက်နေ
မှော်ဘီမြို့နယ်ရှိ စစ်တပ် ...

▪️ဒဂုံဆိပ်ကမ်း အုပ်ကြီးကို ဖမ်း
၎င်းလက်ဝယ်တွင်ရှိသည့် ငွေကျပ်အပြည့်ထည့်ထားသည် ဆာလာအိတ်များ...

➡️ အပြည့်အစုံဖတ်ရှုရန် နှိပ်ပါ

#RangoonScoutNetwork #YGN_Weekly
Please open Telegram to view this post
VIEW IN TELEGRAM
👍61
🟠 မရမ်းကုန်း၊ ၂ ရပ်ကွက် ဧည့်စစ်သတိ

ယနေ့ည မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်ထဲ ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သတင်းရရှိသည်။

22 Sep 2025
#RangoonScoutNetwork
👍7🔥1
🖥 DAILY HIGHLIGHTS (22 SEP 2025)

🔴 စစ်ရေးထူးခြားသတင်းများ

ဗန်းမောက်မြို့ကို တော်လှန်ရေး တပ်ဖွဲ့များ အပြီးသတ် တိုက်ခိုက် သိမ်းပိုက်
KT

🌎 နိုင်ငံခြားရေးထူးခြားသတင်းများ

တီမောမှာ မြန်မာစစ်အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှု ခွင့်မပြုကြောင်း စကမ ထုတ်ပြန်
BBC

မြန်မာခရီးစဉ် ရွှေ့ဆိုင်းဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ပြော
DVB

အာဆီယံဝန်ကြီး ၄ ဦး၏ နေပြည်တော်ခရီးစဉ် စစ်ကော်မရှင် ကန့်လန့်တိုက်နေ၍ ရွှေ့ဆိုင်းရခြင်းဖြစ်နိုင် ဟုဆို
MPA

အရှေ့တီမောက မြန်မာစစ်အစိုးရကို ဆန့်ကျင်တဲ့ အဖွဲ့တွေကို လှုပ်ရှားခွင့်မပြုတော့ဟု ပြော
THN

ဒရုန်းနဲ့ စစ်ဘက်နည်းပညာပူးပေါင်းရေး စကမဝန်ကြီး တရုတ်မှာ ဆွေးနွေး
BBC

👎 ရွေးကောက်ပွဲ

တနိုင်ငံလုံးပြိုင်မည့်ပါတီများ မဲဆန္ဒနယ်အားလုံး၏ ၄ ပုံ ၁ ပုံ မပြိုင်နိုင်ပါက ပါတီဖျက်သိမ်းခံရမည်ဟု ပြင်ဆင်ပြဋ္ဌာန်း
DVB

အခြားထူးခြားသတင်းများ

မောင်တောဒေသ နယ်စပ်မှာ ARSA RSO အဖွဲတွေ စိမ့်ဝင်နေကြောင်း AA သတင်းထုတ်ပြန်
THN

ဘင်္ဂလားဒေ့ရှ်နယ်စပ် လုံခြုံရေးတိုးမြှင့်မည်ဟု AA ထုတ်ပြန်
DVB

လူမှုကွန်ရက်တွင် စစ်တပ်ယူနီဖောင်းနှင့် ရိုက်ထားသည့်ဓာတ်ပုံများ ဖျက်ပစ်ရန် အမိန့်ပေး
DVB

#RangoonScoutNetwork
Please open Telegram to view this post
VIEW IN TELEGRAM
👍52
⚫️ ရွှေပြည်သာတွင် 'ဒို့အရေး' အော်လို့ဆိုပြီး ဖမ်းဆီး

စက်တင်ဘာ ၁၆ ရက်နေ့ ည ၉ နာရီခန့်တွင် အမျိုးသား ၅ ဦး ရွှေပြည်သာမြို့နယ်ထဲ ဆိုင်ကယ်ပတ်စီးနေစဉ် ထန်းခြောက်ပင်မီးပွိုင့်အနီး၌ ဖမ်းဆီးခံလိုက်ရကြောင်း သိရှိရသည်။ အဆိုပါအမျိုးသားများမှာ အရက်မူးနေကြပြီး ထန်းခြောက်ပင်မီးပွိုင့်အရောက် 'ဒို့အရေး..' စသဖြင့် လျှောက်အော်ဟစ်ကြရာ အဆိုပါနေရာအနီး ဘီယာဆိုင်ထဲရှိနေကြသည့် အရပ်ဝတ်များ ထွက်လာပြီး ရိုက်နှက်ထုထောင်း ဖမ်းဆီးကာ ဒူးထောက်ခိုင်းထားခဲ့သည်။ ထို့နောက် အရပ်ဝတ်များမှ အကြမ်းဖက်စစ်သားများကို ခေါ်လိုက်သဖြင့် ရောက်ရှိလာကြကာ ရွှေပြည်သာရဲစခန်းသို့ ဖမ်းခေါ်သွားပြီး အမှုကြီးတပ်လိုက်ကြောင်း သိရသည်။ – Scout Yangon

23 Sep 2025
#RangoonScoutNetwork
🤬81
⚫️ ရွှေပြည်သာ ဒေသခံ ၄ ဦးကို ရွေးကောက်ပွဲ နှောက်ယှက်လို့ဆိုပြီး ဖမ်းဆီး

ရွှေပြည်သာမြို့နယ်၊ ၅ ရပ်ကွက်‌၌ နေထိုင်သူများဖြစ်ကြသည့် ကိုရဲသူရအောင် (၃၆ နှစ်)၊ ‌ကိုကျော်ဝဏ္ဏ (၂၅ နှစ်)၊ ကိုချစ်ဝင်း (၄၅ နှစ်) နှင့် ကိုပြေထွန်း (၃၄ နှစ်) တို့ ၄ ဦးကို စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဖမ်းဆီးပြီး ရွေးကောက်ပွဲနှောင့်ယှက်မှုကို ကာကွယ်သည့် ပုဒ်မ ၂၃ (က) ဖြင့် အမှုတပ်ထားကြောင်း အကြမ်းဖက်စစ်ကော်မရှင်မှ စက်တင်ဘာလ ၂၂ ရက်နေ့ညတွင် သတင်းထုတ်ပြန်ထားသည်။

23 Sep 2025
#RangoonScoutNetwork
🤬9
▪️မြောက်ဥက္ကလာ၊ ဓမ္မာရုံမှတ်တိုင်အနီး စစ်တပ်အဖွဲ့များမှ လူ ၁ ဦးကို ထိုးကြိတ်

ယနေ့ စက်တင်ဘာလ ၂၃ ရက် မနက် ၉ နာရီခွဲခန့်တွင် မြောက်ဥက္ကလာမြို့နယ်၊ ဓမ္မာရုံမှတ်တိုင်အနီး၌ အကြမ်းဖက် စစ်သား ၁ ယောက်နှင့် ပျူ ၁ ယောက်တို့က Passo အမျိုးအစား Taxi ကား ၁ စီးပေါ်ပါသည့် ခရီးသည် ၁ ဦးကို ဆွဲထုတ်ပြီး ထိုးကြိတ်နေခဲ့ကြကြောင်း သတင်းရရှိသည်။ အဆိုပါချိန်တွင် ၆ ကွေ့မှတ်တိုင်နှင့် ဓမ္မာရုံမှတ်တိုင်အနီး၌ အကြမ်းဖက်တပ်သားများနှင့် ယာဉ်ထိန်းအဖွဲ့များ ကားတားစစ်နေခဲ့ကြသည်။ ဖြစ်စဉ်အသေးစိတ်နှင့် နောက်ဆက်တွဲကို စုံစမ်းနေဆဲဖြစ်သည်။

23 Sep 2025
#RangoonScoutNetwork
🤬12
🔴 စမ်းချောင်း၊ ကျွန်းတောအလယ်ရပ်ကွက် ဧည့်စစ်

စက်တင်ဘာလ ၂၁ ရက်နေ့ ည ၁၀ နာရီခန့်တွင် စမ်းချောင်းမြို့နယ်၊ ကျွန်းတောအလယ်ရပ်ကွက်၊ ပုသိမ်လမ်း၊ မစ္စတာထုံချိုင်းဆိုင်ရှိသည့် တိုက်ထဲ အကြမ်းဖက်တပ်သားများ ဧည့်စစ်ဝင်သွားခဲ့ကြောင်း သိရှိရသည်။ လူတချို့ကို ဖမ်းဆီးသွားသည်ဟုလည်း ဆိုကြသည်။ – Sanchaung Scout Channel

23 Sep 2025
#RangoonScoutNetwork
🤬8👍1
🔴 သာကေတ၊ ၅ ရပ်ကွက် ဧည့်စစ်

ယနေ့ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် သာကေတမြို့နယ်၊ ၅ ရပ်ကွက်၊ သုမနလမ်းတဝိုက် ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ – Eagles News

23 Sep 2025
#RangoonScoutNetwork
5👍2
🖥 DAILY HIGHLIGHTS (24 SEP 2025)

🔴 စစ်ရေးထူးခြားသတင်းများ

ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ AA နဲ့ ARSA တိုက်ပွဲပြင်းထန်
DVB
လေးကေ့ကော်တိုက်ပွဲမှာ ထိုင်းဘက်သို့ လက်နက်ကြီးကျ
KT

🟢 နိုင်ငံရေးထူးခြားသတင်းများ

7 EAO Alliance ဘုံသဘောထားတွေ ချမှတ်
THN
NCA ၁၀ နှစ်ပြည့်အခမ်းအနားကျင်းပမည်
DVB

🌎 နိုင်ငံခြားရေးထူးခြားသတင်းများ

မင်းအောင်လှိုင် ရုရှား ခရီးစဥ် ထွက်ခွာသွား
THN

စစ်ကောင်စီ ရာထူးအပြောင်းအရွှေ့

ထိပ်တန်းစစ်ဘက်ရာထူးတွေ အပြောင်းအလဲဖြစ်
BBC

👎 ရွေးကောက်ပွဲ

ERO ခေါင်းဆောင်များကို ရွေးကောက်ပွဲကိစ္စနဲ့ စကမ အမှုဖွင့်
KT
ကြံ့ဖွတ်ပါတီက အမတ်လောင်း အများဆုံး ဝင်ပြိုင်
KT
တစညပါတီက အမတ်လောင်း ဒုတိယအများဆုံး ဝင်ပြိုင်
MPA
7 EAO Alliance ရွေးကောက်ပွဲကို ထောက်ခံ
DVB

#RangoonScoutNetwork
Please open Telegram to view this post
VIEW IN TELEGRAM
👍5🔥2🤬21
🟠 သာကေတ၊ ၁/အနော်မာ ရပ်ကွက် ဧည့်စစ်သတိ

ယနေ့ည သာကေတမြို့နယ်၊ ၁/အနော်မာ ရပ်ကွက်ထဲ ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သတင်းရရှိသည်။ လက်ရှိ ည ၉ နာရီခွဲခန့်တွင် ရပ်ကွက်ရုံးရှေ့၌ ဘေးတွဲသမား အများအပြားရောက်ရှိနေကြသည်။

25 Sep 2025
#RangoonScoutNetwork
👍5🔥2
▪️လှည်းကူး၊ အုန်းနှဲကုန်းကျေးရွာ အုပ်ကြီးရုံး ဗုံးခွဲတိုက်ခိုက်

ယနေ့ စက်တင်ဘာလ ၂၅ ရက် ည ၇ နာရီ ၁၀ မိနစ်ခန့်တွင် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ အုန်းနှဲကုန်းကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံးရှိ အုပ်ကြီးနှင့် လူမိုက်အဖွဲ့ကို ပစ်မှတ်ထား၍ ပြင်းအားမြင့်မိုင်း ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Yangon Army အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

25 Sep 2025
#RangoonScoutNetwork
👍197
🔴 ဗဟန်း၊ ဆရာစံမြောက်/ရှေ့ရပ်ကွက် ဧည့်စစ်

ယနေ့ည ၉ နာရီ ၂၀ မိနစ်ခန့်တွင် ဗဟန်းမြို့နယ်၊ ဆရာစံမြောက်/ရှေ့ရပ်ကွက်၊ အေးစေတီလမ်းထဲ အကြမ်းဖက်တပ်သားများနှင့် ထွေအုပ်အဖွဲ့များ ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ စစ် DC ၁ စီး၊ လူနာတင်ယာဉ် ၁ စီး၊ ထွေအုပ်ရုံး Hijet ၁ စီးပါပြီး ဦးချစ်မောင်လမ်းပေါ် နှစ်ကျိပ်ရှစ်ဆူဓမ္မာရုံရှေ့ ရပ်ထားကြောင်း သိရသည်။ – Bahan Scout & News Channel

26 Sep 2025
#RangoonScoutNetwork
🔥83
🖥 DAILY HIGHLIGHTS (26 SEP 2025)

🌎 နိုင်ငံခြားရေးထူးခြားသတင်းများ

မော်စကိုတွင် ပူတင်နှင့် မင်းအောင်လှိုင်တို့ တွေ့ဆုံ
MKN
ထိုင်းရောက် မြန်မာနိုင်ငံသားများ၏ CI စာအုပ်မှ Passport ပြောင်းလျှင် ထိုင်းနိုင်ငံတွင်းသာ အသုံးပြုခွင့်ပြုတော့
KT
Royal Shune Lei ကုမ္ပဏီနှင့် မြန်မာနိုင်ငံသား သုံးဦးကို အမေရိကန်ဒဏ်ခတ်ပိတ်ဆို့
MPA
မြန်မာနိုင်ငံသားများ ဗီဇာမလိုဘဲ မလေးရှားနိုင်ငံသို့ ၁၄ ရက်သွားရောက်လည်ပတ်ခွင့်ပြု
KT

💸 စီးပွားရေးထူးခြားသတင်းများ

ရန်ကုန်နှင့်မြို့ကြီးများဆီသို့ ထိုင်းကုန်စည်တင်သွင်းခွင့် စကမ ဆက်လက်ပိတ်ဆို့ထား
MN

☢️ နျူကလီးယား

မြန်မာနိုင်ငံမှာ နျူကလီးယား ဓါတ်အားပေး စက်ရုံ အငယ်စား တည်ဆောက်မယ်လို့ မင်းအောင်လှိုင်ပြော
THN

🚩 စစ်မှုထမ်းသတင်း

အသက်မပြည့်သေးသူများကို မှတ်ပုံတင်အတုများပြုလုပ်၍ စစ်တပ်က သင်တန်းပေး
AT

👎 ရွေးကောက်ပွဲ

စကမ ရွေးကောက်ပွဲကို အကြမ်းမဖက်သည့်နည်းဖြင့် KNU ဆန့်ကျင်မည်
DVB

အခြားထူးခြားသတင်းများ

တော်လှန်ရေးအရှိန်မြှင့်ရန် NUG ယာယီသမ္မတ နှင့် KNU ဥက္ကဋ္ဌတို့ သဘောတူညီ
AT

#RangoonScoutNetwork
Please open Telegram to view this post
VIEW IN TELEGRAM
👍5
🔴 လှိုင်သာယာ၊ ၁ ရပ်ကွက်ထဲ အစစ်အဆေးဝင်

ယနေ့ မနက် ၁၁ နာရီခန့်တွင် လှိုင်သာယာမြို့နယ်၊ ၁ ရပ်ကွက်၊ မြဝတီလမ်းနှင့် ဗိုလ်စိန်မှန်လမ်းထောင့်ရှိ နေအိမ်ထဲ အကြမ်းဖက် စစ်သား၊ ရဲ၊ ပျူနှင့် အုပ်ကြီးအဖွဲ့များ ဝင်ရောက် မွှေနှောက်နေကြောင်း သတင်းရရှိသည်။ စစ်ကား ၂ စီး၊ ရဲဆလွန်း ၁ စီး၊ အုပ်ကြီးကား ၁ စီးနှင့် အခြားအိမ်စီးကား ၁ စီးပါပြီး မြဝတီလမ်းပေါ် မြေတိုင်း ၁၁ ဘက်ခြမ်း၌ ရပ်ထားသည်။ နေအိမ်အနီး လမ်းပေါ်၌လည်း ၎င်းအဖွဲ့များ နေရာယူထားကြသည်။

27 Sep 2025
#RangoonScoutNetwork
🤬12
🔴 ဗဟန်း၊ ဆရာစံတောင်ရပ်ကွက် ဧည့်စစ်

ယနေ့ည ၉ နာရီ ၅၀ မိနစ်ခန့်တွင် ဗဟန်းမြို့နယ်၊ ဆရာစံတောင်ရပ်ကွက်၊ ဦးအောင်ဘလမ်းတဝိုက် အကြမ်းဖက်တပ်သားများ ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ အကြမ်းဖက် စစ်သား ၂ ယောက်ခန့်၊ ရဲ ၂ ယောက်ခန့်၊ ထွေအုပ်အဖွဲ့နှင့် အရပ်ဝတ် ၇ ယောက်ခန့်ပါကြောင်း သိရသည်။ – Bahan Scout & News Channel

27 Sep 2025
#RangoonScoutNetwork
🔥104
⚫️ လှိုင်သာယာတွင် ဘီယာဆိုင်မှ ထွက်လာသည့် လူငယ်များကို ဆွဲသွား

ယနေ့ည ၇ နာရီခန့်တွင် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ဆရာစံလမ်းရှိ 7 Color ဘီယာဆိုင်မှ လူငယ် ၃ ဦး ထွက်လာစဉ် အိမ်စီးကားအပြာရောင် ၁ စီးဖြင့် အရပ်ဝတ်လူ ၁ စု ရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။ – HTY Scout Channel

28 Sep 2025
#RangoonScoutNetwork
😢135🔥3🤬1
🖥 ရန်ကုန် တပတ်တာ အခြေအနေ

ယခု ရက်သတ္တပတ် [September 22 - 28, 2025] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၇ ခု ခွဲ၍ ဖော်ပြထားသည်။


▪️မြို့ပြပြောက်ကျား စစ်ဆင်ရေးများ
ကော့မှူးမြို့နယ်၊ ငှက်အော်စမ်းကျေးရွာအဝင် ...

▪️အဖမ်းအဆီးဖြစ်စဉ်များ
တော်လှန်ရေးလှုပ်ရှားသည်ဟု စွပ်စွဲကာ လိုက်လံဖမ်းဆီး ...

▪️ယာဉ်ထိန်းရဲကို ဒရွတ်တိုက် ဆွဲခေါ်
Suzuki Pickup ၁ စီးကို တားစစ်နေစဉ် ...

▪️ပြည်နှင်ဒဏ်ပေးခံရသူများ ပြန်လည်ရောက်ရှိ
အမေရိကန်နိုင်ငံထဲ ရာဇဝတ်မှုကျူးလွန်ခဲ့သည့် မြန်မာနိုင်ငံသား ၇၇ ဦး ...

➡️ အပြည့်အစုံဖတ်ရှုရန် နှိပ်ပါ

#RangoonScoutNetwork #YGN_Weekly
Please open Telegram to view this post
VIEW IN TELEGRAM
👍42
2025/10/19 17:38:07
Back to Top
HTML Embed Code: