Warning: Undefined array key 0 in /var/www/tgoop/function.php on line 65

Warning: Trying to access array offset on value of type null in /var/www/tgoop/function.php on line 65
- Telegram Web
Telegram Web
🔴 စမ်းချောင်း၊ မုန့်မြောက်ရပ်ကွက် ဧည့်စစ်

ယနေ့ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ်၊ မုန့်လက်ဆောင်းကုန်းမြောက်ရပ်ကွက်၊ ဝေဠုဝန်လမ်းကျယ်နှင့် ရန်ပြိုလမ်းထိပ်အနီး မိုးကွန်ဒိုထဲ အကြမ်းဖက်တပ်သားများ ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ ရဲဆလွန်း ၁ စီး၊ စစ် SC ၁ စီး၊ အိမ်စီးကား ၂ စီးခန့်ပါကြောင်း သိရသည်။ – Sanchaung Scout Channel

14 Oct 2025
#RangoonScoutNetwork
❤1👍1
⚫️ သာကေတ၊ Capital အနီးရှိ လူငယ်များကို ဝင်ဆွဲသွား

ယမန်နေ့ အောက်တိုဘာလ ၁၄ ရက် ည ၇ နာရီခန့်တွင် သာကေတမြို့နယ်၊ Capital Hyper Market မျက်စောင်းထိုး၌ ယောကျ်ားလေး ၃ ဦး ရှိနေစဉ် Honda Fit ၁ စီးဖြင့် လူတစုရောက်လာပြီး ကားပေါ်ဆွဲတင် ဖမ်းခေါ်သွားကြောင်း ကနဦးသတင်းရရှိသည်။

15 Oct 2025
#RangoonScoutNetwork
👍1
▪️မင်္ဂလာဒုံ ကြံ့ဖွံ့ရုံးကို ဗုံးခွဲတိုက်ခိုက်

ယနေ့ အောက်တိုဘာ ၁၅ ရက် မနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းပေါ်ရှိ အကြမ်းဖက်စစ်တပ်၏ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးကို ပစ်မှတ်ထား၍ Yangon Army နှင့် အနောက်ပိုင်းခရိုင် ပကဖ တို့က ပြင်းအားမြင့်မိုင်း ၁ လုံး၊ လက်ပစ်ဗုံး ၂ လုံးတို့ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

15 Oct 2025
#RangoonScoutNetwork
❤16👍8👌2🔥1
🟠 ဗဟန်း၊ ဆရာစံမြောက်/နောက်ရပ်ကွက် ဧည့်စစ်သတိ

ယနေ့ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် ဗဟန်းမြို့နယ်၊ ဆရာစံမြောက်/နောက်ရပ်ကွက်၊ အနောက်ဗဟိုလမ်းထဲ စစ် DC ၁ စီးဖြင့် အကြမ်းဖက်စစ်သားများ ရောက်ရှိနေကြောင်း သိရှိရသည်။ လူနာတင်ယာဉ် ၁ စီးလည်း ပါသည်။ ဧည့်စစ်ဝင်ဖို့ ရောက်နေသည်ဟု ဆိုသည်။ ခဏအကြာတွင် စစ်သား ၂ ယောက်ခန့် ဈေးကွေ့ဘက်သို့ထွက်သွားကြောင်း သိရသည်။ – Bahan Scout & News Channel

15 Oct 2025
#RangoonScoutNetwork
👍7
🟠 ကြည့်မြင်တိုင်၊ ဘောဂရပ်ကွက် ဧည့်စစ်သတိ

ယနေ့ည ကြည့်မြင်တိုင်မြို့နယ်၊ ဘောဂရပ်ကွက်ထဲ ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သိရှိရသည်။ ဘောဂရပ်ကွက်အနီးတဝိုက် ဗားကရာကုန်းများပေါ်တွင်လည်း ည ၉ နာရီ ၂၀ မိနစ်ခန့်က ကင်းပုန်းများ ချထားကြောင်း သိရသည်။ – Kyimyindaing Scout Channel

15 Oct 2025
#RangoonScoutNetwork
👍8
🔴 ကြည့်မြင်တိုင်၊ ဈေးကြီးရပ်ကွက် ဧည့်စစ်

ယနေ့ည ၉ နာရီ ၅၀ မိနစ်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးရပ်ကွက်၊ ရတနာပုံလမ်းထဲ အကြမ်းဖက်တပ်သားများ ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ – RSG

15 Oct 2025
#RangoonScoutNetwork
👍11❤2
🖥 DAILY HIGHLIGHTS (15 OCT 2025)

🟢 နိုင်ငံရေးထူးခြားသတင်းများ

NCA ၁၀ နှစ်ပြည့်အခမ်းအနားမတက်ဖို့ အပစ်ရပ်လက်မှတ်ထိုးလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့က နိုင်ငံတကာကို တိုက်တွန်း – BBC

NCA ၁၀ နှစ်ပြည့် လက်နက်ကိုင် မတောင်းဆိုဖို့ စစ်ခေါင်းဆောင် ဆို – BBC
•
🌎 နိုင်ငံခြားရေးထူးခြားသတင်းများ

မြန်မာမှာ စည်းမဲ့ကမ်းမဲ့ အခြေအနေတွေ ပေါ်ပေါက်လာမှာကို မလိုလားဘူးလို့ တရုတ်အထူးကိုယ်စားလှယ်ပြော – BBC
•
💸 စီးပွားရေးထူးခြားသတင်းများ

ကမ္ဘာ့ရွှေဈေး စံချိန်တင်မြင့်တက်ပြီး ပြည်တွင်း ရွှေဈေး ကျပ် ၈၅ သိန်းကျော်လာ – DVB

ပုဂ္ဂလိကကဏ္ဍမှ အလုပ်သမားများအား ထောက်ပံ့ကြေး တရက် ၁,၀၀၀ ကျပ်ပေးရန် စကမ ကြေညာ – DVB
•
❗️ ကျားဖြန့်

မြို့ကြီးများတွင် အွန်လိုင်း ငွေလိမ်ဂိုဏ်းများ ဆက်လက်တိုးပွားနေ – MPA

ကျားဖြန့်စင်တာတွေနဲ့ပတ်သက်တယ်ဆိုပြီး စီးပွားရေးလုပ်ငန်းစုတွေကို ဗြိတိန်နဲ့ အမေရိကန် ပူးတွဲဒဏ်ခတ် – BBC
•
❌ စစ်ကောင်စီ ရာထူးအပြောင်းအရွှေ့

ဒုချုပ်ရဲ့ နိုင်ငံရေးတာဝန်တွေ ဦးညိုစောလွှဲယူ – BBC
•
👎 ရွေးကောက်ပွဲ

စကမ ရွေးကောက်ပွဲသို့ အာဆီယံက စောင့်ကြည့်လေ့လာရေးအဖွဲ့များ စေလွှတ်ဖွယ်မရှိဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ထုတ်ပြော – KT

တက်လာမယ့်အစိုးရနဲ့ ကော်မရှင်တွေက ကြားဖြတ်ရွေးကောက်ပွဲတွေ ဆက်လုပ်လိမ့်မယ်လို့ မအလပြော – BBC

#RangoonScoutNetwork
Please open Telegram to view this post
VIEW IN TELEGRAM
👍6❤2
▪️ရန်ကုန်မြို့တွင်း လမ်းဘေးဈေးဆိုင်များကို အသည်းအသန် လိုက်ဖျက်ခိုင်းနေ

ရန်ကုန်မြို့တွင်းရှိ ပျံကျဈေးများ လမ်းဘေးဈေးသည်များကို အောက်တိုဘာ ၁၁ ရက်နေ့မှ စ၍ စကမ စည်ပင်က လိုက်လံဖျက်သိမ်းခိုင်းနေကြောင်း သိရှိရသည်။

အိမ်နှင့်ဆိုင်တွဲထားသည့် ဆိုင်များနှင့် တိုက်မြေညီထပ်တွင် ဖွင့်ထားသည့်ဆိုင်ခန်းများကိုလည်း အဖီများ ဖျက်ချခိုင်းပြီး ကားလမ်းနှင့်မလွတ်ပါက ဖျက်သိမ်းခိုင်းသည်။

ကမာရွတ်မြို့နယ် လှည်းတန်းတဝိုက်ရှိ လမ်းဘေးဈေးဆိုင်များ၊ သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုကုန်းကျော်တံတားအဆင်းရှိ ပျံကျဈေးဆိုင်များ၊ တာမွေမြို့နယ် အာသောကဘက်တဝိုက်နှင့် တာမွေဈေးတဝိုက်ရှိ ဈေးဆိုင်ခန်းများ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်လေးညဈေးတလျှောက် ဆိုင်ခန်းများ၊ မှော်ဘီ-ထောက်ကြန့်လမ်းတလျှောက်ရှိ ဈေးဆိုင်များ စသည်တို့ကို လိုက်ဖျက်ခိုင်းခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့ထဲ လှည့်ပတ်သွားလာစဉ် လမ်းဘေးဈေးသည်များ၊ ဈေးဆိုင်ခန်းများကို တွေ့၍ မြို့အလှအပပျက်စေသည်ဟု ဆိုပြီး 'နောက်တခါ သူလာသည့်အခါ မမြင်ချင်ဘူး' ဟုဆိုကာ ပြောသွားသောကြောင့် အသည်းအသန် လိုက်လံဖျက်သိမ်းနေခြင်းဖြစ်ကြောင်းလည်း သိရသည်။


Source: Khit Thit

16 Oct 2025
#RangoonScoutNetwork
🤬15❤1
▪️သမီးဆိုး (ခ) သက်ကိုကို ကို ၅၀၅ (က) ဖြင့်ပါ အမှုတပ်

မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေသည့် အွန်လိုင်းဆယ်လီ သမီးဆိုး (ခ) သက်ကိုကို ကို ရန်ကုန်၊ မင်္ဂလာဒုံလေဆိပ်၌ အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဖမ်းဆီးပြီးနောက် အမှုတပ်ရာတွင် ၅၀၅ (က) ပါ တပ်လိုက်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ကြေညာထားသည်။

ကနဦးတွင် ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့်သာ အမှုဖွင့်ထားကြောင်း ဆိုထားသော်လည်း ယခု နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ဆိုသည့် ၅၀၅ (က) ပါ ထပ်တပ်လိုက်ခြင်းဖြစ်သည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ကြူကြူလှ နှင့် စစ်တပ်အရာရှိများကို ပုတ်ခတ်ပြောဆိုလို့ဟု သိရသည်။

သမီးဆိုးသည် လူသိများသည့် အနုပညာရှင်များ၏ အတွင်းရေးများကို ဖော်ထုတ်ပြောဆိုရင်း အွန်လိုင်းဆယ်လီဖြစ်လာခဲ့သူဟု ဆိုကြပြီး အမေရိကန်နိုင်ငံသား ခံယူထားကြောင်းလည်း သိရသည်။


16 Oct 2025
#RangoonScoutNetwork
▪️ဗိုလ်တထောင်မြို့နယ် ၄၆ လမ်းထဲ သေနတ်ပစ်ဖောက်

ယမန်နေ့ အောက်တိုဘာ ၁၅ ရက် ည ၉ နာရီ ၄၀ မိနစ်ခန့်တွင် ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ၄၆ လမ်း အပေါ်ဘလောက်ထဲ သေနတ်ပစ်ဖောက်မှုဖြစ်ပွားခဲ့သည်။

အရပ်ဝတ်ရဲ ၂ ယောက်နှင့် ပျူစောထီး ၅ ယောက်ခန့်တို့ ၄၆ လမ်းထဲ ဝင်ရောက်လာကြပြီး ပစ်ဖောက်သွားခြင်း ဖြစ်သည်။

ပစ်ဖောက်ပြီးနောက် Taxi ၁ စီးကို တားကာ ကားပေါ်ပါသည့် ခရီးသည်ကို နှင်ချပြီးနောက် ကားပေါ်တက်၍ မောင်းထွက်သွားကြကြောင်း သိရသည်။

Source: Botahtaung Scout Channel

16 Oct 2025
#RangoonScoutNetwork
🤬5👍2🔥2❤1
▪️အင်းစိန်ထောင်တွင်း နိုင်ကျဉ်းများကို နှိပ်စက်၊ ကြိုတင်မဲပေးဖို့လည်း ခြိမ်းခြောက်

အင်းစိန်ထောင်တွင် နှစ်ကြီးပြစ်ဒဏ်ကျခံထားရသည့် နိုင်ငံရေးအကျဉ်းသားတချို့ကို ထောင်ဝန်ထမ်းများက အိပ်ဆောင်မှ ဆွဲထုတ်၍ ခြေချင်းခတ်ပြီး ရိုက်နှက်နှိပ်စက်နေကြောင်း DVB သတင်းဌာနမှ သိရှိရသည်။

စက်တင်ဘာလကစပြီး ရိုက်နှက်နေခြင်းဖြစ်ပြီး မကွေးထောင်ကနေ ပြောင်းလာသည့် နှစ်ကြီးသမားများကို ပစ်မှတ်ထား နှိပ်စက်နေခြင်းဖြစ်ကြောင်း သိရသည်။

ERO အဖွဲ့နှင့် တော်လှန်ရေးအဖွဲ့များမှ ဖမ်းဆီးခံလူငယ်များကိုလည်း မကြာခဏခေါ်ထုတ်ပြီး နှိပ်စက်ရိုက်နှက်နေသည်။

ဒီဇင်ဘာလတွင်းလုပ်မည့် စကမ ရွေးကောက်ပွဲအတွက်လည်း ကြိုတင်မဲထည့်ဖို့အတွက် ထောင်သားများကို ဖိအားပေးခိုင်းစေနေကြောင်း သိရှိရသည်။ မထည့်သူများကို တိုက်ပိတ်မည့်အပြင် ထောင်တွင်းပြစ်ဒဏ်များလည်း ပေးမည်ဟု ခြိမ်းခြောက်နေကြောင်း သိရသည်။

Source: DVB-1, DVB-2

16 Oct 2025
#RangoonScoutNetwork
🤬20🔥1
🔴 ဗဟန်း၊ ဆရာစံမြောက်/နောက်ရပ်ကွက် ဧည့်စစ်

ယမန်နေ့ အောက်တိုဘာလ ၁၅ ရက် ည ၁၀ နာရီခန့်တွင် ဗဟန်းမြို့နယ်၊ ဆရာစံမြောက်/နောက်ရပ်ကွက်၊ တင့်ဆန်းလမ်းနှင့် ကျောင်းကမ်းကြားရှိ နိဗ္ဗာန်ကျောင်းလမ်းထဲ အကြမ်းဖက်တပ်သားများ ဧည့်စစ်ဝင်သွားခဲ့ကြောင်း သိရှိရသည်။ – Bahan Scout & News Channel

16 Oct 2025
#RangoonScoutNetwork
👍3
🟠 စမ်းချောင်း၊ ဟုမ်းလမ်းဘူတာရပ်ကွက် အစစ်အဆေးသတိ

ယနေ့ည ၉ နာရီ ၄၀ မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၊ ဟုမ်းလမ်းပေါ် အကြမ်းဖက်စစ်သားများ ဝင်ရောက်နေကြောင်း သိရှိရသည်။ အစစ်အဆေးဝင်မည့်ပုံရသည်။ – Sanchaung Scout Channel

16 oct 2025
#RangoonScoutNetwork
👍3🔥2
RSN WEB
🟠 စမ်းချောင်း၊ ဟုမ်းလမ်းဘူတာရပ်ကွက် အစစ်အဆေးသတိ ယနေ့ည ၉ နာရီ ၄၀ မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၊ ဟုမ်းလမ်းပေါ် အကြမ်းဖက်စစ်သားများ ဝင်ရောက်နေကြောင်း သိရှိရသည်။ အစစ်အဆေးဝင်မည့်ပုံရသည်။ – Sanchaung Scout Channel 16 oct 2025 #RangoonScoutNetwork
🔴 စမ်းချောင်း၊ ဟုမ်းလမ်းဘူတာရပ်ကွက် ဧည့်စစ်

ယနေ့ည ၉ နာရီ ၅၀ မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၊ ဟုမ်းလမ်း ၁ လမ်းထဲ အကြမ်းဖက်တပ်သားများ ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ – Sanchaung Scout Channel

16 Oct 2025
#RangoonScoutNetwork
👍6
🖥 DAILY HIGHLIGHTS (16 OCT 2025)

🔴 စစ်ရေးထူးခြားသတင်းများ

ပဲခူးတိုင်း အစပ်က စစ်တပ်ရဲ့ ပွိုင့် ၆၆၆ စခန်းကို သိမ်းပိုက် – KT
•
🟢 နိုင်ငံရေးထူးခြားသတင်းများ

စစ်တပ်က အာဏာထိန်းချုပ်တာကြောင့် NCA မဆောင်ရွက်နိုင်ကြောင်း RCSS ထုတ်ပြန် – THN

မြန်မာနိုင်ငံ ယခုအခြေအနေ ရောက်ရှိရခြင်းမှာ စစ်တပ်၏ အကြိမ်ကြိမ် ညှိနှိုင်းမှုကို လက်မခံဘဲ အတင်းလွှတ်တော်ခေါ်သည့် NLD ကြောင့်ဟု ကြံ့ဖွတ်ခင်ရီ အပြစ်တင်ပြန် – KT
•
💸 စီးပွားရေးထူးခြားသတင်းများ

စကမ ဝန်ကြီးဌာနက ထုတ်ပေးသည့် ဘောင်ချာဖြင့်သာ ရွှေရောင်းဝယ်ရတော့မည် – DVB
•
👎 ရွေးကောက်ပွဲ

စစ်တပ်လုပ်မည့် ရွေးကောက်ပွဲကို UWSA က အားပေးထောက်ခံမည် – DVB

မဲဆွယ်စည်းရုံးခွင့်ကာလ ရက်ပေါင်း ၆၀ သတ်မှတ် – DVB
•
➕ အခြားထူးခြားသတင်းများ

ထိုင်း-မြန်မာနယ်စပ် နေရာတချို့ မှာ Starlink ပြတ်တောက် – BBC

#RangoonScoutNetwork
Please open Telegram to view this post
VIEW IN TELEGRAM
👍8❤1
▪️လှည်းကူး ထွေအုပ်ရုံးကို ဗုံးခွဲတိုက်ခိုက်

ယနေ့ အောက်တိုဘာလ ၁၇ ရက် ည ၆ နာရီ ၅၀ မိနစ်ခန့်တွင် လှည်းကူးမြို့နယ်၊ ဒရယ်ဘိုကျေးရွာရှိ မြို့နယ်ထွေအုပ်ရုံးကို ပစ်မှတ်ထား၍ Yangon Army နှင့် အနောက်ပိုင်းခရိုင်ပကဖ တို့မှ ပြင်းအားမြင့်မိုင်း ၁ လုံး၊ လက်ပစ်ံဗုံး ၂ လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

17 Oct 2025
#RangoonScoutNetwork
👍13
▪️မင်းအောင်လှိုင် ယခုရက်ပိုင်းထဲ ရန်ကုန်ကို လာဖို့ ရှိနိုင်

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယခုရက်ပိုင်းထဲ ရန်ကုန်မြို့သို့ ရောက်လာဖို့ ရှိပုံရသည်။

မင်းအောင်လှိုင် စီးနေကျ Fokker-70 လေယာဉ် ယနေ့ ညနေ ၄ နာရီခွဲခန့်တွင် မင်္ဂလာဒုံလေတပ်စခန်းသို့ ဆင်းသက်ထားသည်။

အောက်တိုဘာလ ၂၀ ရက်နေ့တွင် ဒဂုံမြို့နယ်၊ အမျိုးသားဇာတ်ရုံ၌ ဒီပါဝလီပွဲ လုပ်ဖို့ ရှိပြီး အဆိုပါပွဲသို့ မင်းအောင်လှိုင် တက်ဖို့ ရှိနိုင်သည်။

၎င်းအမျိုးသားဇာတ်ရုံဝန်းကျင်နှင့် အနီးရှိ မင်းမနိုင်အိမ်ရာဝန်းတဝိုက်တွင်လည်း ယမန်နေ့ အောက်တိုဘာ ၁၆ ရက်နေ့ကတည်းက အကြမ်းဖက်တပ်သား အများအပြား လုံခြုံရေးချထားသည်။

ယနေ့ တနေကုန်နီးပါး ရန်ကုန်မြို့ ကားလမ်းမများပေါ် စကမ ရာထူးကြီးယာဉ်တန်း သွားလာမှုများလည်း ပုံမှန်ထက် အလွန်များပြားသည်။

17 Oct 2025
#RangoonScoutNetwork
👍8🔥1
▪️ရန်ကုန်ဗဟိုပြု မြေငလျင်ငယ်လှုပ်ခတ်

ယနေ့ အောက်တိုဘာလ ၁၇ ရက် ည ၁၁ နာရီ ၉ မိနစ်တွင် ရန်ကုန်တိုင်းထဲ ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၃.၉ အဆင့်ရှိ မြေငလျင်ငယ် လှုပ်ခတ်သွားသည်။ ဒလမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်သွားခြင်းဖြစ်ကြောင်း ကနဦးသိရှိရသည်။ မြို့တွင်း တိုက်မြင့်ပေါ်နေသူများ သတိထားမိလိုက်ကြသည်။

ထို့နောက် နောက်ဆက်တွဲထပ်လှုပ်မည်ကို စိုးရိမ်ထိတ်လန့်ပြီး ရန်ကုန်မြို့တွင်း တိုက်အမြင့်ပေါ်နေထိုင်သူအများအပြား တိုက်အောက်ဆင်းနေကြကြောင်း သိရသည်။

အလွန်အကျွံ မကြောက်လန့်ကြဖို့နှင့် ခြောက်လှန့်မည့် လုပ်သတင်းများကို မယုံကြဖို့ကို MM Earthquake Alert မှ သတိပေးထားသည်။

Source: MM Earthquake Alert

17 Oct 2025
#RangoonScoutNetwork
❤4👍4
2025/10/17 18:02:54
Back to Top
HTML Embed Code: