Warning: Undefined array key 0 in /var/www/tgoop/function.php on line 65

Warning: Trying to access array offset on null in /var/www/tgoop/function.php on line 65
24811 - Telegram Web
Telegram Web
🔴 ဒဂုံဆိပ်ကမ်း၊ ၈၈ ရပ်ကွက် ဧည့်စစ်

ယနေ့ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၈၈ ရပ်ကွက်၊ မြေနီဘက်ထဲ ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ ရဲ DC ၃ စီးပါကြောင်း သိရသည်။ – RSG

07 Sep 2025
#RangoonScoutNetwork
👍2
🟠 မြောက်ဥက္ကလာ၊ ဌ ရပ်ကွက် ဧည့်စစ်သတိ

ယနေ့ည ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် မြောက်ဥက္ကလာမြို့နယ်၊ ဌ ရပ်ကွက်၊ စိန်ချယ်လမ်းအနီး စစ် DC ၁ စီး၊ ရဲ DC ၁ စီးဖြင့် အကြမ်းဖက်တပ်သားများ ရောက်ရှိနေကြောင်း သိရှိရသည်။ ဧည့်စစ်ဝင်မည့်ပုံရသည်။ – RSG

07 Sep 2025
#RangoonScoutNetwork
👍3
⚫️ ကမာရွတ်၊ လှည်းတန်း IT အနီး လူငယ်များကို ဖမ်းခေါ်သွား

ယနေ့ည ၁၁ နာရီခန့်တွင် ကမာရွတ်မြို့နယ်၊ လှည်းတန်း IT စားသောက်ဆိုင်ရှေ့သို့ DC ၃ စီးဖြင့် အကြမ်းဖက်တပ်သားများ ရောက်ရှိလာပြီး ဖြတ်သွားဖြတ်လာများကို စစ်ဆေးနေစဉ် ဇေယျာသီရိလမ်းထဲရှိ Bar တစ်ခုမှ လူငယ် ၈ ဦးခန့် ထွက်လာ၍ ခေါ်ယူစစ်ဆေးကာ ဖမ်းခေါ်သွားကြောင်း သိရှိရသည်။ နောက်ထပ်ရောက်လာသည့် ရဲ Jeep ၁ စီး၊ ရဲ ဆလွန်း ၁ စီးတို့ဖြင့် လူငယ်များကို ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။ – RSG

07 Sep 2025
#RangoonScoutNetwork
🥴12🔥3😱1🤬1
🔴 သင်္ဃန်းကျွန်း၊ ၂၄ ရပ်ကွက် ဧည့်စစ်

ယမန်နေ့ စက်တင်ဘာ ၇ ရက် ည ၁၀ နာရီခွဲခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ၂၄ ရပ်ကွက်၊ ရေနံ့သာဘက်ထဲ အကြမ်းဖက်တပ်သားများ ဝင်ရောက်လာပြီး ပုလဲလမ်း ဆောက်လုပ်ရေးဝင်းထဲ အစစ်အဆေးဝင်သွားကြကြောင်း သိရှိရသည်။ ည ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ပြန်ထွက်သွားကြသည်။

08 Sep 2025
#RangoonScoutNetwork
👍5
🖥 ရန်ကုန် တပတ်တာ အခြေအနေ

ယခု ရက်သတ္တပတ် [September 01 - 07, 2025] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၈ ခု ခွဲ၍ ဖော်ပြထားသည်။


▪️အဖမ်းအဆီးဖြစ်စဉ်များ
ယခု ရက်သတ္တပတ်ထဲ မတရား ဖမ်းဆီးခံခဲ့ရသူတို့အနက် မြို့နယ် ၈ မြို့နယ်တို့မှ ...

▪️ဧည့်စစ်လူရှာဖြစ်စဉ်များ
ယခု သီတင်းပတ်အတွင်း ဧည့်စစ်လူရှာဖြစ်စဉ်များအနက် ...

▪️လေဆိပ်အဝင် ပစ္စည်းများကို တင်းကြပ်
လေဆိပ်ကနေ သယ်ခွင့်မရှိသည့် တားမြစ်ပစ္စည်းများစာရင်း ...

▪️စက်နဲ့ မဲပေးပုံ စမ်းသပ်
တောင်ဒဂုံမြို့နယ်တွင်လည်း ဆိုင်ကယ်ဘေးတွဲသမား အားလုံးကို ...

➡️ အပြည့်အစုံဖတ်ရှုရန် နှိပ်ပါ

#RangoonScoutNetwork #YGN_Weekly
Please open Telegram to view this post
VIEW IN TELEGRAM
👍5
🔴 ကြည့်မြင်တိုင်တဖက်ကမ်း အေးရွာဘက် အစစ်အဆေးဝင်ပြီး ခြေရှုပ်နေ

ယမန်နေ့ စက်တင်ဘာ ၇ ရက် ညဘက်တွင် ကြည့်မြင်တိုင်မြို့နယ် တဖက်ကမ်း၊ အေးရွာအနောက်ဘက်ထဲ ဧည့်စစ်ဝင်သွားခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် ယနေ့ စက်တင်ဘာ ၈ ရက်နေ့ မနက်ပိုင်းတွင်လည်း အေးရွာအနောက်ဘက်ရှီ ဓမ္မာရုံသို့ စစ် DC ၁ စီးဖြင့် အကြမ်းဖက် စစ်သား ၈ ယောက်ခန့် ရောက်ရှိလာကာ လမ်းကို ပိတ်ဆို့စစ်ဆေးသွားခဲ့ကြောင်း သိရသည်။ အဆိုပါ ဓမ္မာရုံတွင် အခြေချဖို့ လုပ်နေကြကြောင်းလည်း သိရသည်။ – Kyimyindaing Scout Channel

08 Sep 2025
#RangoonScoutNetwork
❤1👍1🤬1
⚫️ သာကေတတွင် လူလိုက်ဖမ်းပြီး ၁၀ တောင်ရပ်ကွက်ရုံးထဲ ချုပ်နှောင်

သာကေတမြို့နယ်တွင် အကြမ်းဖက်တပ်သားနှင့် နောက်လိုက်များ လမ်းပေါ် လူလိုက်ဆွဲပြီးနောက် ရပ်ကွက်ရုံး၊ ဂိုထောင် စသည့် နေရာအမျိုးမျိုးတွင် ချုပ်နှောင်ထားလေ့ရှိပြီး အဆိုပါနေရာများထဲ ၁၀ တောင်ရပ်ကွက်ရုံးလည်း ပါကြောင်း သိရသည်။

အဆိုပါ ၁၀ တောင်ရပ်ကွက်ရုံးသည် ခိုင်ရွှေဝါလမ်း၊ ခိုင်ရွှေဝါမှတ်တိုင်အကျော်တွင်ရှိပြီး ရုံး၏ အနောက်ဘက်ရှိ အခန်းကို အချုပ်ခန်းပုံစံ ပြုလုပ်ကာ လူများကို ချုပ်နှောင်ထားလေ့ရှိကြောင်း သိရသည်။

စက်တင်ဘာလ ၄ ရက်နေ့ ဝန်းကျင်တွင် ထို ၁၀ တောင်ရပ်ကွက်ရုံးထဲ ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၂ ဦး ရှိခဲ့ပြီး ညဘက်တွင် ကင်းစောင့်နေသည့် ရာအိမ်မှူးကို ထိုးကြိတ်၍ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရှိရသည်။

နောက်နေ့ မနက်တွင် အကြမ်းဖက်တပ်သားများက ထိုချုပ်နှောင်ခံထားရသူ ၂ ဦးကို လာရောက်ခေါ်ယူရာ ထွက်ပြေးသွားကြောင်း သိရသဖြင့် ရပ်ကွက်ရုံးအဖွဲ့ကို ကြိမ်းမောင်းဆဲဆိုသွားခဲ့၍ စက်တင်ဘာ ၆ ရက်နေ့ခန့်တွင် လူထပ်ရှာဖမ်းကြရာ ၄ ယောက် ထပ်မိပြီး အဆိုပါ ရပ်ကွက်ရုံးထဲ ချုပ်နှောင်ထားခဲ့ကြောင်း သိရသည်။

Source: RSG

08 Sep 2025
#RangoonScoutNetwork
🤬15🔥2
🔴 အလုံ၊ စောရန်ပိုင်တောင်ရပ်ကွက် အစစ်အဆေးဝင် လူရှာ

ယနေ့ည ၉ နာရီခွဲခန့်တွင် အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ သစ်တောလမ်း၊ လင်းရောင်နီမူကြိုအနီး နှင့် K-Model ဆံပင်ညှပ်ဆိုင်သုံးပစ္စည်း ရောင်းဝယ်ရေးဆိုင်ရှိသည့်တိုက်တို့၌ အကြမ်းဖက် စစ်သား၊ ရဲ၊ ထွေအုပ်အဖွဲ့၊ လုံ/ကြမ်းအဖွဲ့များ အင်အားအများအပြားဖြင့် ဝင်ရောက်စီးနင်း စစ်ဆေးနေကြောင်း သတင်းရရှိသည်။ လူဝင်ရှာနေပုံရသည်။

08 Sep 2025
#RangoonScoutNetwork
👍4
🔴 တောင်ဒဂုံ၊ ၁၈ ရပ်ကွက် ဧည့်စစ်

ယနေ့ည ၉ နာရီ ၅၅ မိနစ်ခန့်တွင် တောင်ဒဂုံမြို့နယ်၊ ၁၈ ရပ်ကွက်၊ မောင်းမကန်လမ်း၊ ၁၈ ကွေ့မှတ်တိုင်အနီး အိမ်များထဲ ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ စစ် DC ၁ စီးဖြင့် အကြမ်းဖက် စစ်သား ၅ ယောက် (၃ ပွင့် ၁ ယောက်ပါ)၊ ရဲ ၂ ယောက်၊ ထွေအုပ်အဖွဲ့၊ ရပ်ကွက်အုပ်ကြီးအဖွဲ့များ ပါဝင်သည်။ အိမ်ရှိ လူအကုန် စစ်ဆေးကြောင်း သိရသည်။ – Scout Yangon

08 Sep 2025
#RangoonScoutNetwork
👍6❤3
🔴 တောင်ဥက္ကလာ၊ ၁၁ ရပ်ကွက် အစစ်အဆေးသတိ

ယနေ့ည ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် တောင်ဥက္ကလာမြို့နယ်၊ ၁၁ ရပ်ကွက်၊ ရာဇသင်္ကြန် ၃ လမ်းအပေါ်ဘက် အကြမ်းဖက် စစ်သားများနှင့် ပျူအဖွဲ့များ ရောက်ရှိနေခဲ့ပြီး ရပ်ကွက်ရုံးဘက် ပြန်ထွက်သွားကြကြောင်း သတင်းရရှိသည်။ အစစ်အဆေးဝင်သွားပုံရသည်။

08 Sep 2025
#RangoonScoutNetwork
❤5👍2
🖥 DAILY HIGHLIGHTS (08 SEP 2025)

🔴 စစ်ရေးထူးခြားသတင်းများ

AA နဲ့ စစ်တပ် ပဲခူးနဲ့ ဧရာဝတီတိုင်းအစပ်မှာ တိုက်ပွဲပြင်းထန်နေ – BBC

သင်္ဃန်းညီနောင်ဗျူဟာကို စစ်တပ်ပြန်ထိန်းချုပ်၊ KNLA PDF ပူပေါင်း တပ်တွေ ယာယီဆုတ်ခွာ – THN

တနိုင်ငံလုံးအတိုင်းအတာ ဟန်ချက်ညီ စစ်ဆင်ရေးပြင်ဆင်နေဟု NUG ပြော – DVB

နိုင်ငံ‌တော်အဆင့် ထိုးစစ်ကို ရက်ပေါင်း ၅၀၀ ကျော် ပိတ်ဆို့ထားနိုင်ခဲ့ဟု KNU ထုတ်ပြန် – DVB

ပုလောနယ် ထမင်းမစားရွာတပ်စခန်း KNLA ပူးပေါင်းတပ်သိမ်းပိုက် – PS
•
👎 ရွေးကောက်ပွဲ

မဲပေးစက်က မဲခိုး၍ရသည်ဟု သတင်းပြန့်ပြီးနောက် ဆရာ၊ ဆရာမများ စစ်ဆေးခံနေရ – DVB

အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲကို DKBA ဝန်းရံမည် – DVB
•
➕ အခြားထူးခြားသတင်းများ

မြန်မာနိုင်ငံ၏ လူဦးရေ ၁၇ သန်းခန့် ဝမ်းရေးမဖူလုံဖြစ်နေ – DVB

AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ကင်မ်အဲရစ်တို့ အွန်လိုင်းကတွေ့ဆုံ – DVB

တရုတ်ဇနီးမယားအဖြစ် ရောင်းစားသူပိုများလာဟု စစ်ကောင်စီ ဝန်ကြီး ဝန်ခံ – DVB

KNU ၏ ကော်သူလေးအစိုးရ ထူထောင်ရေး အိပ်မက်ကို ရိုက်ချိုးနိုင်ခဲ့ဟု စစ်ကော်မရှင် ထုတ်ပြန် – MPA

ဒေါ်အောင်ဆန်းစုကြည် အသက်အန္တရာယ်စိုးရိမ်နေရဟု နိုင်ငံတကာကို NLD အကူအညီတောင်း – DVB

#RangoonScoutNetwork
Please open Telegram to view this post
VIEW IN TELEGRAM
👍7❤3
🟠 ကမာရွတ်၊ ၃ ရပ်ကွက် ဧည့်စစ်သတိ

ယနေ့ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ကမာရွတ်မြို့နယ်၊ ၃ ရပ်ကွက်၊ လှည်းတန်းမှတ်တိုင်အနီး ခိုင်ရွှေဝါလမ်းထဲ အကြမ်းဖက် စစ်သားနှင့် ရဲ ၁၅ ယောက်ခန့် ဝင်ရောက်သွားကြောင်း သိရှိရသည်။ ဧည့်စစ်ဝင်မည့်ပုံရသည်။ – RSG

09 Sep 2025
#RangoonScoutNetwork
👍3
⚫️ ကမာရွတ်၊ ၂ ရပ်ကွက်ထဲ ပလုံကောက်သူများကို လိုက်ဆွဲ

စက်တင်ဘာလ ၇ ရက်နေ့ ည ၁၀ နာရီခွဲခန့်က ကမာရွတ်မြို့နယ်၊ ၂ ရပ်ကွက်၊ စံရိပ်ငြိမ် ၃ လမ်းထဲ ပလုံကောက်နေသည့် လူငယ် ၇ ယောက်ခန့်ကို အကြမ်းဖက် ရဲအဖွဲ့များ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ ၆ ယောက်ပါသွားပြီး ၁ ယောက် လွတ်မြောက်ခဲ့သည်။ ဖမ်းပြီးနောက် Alphard ၁ စီးဖြင့် ခေါ်ဆောင်သွားသည်။ ဝင်ဖမ်းသည့်ထဲ ကမာရွတ်ရဲစခန်းမှ နယ်ထိန်းလည်း ပါကြောင်း သိရသည်။ ပလုံကောက်သူများမှာ ကြည့်မြင်တိုင်တဖက်ကမ်းမှ ဖြစ်ကြောင်းလည်း သိရသည်။ – RSG

09 Sep 2025
#RangoonScoutNetwork
😱8❤6👍1
⚫ အလုံ၊ အထက ၄ ကျောင်းနား လူဖမ်း

ယနေ့ စက်တင်ဘာလ ၁၀ ရက် မနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် အလုံမြို့နယ်၊ သခင်မြပန်းခြံအကျော်၊ အထက ၄ ကျောင်းအနီးတွင် ယောက်ျားလေး ၁ ဦးကို အကြမ်းဖက်တပ်သားများ ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

၎င်း အထက ၄ အလုံ ကျောင်းတွင် ဆိုကရေးတီးပွဲ ပြုလုပ်နေပြီး စစ်ကော်မရှင်မှ ရာထူးကြီး ၁ ယောက် (ရန်ကုန်ဝန်ကြီးချုပ်ဟု ကြား) ရောက်လာခါနီးအချိန် လမ်းပေါ်သွားလာနေသည့် အဆိုပါလူငယ်ကို မသင်္ကာလို့ဟုဆိုကာ ရမ်းသမ်း ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

10 Sep 2025
#RangoonScoutNetwork
🤬15
🔴 ကမာရွတ်၊ ၁ ရပ်ကွက်ထဲ အစစ်အဆေးဝင်

ယမန်နေ့ စက်တင်ဘာလ ၉ ရက်နေ့ ည ၁၀ နာရီခန့်တွင် ကမာရွတ်မြို့နယ်၊ ၁ ရပ်ကွက်၊ မိုးစန္ဒာလမ်းထဲ အကြမ်းဖက်တပ်သားများ အစစ်အဆေးလုပ်သွားခဲ့ကြောင်း သိရှိရသည်။ စစ် SC ၂ စီး၊ စစ် DC ၁ စီးနှင့် ထွေအုပ် Honda Fit ကား ၁ စီးဖြင့် ရောက်လာကြခြင်းဖြစ်ကြောင်း သိရသည်။ – RSG

10 Sep 2025
#RangoonScoutNetwork
🤬14👍1
🖥 DAILY HIGHLIGHTS (11 SEP 2025)

🔴 စစ်ရေးထူးခြားသတင်းများ

အမ်း-မင်းဘူးလမ်းပေါ်ရှိ နတ်ရေကန်ဗျူဟာ ကာကင်းတခုကို AA သိမ်းပိုက် – DVB
•
🌎 နိုင်ငံခြားရေးထူးခြားသတင်းများ

BGF ခေါင်းဆောင် စောချစ်သူရဲ့ လုပ်ငန်းတချို့နဲ့ စီးပွားဖက် ရှီကျီကျန်း တို့ကို အမေရိကန်ပိတ်ဆို့အရေးယူ – BBC

အိန္ဒိယအစိုးရက KIA ထံမှ မြေရှားသတ္တု ရယူနိုင်ရေး ထိတွေ့ဆက်ဆံ ဆွေးနွေး – KT
•
💸 စီးပွားရေးထူးခြားသတင်းများ

ပြည်တွင်းအခေါက်ရွှေဈေး တကျပ်သားကို ကျပ်သိန်း ၈၀ ခန့်ထိ မြင့်တက် – DVB

တရုတ်နှင့် ကုန်သွယ်ရာတွင် ကျပ်နှင့် ယွမ်တိုက်ရိုက်ပေးချေနိုင်ရန် ဆောင်ရွက်နေကြောင်း စစ်ခေါင်းဆောင်ပြော – MKN

ပြည်ပသွင်းကုန်များ ကန့်သတ်ခံရမှုကြောင့် SMEs လုပ်ငန်းများ ထိခိုက်နိုင် – DVB

ဂျော်နသန်ကျော်သောင်း အူရီဒူးမြန်မာ ပိုင်ရှင်သစ်ဖြစ်လာ – DVB

အူရီဒူးမြန်မာက U9 အမည်သို့ ပြောင်းလဲ – DVB
•
👎 ရွေးကောက်ပွဲ

ဒုဥက္ကဌ ဒေါ်စန္ဒာမင်း ပါဝင်လာတဲ့ NDF ခမောက်ပါတီ ဖျက်သိမ်းခံရ – THN
•
➕ အခြားထူးခြားသတင်းများ

စစ်ပွဲကြားစာမသင်ရတဲ့ မြန်မာကလေးငယ် ၇ သန်း ရှိနေ – BBC

မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲမှုနှင့် မိုလ်ဘိုင်းဖုန်းသုံးသူများ၏ တည်နေရာများကို ခြေရာခံနိုင်သည့် နည်းပညာကို တရုတ်ထံမှ စစ်တပ်က ဝယ်ယူအသုံးပြုနေ – KT

ထိုင်း-မြန်မာ အမှတ် ၁ တံတား စစ်ဆေးရေးဂိတ်မှ BGF များကို စစ်တပ်က ဖယ်ရှား – KT

ဒေါက်တာအေးမောင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြု လိုက် – THN

#RangoonScoutNetwork
Please open Telegram to view this post
VIEW IN TELEGRAM
👍8❤3
▪️စစ်မှုထမ်း အမှတ်စဉ် ၁၄ သင်တန်းဆင်း

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ရှိ ဂျိုးဖြူ တတက ၁ နှင့် လှည်းကူးမြို့နယ်ရှိ ဖောင်ကြီး စခတ ၁ တို့၌ စစ်မှုထမ်း အမှတ်စဉ် ၁၄ သင်တန်းဆင်းကြောင်း အကြမ်းဖက်စစ်တပ်မှ ယနေ့ စက်တင်ဘာ ၁၂ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

တတက ၁ မှ လူ ၃၆၀ ခန့်နှင့် စခတ ၁ မှ လူ ၁၈၀ ခန့် သင်တန်းဆင်းလာကြသည်ကို ၎င်းတို့ ထုတ်ပြန်ထားသည့် ဓာတ်ပုံများအရ သိရှိရသည်။

ဓာတ်ပုံ - စစ်ကော်မရှင် ဝါဒဖြန့်ချန်နယ်

12 Sep 2025
#RangoonScoutNetwork
🤬15👍3😢2
🔴 သန်လျင်မြို့ဟောင်းဘက် အစစ်အဆေးဝင်

ယနေ့ည ၈ နာရီခွဲခန့်တွင် သန်လျင်မြို့နယ်၊ သန်လျင်မြို့ဟောင်းအရှေ့ရပ်ကွက်၊ ဇီးကုန်း၌ အကြမ်းဖက်တပ်သား အင်အားအများအပြားဖြင့် အစစ်အဆေးဝင်နေကြောင်း သိရှိရသည်။ – Thanlyin Media

12 Sep 2025
#RangoonScoutNetwork
👍6
🟠 တောင်ဒဂုံ၊ ၂၆ ရပ်ကွက် ဧည့်စစ်သတိ

ယနေ့ည ၉ နာရီ ၁၀ မိနစ်ခန့်တွင် တောင်ဒဂုံမြို့နယ်၊ တောင်မြောက်လမ်းဆုံအနီး၊ ၂၆ ရပ်ကွက်၊ အုပ်ကြီးရုံး၌ စစ် SC ၁ စီးဖြင့် အကြမ်းဖက်တပ်သားများ ရောက်ရှိနေကြောင်း သတင်းရရှိသည်။ အောင်ဇေယျအိမ်ရာထဲ ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သိရသည်။

12 Sep 2025
#RangoonScoutNetwork
👍10
🔴 တာမွေ၊ ကျားကွက်သစ်ရပ်ကွက် ဧည့်စစ်

ယနေ့ည ၉ နာရီ ၂၀ မိနစ်ခန့်တွင် တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်၊ ဓမ္မစိန္တာလမ်း၊ အမှတ် ၂၅၊ ကွန်ဒိုတိုက်ထဲ အကြမ်းဖက်တပ်သားများ ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။ ည ၁၀ နာရီခန့်ထိ အဆိုပါနေရာတဝိုက်၌ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

12 Sep 2025
#RangoonScoutNetwork
👍6🔥3❤1🤬1
2025/10/22 15:22:49
Back to Top
HTML Embed Code: