🟠 ဒေါပုံ၊ ယမုံနာ ၂ ရပ်ကွက် ဧည့်စစ်သတိ
ယနေ့ည ဒေါပုံမြို့နယ်၊ ဒေါပုံရဲစခန်းနောက်ဘက်ရှိ ယမုံနာ ၂ ရပ်ကွက်ထဲ ဧည့်စစ်နိုင်ချေရှိကြောင်း သိရှိရသည်။ – RSG
13 Sep 2025
#RangoonScoutNetwork

👍4
ဗန်းမော်တွင် KIA သိမ်းထားသည့် စစ်ကောင်စီတပ်ရင်းဌာနအချုပ်အချို့ ပြန်လက်လွှတ်ရ – PS
•
ဘုံနိုင်ငံရေး သဘောတူညီချက် ရရှိရေး NUCC နဲ့ NUG တွေ့ဆုံဆွေးနွေး – THN
•
ဆွီဒင်က မြန်မာကို ထောက်ပံ့ကူညီမှုများ ရပ်ဆိုင်း – DVB
KIA ထံမှ အိန္ဒိယက မြေရှားသတ္တုဝယ်ယူရန် ကြိုးစားနေသည်ဆိုသော သတင်းမှာ မှန်ကန်မှုမရှိဟု KIO ဗိုလ်မှူးကြီး နော်ဘူ ပြောဆို – KT
အမေရိကန် စစ်လေယာဉ်နှစ်စင်းမြန်မာကို ဖြတ်ပျံသန်း – MPA
•
တရုတ် ယွမ်ငွေဖြင့် ရင်းနှီးမြှုပ်နှံခွင့်ပေးမည်ဟု စစ်ခေါင်းဆောင်ပြော – DVB
•
တရားမဝင် ရွေးကောက်ပွဲကို ဇန်နဝါရီအပြီး ပြုလုပ်မည်ဟုဆို – MPA
ရွေးကောက်ပွဲဝင်ပြိုင်မယ့်တပ်က လူစာရင်း ကြံ့ခိုင်ရေးပါတီဆီပို့ – BBC
အငြိမ်းစား ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးကြံ့ခိုင်ရေးပါတီက ဝင်ပြိုင် – BBC
#RangoonScoutNetwork
Please open Telegram to view this post
VIEW IN TELEGRAM
❤5👍3
⚫️ မင်္ဂလာတောင်ညွန့်၊ သိမ်ဖြူမီးရထားရပ်ကွက်ထဲ ဝင်စစ်ပြီး လူဖမ်းဆီး
စက်တင်ဘာလ ၁၂ ရက်နေ့ ည ၁၀ နာရီခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူမီးရထားရပ်ကွက်ထဲ အကြမ်းဖက်တပ်သားများ ဧည့်စစ်ဝင်သွားခဲ့ပြီး လူအများအပြားကို ဖမ်းဆီးသွားကြောင်း သိရှိရသည်။ ဖမ်းဆီးထားသူများကို အချုပ်ကား ၁ စီး ပေါ် တင်ခေါ်သွားသည်။ – MGTN Spring News & Scout Channel
14 Sep 2025

🤬7❤2
⚫️ ပန်းဆိုးတန်းတံတားအနီး လူဖမ်းပြီး ငွေနဲ့ ရွေးခိုင်း
စက်တင်ဘာလ ၁၂ ရက်နေ့ ည ၆ နာရီခွဲခန့်တွင် ပန်းဆိုးတန်းတံတား (အနော်ရထာလမ်းဘက်မှ အတက်ဘက်ခြမ်း) ၌ အသက် ၃၀ ကျော်အရွယ် ယောကျ်ားလေး ၁ ဦး အလုပ်မှ အိမ်သို့ ပြန်နေစဉ် လူ ၁ စုမှ အိမ်စီးကား ၁ စီးဖြင့် ဖမ်းခေါ်သွားခဲ့ကြောင်း သိရှိရသည်။ လူငယ်မှာ မင်္ဂလာတောင်ညွန့်မြို့နယ်ထဲ နေထိုင်သူဖြစ်သည့်။ ဖမ်းဆီးခံရပြီးနောက် မိသားစုမှ ငွေ ၁၀ သိန်းဖြင့် ပြန်သွားရွေးလိုက်ရကြောင်း သိရသည်။ – Botahtaung Scout Channel

🤬8
▪️'ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ' ကို DJ လုပ်တီးသည့် သူများကို ဖမ်းဆီးဟု ကြေညာ
DJ Volet (ခ) ခင်ထွေးထွေးမွန် နှင့် မန်နေဂျာဖြစ်သူ ဖြိုးဟိန်းကိုကို (ခ) မင်းထိုက် တို့ကို စက်တင်ဘာလ ၁၁ ရက်နေ့ ည ၁၁ နာရီခွဲခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ နနွင်းကုန်းရပ်ကွက် နေအိမ်၌ ဖမ်းဆီးခဲ့ကြောင်း စစ်ကော်မရှင်မှ သတင်းထုတ်ပြန်ထားသည်။ မန္တလေးမြို့ရှိ Clover Club' တွင် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ' သီချင်းကို DJ တီးခတ်လို့ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဆိုင်ပိုင်ရှင်နှင့် ဆိုင်မန်နေ့ဂျာတို့ကိုပါ ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ သာသနာညှိးနွမ်းစေမှုဖြင့် ဖမ်းသည်ဟုဆိုသော်လည်း အမှုဖွင့်ရာတွင် ၅၀၅-က ဖြင့် ဖွင့်ထားသည်။

👍14🎉2❤1😱1
⚫️ အလုံဈေးအနီး လူငယ် ၁ ဦးကို ကားပေါ်ဆွဲတင် ဖမ်း
ယနေ့ စက်တင်ဘာလ ၁၄ ရက် ညနေ ၅ နာရီခန့်တွင် အလုံမြို့နယ်၊ အလုံဈေးအနီး၌ ယောကျ်ားလေး ၁ ဦးကို အကြမ်းဖက်တပ်သားနှင့် အဖွဲ့မှ ကားပေါ်ဆွဲတင် ဖမ်းခေါ်သွားကြောင်း သတင်းရရှိသည်။ ဖမ်းဆွဲခံရသည့် ယောကျ်ားလေးမှာ အသက် ၂၀ ဝန်းကျင် ကျောင်းသား ၁ ဦး ဖြစ်သည်။ ကားဖြင့် ဆွဲတင်သွားသည့်အဖွဲ့တွင် အကြမ်းဖက် နယ်ထိန်း တပ်ကြပ်ကြီး ကျော်တင့်ဆွေ၊ စောရန်နိုင် (အနောက်) ရပ်ကွက် အုပ်ကြီး အောင်ဆန်းထွန်းနှင့် နောက်လိုက် လုံ/ကြမ်းအဖွဲ့များပါကြောင်း သိရသည်။

🔥11🤬4❤3👍2😱1😢1
▪️စစ်မှုထမ်း အမှတ်စဉ် ၁၇ သင်တန်း စတင်
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီး စခတ ၁ နှင့် တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူ တတက ၁ တို့၌ ယနေ့ စက်တင်ဘာလ ၁၅ ရက်တွင် စစ်မှုထမ်း အမှတ်စဉ် ၁၇ စတင်ကြောင်း အကြမ်းဖက်စစ်ကော်မရှင်မှ သတင်းထုတ်ပြန်ထားသည်။
ယခုအမှတ်စဉ် ၁၇ သင်တန်းတွင် စခတ ၁ ၌ လူအယောက် ၂၀၀ ခန့် နှင့် တတက ၁ ၌ လူအယောက် ၄၀၀ ခန့် ပါဝင်နေသည်ကို ၎င်းတို့ ထုတ်ပြန်ထားသည့် ဓာတ်ပုံများအရ သိရသည်။
လွန်ခဲ့သည့် စက်တင်ဘာ ၁၃ ရက်နေ့ကလည်း ၎င်းစစ်သင်တန်းကျောင်းများတွင် အမှတ်စဉ် ၁၄ ပြီး၍ လူ ၅၅၀ ခန့် သင်တန်းဆင်းထားကြောင်း ကြေညာခဲ့သေးသည်။
ဓာတ်ပုံ - စစ်ကော်မရှင် ဝါဒဖြန့်ချန်နယ်
15 Sep 2025

👍7🤬5❤2🔥1
ယခု ရက်သတ္တပတ် [September 08 - 14, 2025] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၆ ခု ခွဲ၍ ဖော်ပြထားသည်။
▪️အဖမ်းအဆီးဖြစ်စဉ်များ
ယခု ရက်သတ္တပတ်ထဲ မတရား ဖမ်းဆီးခံခဲ့ရသူတို့အနက် မြို့နယ် ၁၀ မြို့နယ်တို့မှ ...
▪️စစ်မှုထမ်းသင်တန်း
ထို့ပြင် စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၁၇ ...
▪️ဧည့်စစ်လူရှာဖြစ်စဉ်များ
ယခု သီတင်းပတ်အတွင်း ဧည့်စစ်လူရှာဖြစ်စဉ်များအနက် ...
#RangoonScoutNetwork #YGN_Weekly
Please open Telegram to view this post
VIEW IN TELEGRAM
👍7
🟠 သင်္ဃန်းကျွန်း၊ ၁၆ ရပ်ကွက် ဧည့်စစ်သတိ
ယနေ့ည သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၁ ရပ်ကွက်တဝိုက် ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သတင်းရရှိသည်။
15 Sep 2025
#RangoonScoutNetwork
ယနေ့ည သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၁ ရပ်ကွက်တဝိုက် ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သတင်းရရှိသည်။
15 Sep 2025
#RangoonScoutNetwork
👍4🥰1
▪️ဒဂုံဆိပ်ကမ်း၊ ၈၈ အုပ်ကြီး တောက်တဲ့ ဖမ်းခံရဟု ဆို
ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၈၈ ရပ်ကွက်၊ အုပ်ကြီး တောက်တဲ့ (ခ) ဇော်လွင် ကို စက်တင်ဘာ ၁၃ ရက်နေ့ ည ၉ နာရီခန့်တွင် စစ်တပ်မှ ဝင်ရောက် ဖမ်းဆီးသွားကြောင်း သတင်းများထွက်ပေါ်နေသည်။ ၎င်းလက်ဝယ်တွင်ရှိသည့် လက်နက်နှင့် ပိုက်ဆံများပါ သိမ်းသွားပြီး အိမ်ကိုပါ ချိတ်ပိတ်ထားကာ လက်ရှိ ဒဂုံဆိပ်ကမ်းရဲစခန်းတွင် ဖမ်းထားသည်ဟု ဆိုကြသည်။
အဆိုပါ ၈၈ ရပ်ကွက် အုပ်ကြီး တောက်တဲ့သည် စစ်တပ်နောက်လိုက် အမာခံ ၁ ယောက်ဖြစ်ပြီး ရပ်ကွက်နေလူထုပေါ် နည်းမျိုးစုံဖြင့် နှိပ်စက်ညှင်းပန်းနေသူဟု ဟိုးလေးတကျော် နာမည်ထွက်နေသူဖြစ်သည်။
လွန်ခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လဝန်းကျင်က စစ်တပ်နှင့် ပြဿနာ ဖြစ်ခဲ့ပြီး အလုပ်ဖြုတ်ခံဖို့ ရှိနေခဲ့ကြောင်းလည်း ကြားသိရသည်။
၂၀၂၃ ခုနှစ်၊ မေလ ၂၂ ရက်နေ့က ၎င်းတောက်တဲ့နှင့် နောက်လိုက် ရာအိမ်မှူး ၁ ယောက်တို့ကို မြို့ပြပြောက်ကျားအဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
Source: RSG

❤12👍5
🟠 သာကေတ၊ ၅ ရပ်ကွက် ဧည့်စစ်သတိ
ယနေ့ည သာကေတမြို့နယ်၊ ၅ ရပ်ကွက်နှင့် ၄ မြောက်ရပ်ကွက်ကြား သုမနလမ်းတဝိုက် ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သိရှိရသည်။ – Eagles News
15 Sep 2025
#RangoonScoutNetwork
ယနေ့ည သာကေတမြို့နယ်၊ ၅ ရပ်ကွက်နှင့် ၄ မြောက်ရပ်ကွက်ကြား သုမနလမ်းတဝိုက် ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သိရှိရသည်။ – Eagles News
15 Sep 2025
#RangoonScoutNetwork
👍2
🔴 ကျောက်တံတား ၃၅ လမ်းတဝိုက် ဧည့်စစ်
ယနေ့ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ကျောက်တံတားမြို့နယ်၊ ၃၆ လမ်း အပေါ်ဘလောက် နှင့် ၃၅ လမ်း အပေါ်ဘလောက်တို့ထဲ ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။ ၃၆ လမ်းထဲ စစ် DC ၁ စီး ရှိပြီး ၃၅ လမ်းထိပ်၌ ရဲ DC ၁ စီး ရပ်ထားကြောင်း ကနဦး သိရသည်။
15 Sep 2025
#RangoonScoutNetwork
ယနေ့ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ကျောက်တံတားမြို့နယ်၊ ၃၆ လမ်း အပေါ်ဘလောက် နှင့် ၃၅ လမ်း အပေါ်ဘလောက်တို့ထဲ ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။ ၃၆ လမ်းထဲ စစ် DC ၁ စီး ရှိပြီး ၃၅ လမ်းထိပ်၌ ရဲ DC ၁ စီး ရပ်ထားကြောင်း ကနဦး သိရသည်။
15 Sep 2025
#RangoonScoutNetwork
👍4🔥2
🔴 သင်္ဃန်းကျွန်း၊ ၂၉ ရပ်ကွက် ဧည့်စစ်
ယနေ့ည ၁၀ နာရီခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ၂၉ ရပ်ကွက်၊ မီးဒုန်းလမ်းထဲ ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနား စစ် SC ၁ စီး ရပ်ထားကြောင်းလည်း သိရသည်။
15 Sep 2025
#RangoonScoutNetwork
ယနေ့ည ၁၀ နာရီခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ၂၉ ရပ်ကွက်၊ မီးဒုန်းလမ်းထဲ ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနား စစ် SC ၁ စီး ရပ်ထားကြောင်းလည်း သိရသည်။
15 Sep 2025
#RangoonScoutNetwork
🔴 မင်္ဂလာတောင်ညွန့်၊ ဖဆပလရပ်ကွက်ထဲ ဝင်စစ်
ယနေ့ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလရပ်ကွက်၊ တိရိစ္ဆာန်ဥယျာဉ်လမ်းဘက်မှ အဝင် တိုက်အသစ် ၂ (ယခင်က ခင်စိုးပိုင်တိုက်ဟု ခေါ်ကြ) ထဲ အကြမ်းဖက်တပ်သားများ ဝင်ရောက်နေကြောင်း သိရှိရသည်။ အဖမ်းအဆီး ဝင်လုပ်နေပုံရသည်။ – MGTN Spring News & Scout Channel

🔥1
▪️မြောက်ဒဂုံထွေအုပ် နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးတို့ကို ဗုံးခွဲတိုက်ခိုက်
ယမန်နေ့ စက်တင်ဘာလ ၁၄ ရက် မနက် ၁ နာရီ ၃၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ မဝတလမ်းဆုံအနီး၊ ပင်လုံလမ်းရှိ ထွေအုပ်ရုံး နှင့် အမှတ် ၆ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးတို့ကို Operation Flame ၊ ကြည့်မြင်တိုင်ပကဖ နှင့် လသာပကဖ တို့ပူးပေါင်း၍ လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

❤21👍5🥰2
▪️ရန်ကုန်မြို့တော်ခန်းမကို ဗုံးခွဲတိုက်ခိုက်
ယနေ့ စက်တင်ဘာလ ၁၆ ရက် မနက် ၆ နာရီ ၃၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားအနီးရှိ ရန်ကုန်မြို့တော်ခန်းမကို ပစ်မှတ်ထား၍ Freeland Attack Force အဖွဲ့မှ ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြာင်း သတင်းထုတ်ပြန်ထားသည်။
ဗုံးပေါက်ကွဲပြီးနောက် အကြမ်းဖက် စစ်သားနှင့် ရဲများ အင်အားအလုံးအရင်းဖြင့် ရောက်ရှိလာပြီး လုံခြုံရေးယူလိုက်ကြောင်း သိရသည်။
16 Sep 2025

❤24👍7🔥3
⚫️ မြောက်ဒဂုံ၊ ၄၄ ပွဲဈေး၌ လူလိုက်ဖမ်း
ယမန်နေ့ စက်တင်ဘာ ၁၅ ရက်နေ့ ည ၈ နာရီခွဲခန့်တွင် မြောက်ဒဂုံမြို့နယ်၊ ၄၄ ရပ်ကွက် ပွဲဈေး၌ ယောကျ်ားလေး ၅ ဦးကို မူးရူးနေသည်ဟုဆိုကာ အကြမ်းဖက်တပ်သားနှင့် နောက်လိုက်များ ဖမ်းခေါ်သွားခဲ့ကြောင်း သတင်းရရှိသည်။ ပွဲဈေးလာသူများအနက် လူငယ်များကို ပစ်မှတ်ထား လိုက်ဖမ်းနေကြောင်းလည်း သိရသည်။

🤬9👍7❤1🔥1
🔴 သာကေတ၊ ၁ အနော်မာရပ်ကွက် ဧည့်စစ်
ယနေ့ည ၉ နာရီ ၅၅ မိနစ်ခန့်တွင် သာကေတမြို့နယ်၊ ၁ အနော်မာရပ်ကွက်၊ အနော်မာ ၇ လမ်း အနောက်ထဲ ဧည့်စစ်ဝင်နေကြောင်း ကနဦးသတင်းရရှိသည်။
16 Sep 2025
#RangoonScoutNetwork
ယနေ့ည ၉ နာရီ ၅၅ မိနစ်ခန့်တွင် သာကေတမြို့နယ်၊ ၁ အနော်မာရပ်ကွက်၊ အနော်မာ ၇ လမ်း အနောက်ထဲ ဧည့်စစ်ဝင်နေကြောင်း ကနဦးသတင်းရရှိသည်။
16 Sep 2025
#RangoonScoutNetwork
❤3🔥3
🔴 စမ်းချောင်း၊ မုန့်မြောက်ရပ်ကွက် ဧည့်စစ်
ယနေ့ည ၉ နာရီ ၅၀ မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ်၊ မုန့်လက်ဆောင်းကုန်း (မြောက်) ရပ်ကွက်၊ ဝေဠုဝန်လမ်းကျယ်ထိပ်၊ ရန်ပြိုလမ်းပေါ် အိမ်အမှတ် ၆ ထဲ ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ ရဲဆလွန်း ၁ စီး၊ စစ် SC ၁ စီးပါသည်။ – Sanchaung Scout Channel

🔥7❤3