Warning: Undefined array key 0 in /var/www/tgoop/function.php on line 65

Warning: Trying to access array offset on value of type null in /var/www/tgoop/function.php on line 65
24853 - Telegram Web
Telegram Web
⚫️ တောင်ဒဂုံ၊ ၇၀ ရပ်ကွက် ပွဲဈေးအနီး လူလိုက်ဆွဲ

ယနေ့ည ၉ နာရီခန့်တွင် တောင်ဒဂုံမြို့နယ်၊ ၇၀ ရပ်ကွက်၊ ပွဲဈေးအနီး လူငယ် ၃ ဦး လမ်းလျှောက်နေစဉ် အမှောင်ထဲမှ အရပ်ဝတ်များ ထွက်လာပြီး ဖမ်းဆွဲသွားကြောင်း သတင်းရရှိသည်။ ဖမ်းသည့်နေရာအနီးတွင် မီးသတ်ရှိပြီး စစ်ကားများ ရပ်ထားကြောင်းလည်း သိရသည်။

16 Sep 2025
#RangoonScoutNetwork
🤬6🔥1
⚫️ သင်္ဃန်းကျွန်း၊ ကားကြီးဂိတ်မှတ်တိုင်အနီး လူဖမ်းဆီး

စက်တင်ဘာလ ၁၄ ရက်နေ့ ညနေ ၆ နာရီခွဲခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ကားကြီးဂိတ်မှတ်တိုင်အနီး ယောကျ်ားလေး ၁ ဦး မတ်တပ်ရပ်လျက်ရှိနေစဉ် အကြမ်းဖက် စစ်ယူနီဖောင်းဝတ် ၁ ယောက်နှင့် အရပ်ဝတ် ၂ ယောက်တို့ ရောက်ရှိလာပြီး Mark II အဖြူရောင် ၁ စီးပေါ် ဆွဲတင် ဖမ်းခေါ်သွားကြောင်း သိရှိရသည်။ – Scout Yangon

16 Sep 2025
#RangoonScoutNetwork
🤬71
⚫️ မြောက်ဒဂုံ၊ City Mall အနီး လူလိုက်ဆွဲ

စက်တင်ဘာ ၁၄ ရက်နေ့ ည ၇ နာရီခန့်တွင် မြောက်ဒဂုံမြို့နယ်၊ City Mall အနီး ပင်လုံလမ်းပေါ် ယောကျ်ားလေး ၃ ဦး လမ်းလျှောက်သွားလာနေစဉ် Taxi ၁ စီးဖြင့် သေနတ်ကိုင်ထားသည့် အရပ်ဝတ်များ ရုတ်တရက်ရောက်ရှိလာပြီး လူငယ်များကို ခြိမ်းခြောက်၍ ကားပေါ်တက်ခိုင်းကာ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရသည်။ – Scout Yangon

16 Sep 2025
#RangoonScoutNetwork
🤬18
🖥 DAILY HIGHLIGHTS (16 SEP 2025)

🌎 နိုင်ငံခြားရေးထူးခြားသတင်းများ

တရုတ်- အာဆီယံ ကုန်စည်ပြပွဲတက်ဖို့ စစ်ကော်မရှင် ဝန်ကြီးချုပ် တရုတ်ရောက်နေ – BBC

မြန်မာအပါအဝင် ၆ နိုင်ငံကို အမေရိကန်က ခရီးသွားလာမှု အန္တရာယ်ရှိအမြင့်ဆုံးအဆင့် သတ်မှတ် – DVB

စစ်ကောင်စီ ရာထူးအပြောင်းအရွှေ့

ဒုတိယဗိုလ်ချုပ်ကြီး ၆ ဦးနဲ့ ဗိုလ်ချုပ် ၁၀ ဦးကို အနားပေး – BBC

👎 ရွေးကောက်ပွဲ

ရွေးကောက်ပွဲ မကျင်းပမည့် နယ်မြေစာရင်း ကြေညာ – DVB

ပါတီဝင်များ စစ်ကော်မရှင်ကပြုလုပ်သည့် ရွေးကောက်ပွဲ၌ ပါဝင်လျှင် အရေးယူမည်ဟု NLD ထုတ်ပြန် – AT

စစ်ဗိုလ်ချုပ်များနှင့် ဝန်ကြီး ၁၀ ဦးထက်မနည်း ကြံ့ခိုင်ရေးပါတီမှ ဝင်ပြိုင်မည် – DVB

ယာယီနေရပ်စွန့်ခွာနေရသူများနှင့် မြို့နယ်ပြင်ပရောက်နေသူများ နိုဝင်ဘာလ ကြိုတင်မဲပေးရမည်ဟု ပြော – DVB

အခြားထူးခြားသတင်းများ

စစ်အာဏာသိမ်းသည့်နေ့ ဖြစ်စဉ်အပြည့်အစုံကို တရားရုံးတွင် သမ္မတဦးဝင်းမြင့်က မှတ်တမ်းတင် ထွက်ဆိုထား – KT

AA က ၁၃ နှစ်ကြာ ပိတ်ထားခဲ့သော ဂျာမေဗလီကြီးကို ပြန်လည်ဖွင့်လှစ်ပေး – KT

#RangoonScoutNetwork
Please open Telegram to view this post
VIEW IN TELEGRAM
👍72
🟠 တောင်ဥက္ကလာ၊ ၁၀ ရပ်ကွက် ဧည့်စစ်သတိ

ယနေ့ည တောင်ဥက္ကလာမြို့နယ်၊ ၁၀ ရပ်ကွက်ထဲ ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သတင်းရရှိသည်။

17 Sep 2025
#RangoonScoutNetwork
🔥7😢1
⚫️ အင်းစိန်၊ ဘိုကုန်းဈေးအနီး ဆိုင်ကယ်ကယ်ရီမောင်းသူကို ဖမ်းခေါ်

ယမန်နေ့ စက်တင်ဘာ ၁၆ ရက် ည ၉ နာရီ ၂၀ မိနစ်ခန့်တွင် အင်းစိန်မြို့နယ်၊ ဘိုကုန်းဈေးအနီး ဗဟိုလမ်းနှင့် မင်းကွန်းကျောင်းလမ်းထိပ်ရှိ ဆိုင်ကယ်ဂိတ်ထဲ အကြမ်းဖက်တပ်သားများ အစစ်အဆေးလုပ်ပြီး အသက် ၃၀ နှစ်အရွယ် ကယ်ရီသမား ၁ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

17 Sep 2025
#RangoonScoutNetwork
🤬42
⚫️ ယုဇနပလာဇာအနီး လူငယ်များကို လိုက်ဆွဲ

စက်တင်ဘာလ ၁၀ ရက်နေ့ ည ၈ နာရီဝန်းကျင်တွင် တာမွေမြို့နယ်၊ ဗညားဒလလမ်းပေါ် မအူကုန်းလမ်းကျယ်ထိပ် (ယုဇနပလာဇာရှေ့) ၁၁၉ ဆိုင်ဘေးရှိ လက်ဘက်ရည်ဆိုင်အနီး၌ ယောကျ်ားလေး ၃ ဦး ထိုင်နေစဉ် Alphard ၁ စီးဖြင့် အရပ်ဝတ်လူ ၁ စု ရောက်ရှိလာပြီး ခဏလိုက်ခဲ့ဟု ဆိုကာ ဆွဲခေါ်၍ လက်ထိပ်ခတ် ဖမ်းခေါ်သွားကြောင်း သတင်းရရှိသည်။ ထို့နောက် မိသားစုမှ သတင်းကြား၍ လိုက်လံစုံစမ်းရာ စက်တင်ဘာ ၁၁ ရက်နေ့ မနက် ၁ နာရီခန့်တွင် မြောက်ဥက္ကလာမြို့နယ်၊ ဝေဘာဂီဘက်၌ ပြန်တွေ့ပြီး သိန်း ၄၀ ခန့်ဖြင့် ပြန်ရွေးလိုက်ရကြောင်း သိရသည်။

17 Sep 2025
#RangoonScoutNetwork
🤬112🔥2😢1
🔴 မြောက်ဥက္ကလာ၊ ဃ ရပ်ကွက် ဧည့်စစ်

ယနေ့ည ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် မြောက်ဥက္ကလာမြို့နယ်၊ ဃ ရပ်ကွက်၊ ဝေပုလ္လဘက်ထဲ ဧည့်စစ်ဝင်နေကြောင်း ကနဦးသတင်းရရှိသည်။

17 Sep 2025
#RangoonScoutNetwork
👍43
🔴 လှိုင်သာယာ၊ ၃ ရပ်ကွက် ဧည့်စစ်

ယနေ့ည ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် လှိုင်သာယာမြို့နယ်၊ ၃ ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းရှိ အဆောင်များထဲ ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ – HTY Scout Channel

17 Sep 2025
#RangoonScoutNetwork
7
⚫️ စမ်းချောင်း၊ ကျွန်းတောပွဲဈေးမှာ လူလိုက်ဆွဲ

စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်း ပွဲဈေးတွင် လူငယ် ၁၂ ဦးကို အကြမ်းဖက်တပ်သားများက မသင်္ကာမှုဖြင့် ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ကနဦး သိရှိရသည်။ စက်တင်ဘာ ၁၆ ရက်နေ့တွင် ၄ ဦးနှင့် ၁၇ ရက်နေ့တွင် ၈ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ – Sanchaung Scout Channel

18 Sep 2025
#RangoonScoutNetwork
8👍3🔥3🤯1
🟠 အင်းစိန်၊ ဘိုကုန်းဈေးတဝိုက် ဧည့်စစ်သတိ

ယနေ့ည အင်းစိန်မြို့နယ်၊ ဘိုကုန်းဈေးတဝိုက် ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သတင်းရရှိသည်။

18 Sep 2025
#RangoonScoutNetwork
🔥2
⚫️ မင်္ဂလာတောင်ညွန့်၊ လမ်း ၅ ခွဆုံအနီး လူလိုက်ဆွဲ

ယနေ့ ည ၇ နာရီခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ လမ်း ၅ ခွဆုံအနီး ယောကျ်ားလေး ၄ ဦးရှိနေစဉ် စစ်ကား ၁ စီးဖြင့် အကြမ်းဖက်တပ်သားများ ရောက်ရှိလာပြီး လက်ထိပ်ခတ်ဖမ်းဆီးကာ ကားပေါ်ဆွဲတင် ခေါ်ဆောင်သွားကြောင်း သိရှိရသည်။ – MGTN Spring News & Scout Channel

18 Sep 2025
#RangoonScoutNetwork
🔥5
🔴 ရွှေပြည်သာ၊ ၁၃ ရပ်ကွက် ဧည့်စစ်

ယနေ့ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် ရွှေပြည်သာမြို့နယ်၊ ၁၃ ရပ်ကွက်၊ ပန်းခြံ ၉ ၌ ဧည့်စစ်ဝင်သွားခဲ့ကြောင်း သိရှိရသည်။ – SPT Information

18 Sep 2025
#RangoonScoutNetwork
👍3
🖥 DAILY HIGHLIGHTS (18 SEP 2025)

🔴 စစ်ရေးထူးခြားသတင်းများ

ဗန်းမောက်မြို့အနီး တိုက်ပွဲဖြစ်၊ KIA ပူးပေါင်းတပ်က စစ်တပ်ကာကင်းစခန်းများ သိမ်းပိုက် – DVB

🟢 နိုင်ငံရေးထူးခြားသတင်းများ

လားရှိုးတွင် စစ်ကောင်စီနှင့် MNDAA ထပ်မံတွေ့ဆုံ – MKN

🌎 နိုင်ငံခြားရေးထူးခြားသတင်းများ

အမေရိကန်က မြန်မာ အပါအဝင် ၅ နိုင်ငံကို မူးယစ်ဆေးဝါး တိုက်ဖျက်ရန် ပျက်ကွက်သော နိုင်ငံများအဖြစ် သတ်မှတ်ကြေညာ – KT

မူးယစ်ဆေးဝါး တင်သွင်းမှုနှင့်ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်စွပ်စွဲချက် AA တုံ့ပြန် – AA

💸 စီးပွားရေးထူးခြားသတင်းများ

၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနီးမြုပ်နှံမှု ကန်ဒေါ်လာ သန်း ၁၃၀ နီးပါးသာရှိ – DVB

👎 ရွေးကောက်ပွဲ

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာလိုသူများ လျှောက်ထားနိုင်ဟု စကမ ကြေညာ – DVB

အခြားထူးခြားသတင်းများ

CDM ဝန်ထမ်းများကို စစ်ကောင်စီက ခြိမ်းခြောက် အကြွေးတောင်း – DVB

မြန်မာပြည်သူများ၏ အင်တာနက်အသုံးပြုမှုအားလုံးကို တရုတ်နိုင်ငံက အပြည့်အ၀ ထိန်းချုပ်ခွင့်ရရှိသွားဟု ဆို – KT

စစ်ကော်မရှင်နှင့် အပေါင်းအပါများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူမည်ဟု NUG ထုတ်ပြန် – DVB

#RangoonScoutNetwork
Please open Telegram to view this post
VIEW IN TELEGRAM
👍32
🔴 သန်လျင်၊ ကမ်းနားဈေးတဝိုက် ဧည့်စစ်ရှာဖွေ

ယနေ့ မနက် ၁၀ နာရီခွဲခန့်တွင် သန်လျင်မြို့နယ်၊ ကမ်းနားဈေးတဝိုက် အကြမ်းဖက်တပ်သားများ ဧည့်စစ်ဝင် ရှာဖွေနေကြကြောင်း သိရှိရသည်။ စစ် DC ၃ စီး ပါကြောင်း သိရသည်။ – Thanlyin Media

19 Sep 2025
#RangoonScoutNetwork
👍6
▪️အရှေ့ဒဂုံ၊ ၁၂၄ ရပ်ကွက်ရုံးကို ဗုံးခွဲတိုက်ခိုက်

ယနေ့ စက်တင်ဘာ ၁၉ ရက် မနက် ၂ နာရီ ၁၉ မိနစ်ခန့်တွင် ရန်ကုန်တိုင်း၊ အရှေ့ဒဂုံမြို့နယ်၊ ၁၂၄ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးကို ပစ်မှတ်ထား၍ Operation Flame နှင့် Yangon UG People Army အဖွဲ့တို့က လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ 'Operation Flame - Fire Power အထူးစစ်ဆင်ရေး' စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါအချိန် ၁၂၄ ရပ်ကွက်နှင့် အနီးတဝိုက်မှ ကျယ်လောင်သည့်ဗုံးပေါက်ကွဲသံထွက်လာခဲ့ပြီး ဗုံးပေါက်သည့်နေရာသို့ စစ်ကား ရဲကား အရေးပေါ်ကားများ မောင်းသွားခဲ့ကြောင်း သတင်းရရှိသည်။ ထို့နောက် ၁၂၄ ရပ်ကွက်နှင့် နီးစပ်ရပ်ကွက်များထဲ ကားများ ဆိုင်ကယ်များဖြင့် ပတ်နေခဲ့သည်။ မနက် ၉ နာရီခန့်တွင်လည်း ၎င်းရပ်ကွက်ရုံးတဝိုက် အကြမ်းဖက်တပ်သားများ လမ်းပိတ်ကာ ဖြတ်သွားဖြတ်လာများကို အစစ်အဆေးလုပ်နေခဲ့ကြောင်း သိရသည်။

19 Sep 2025
#RangoonScoutNetwork
19👍4🔥1
⚫️ စကမ ရွေးကောက်ပွဲကို ဆန့်ကျင်လှုပ်ရှားလို့ဟုဆိုကာ လူငယ်များကို ဖမ်းဆီး

ယမန်နေ့ စက်တင်ဘာလ ၁၈ ရက် ညနေ ၅ နာရီခန့်တွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ၆ ရပ်ကွက်နေ ယောကျ်ားလေး ၂ ဦးကို ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း အကြမ်းဖက်စစ်ကော်မရှင်မှ သတင်းထုတ်ပြန်ထားသည်။

လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ရွှေလင်ဗန်း၊ ကျန်စစ်သားလမ်းနှင့် ဦးဖိုးလှိုင်လမ်းထောင့် လမ်းညွန်ဆိုင်းဘုတ်၌ စက်တင်ဘာ ၁၇ ရက်နေ့ မနက် ၆ နာရီခန့်တွင် စကမ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် စတစ်ကာစာသားများ ကပ်သွားသောကြောင့် ဖမ်းဆီးခဲ့သည်ဟု ဖော်ပြထားသည်။

ဖမ်းဆီးခံရသည့် လူငယ် ၂ ဦးမှာ အသက် ၂၄ နှစ်အရွယ် ကိုအောင်ရဲထွဋ် နှင့် အသက် ၂၃ နှစ်အရွယ် ကိုရန်နိုင်ကြည်ဝင်း တို့ဖြစ်ကြောင်း သိရသည်။

19 Sep 2025
#RangoonScoutNetwork
🤬29
🔴 လှိုင်သာယာ၊ ၁ ရပ်ကွက်နှင့် ၁၀ ရပ်ကွက် ဧည့်စစ်

ယမန်နေ့ စက်တင်ဘာ ၁၉ ရက် ည ၁၀ နာရီခန့်တွင် လှိုင်သာယာမြို့နယ် (အရှေ့ပိုင်း) ၁ ရပ်ကွက် နှင့် (အနောက်ပိုင်း) ၁၀ ရပ်ကွက်တို့၌ အကြမ်းဖက်တပ်သားများ ဧည့်စစ်ဝင်သွားခဲ့ကြောင်း သိရှိရသည်။ ဧည့်မတိုင်ထားသူ အများအပြားကို ဖမ်းခေါ်သွားခဲ့ကြောင်းလည်း သိရသည်။ – HTY Scout Channel

20 Sep 2025
#RangoonScoutNetwork
👍6🔥2
▪️မင်းအောင်လှိုင် ရန်ကုန်ရောက်နေ

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယမန်နေ့ စက်တင်ဘာလ ၂၀ ရက်တွင် ရန်ကုန်ရောက်ရှိနေခဲ့ကြောင်း စစ်ကော်မရှင် သတင်းထုတ်ပြန်ချက်မှ သိရှိရသည်။

မှော်ဘီမြို့နယ်ရှိ စစ်တပ် ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်ထဲ ဝင်ရောက်လည်ပတ်သွားကြောင်း သိရသည်။

ယမန်နေ့က မှော်ဘီမြို့နယ်တွင်း ပြည်လမ်းတလျှောက် အကြမ်းဖက်တပ်သား အများအပြားချထားခဲ့သည်။

၎င်းမရောက်လာမှီ ၂ ရက်ခန့် အလိုကပင် မှော်ဘီမြို့နယ်၊ ကျေးရွာအချို့၌ အကြမ်းဖက်တပ်သားများ ယာယီတပ်စွဲနေခဲ့သည်။

21 Sep 2025
#RangoonScoutNetwork
👍10🔥5
2025/10/19 20:57:50
Back to Top
HTML Embed Code: