Warning: Undefined array key 0 in /var/www/tgoop/function.php on line 65

Warning: Trying to access array offset on null in /var/www/tgoop/function.php on line 65
1107 - Telegram Web
Telegram Web
SCF Thadingyut Theme Certificate နောက်ဆုံးနေ့

SCF သီတင်းကျွတ် Certificate လှလှလေးတွေဟာ ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ (မြန်မာချိန် ညနေ ၆ နာရီအထိ) နောက်ဆုံးဖြစ်တာကြောင့် အချိန်မီယူထားနိုင်ဖို့ အကြည်ဓာတ်လေးတွေကို တိုက်တွန်းလိုက်ပါတယ်။

စစ်ဘေးရှောင်ပြည်သူများနှင့် ရဲဘော်များအတွက် SCF Platform တွင် လုံခြုံစိတ်ချစွာ ထောက်ပို့ရန်
📲 springcrowdfund.org

(မြန်မာပြည်တွင်းဆိုရင် VPN ခံပေးဖို့လိုပါတယ်)

တို့အတူချီတက်SCF
များများတွန်းရင်မြန်မြန်ရွေ့မယ်
#SpringCrowdFund
#YourSCFAccountYourPower
13🔥1🥰1👏1🫡1
SCF အကြည်ဓာတ်လေးများအတွက်
ချန်ဂင်တို့စခန်း စာအုပ်လက်ဆောင် ၁၀ အုပ်
_____

အားလုံးစောင့်မျှော်နေကြတဲ့ ဆရာ Soe Min ရဲ့ ချန်ဂင်တို့စခန်း အတွဲ(၁) စာအုပ်ထွက်လာပြီဖြစ်တဲ့အတွက် SCF အကြည်ဓာတ်လေးများကို (၁၀) အုပ် လက်ဆောင်ပေးမယ့် အစီအစဉ်လေး ယနေ့စတင်လိုက်ပါပြီ။

📒 ဘယ်လိုပါဝင်ရမလဲ?
အောက်တိုဘာလ ၁၀ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း SCF Account အသစ်ဖွင့်ရုံနဲ့ပါဝင်နိုင်မှာဖြစ်ပါတယ်။

📒 ဘယ်လိုရွေးချယ်မှာလဲ?
ကံထူးရှင် အကြည်ဓာတ်လေး (၁၀) ဦးကို အောက်တိုဘာ ၂၂ ရက်နေ့မှာ Live လွှင့်ကာ Random ရွေးချယ်သွားမှာဖြစ်ပါတယ်။ Registered ID ဖြင့်သာ ရွေးချယ်ပေးမှာဖြစ်တဲ့အတွက် အချက်အလက်ပိုင်းလုံခြုံရေးအပြည့်အဝစိတ်ချရပါတယ်။

📒 စာအုပ်ကိုဘယ်လိုထုတ်ယူရမလဲ?
ကံထူးရှင် ၁၀ ဦး အနေဖြင့် ချန်ဂင်တို့စခန်း Page Messenger မှာ ကိုယ်တိုင်တိုက်ရိုက်ချိတ်ဆက်ကာ ထုတ်ယူနိုင်မှာဖြစ်ပြီး စာအုပ်ကျသင့်ငွေကို SCF မှဝယ်ယူပေးထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ကံထူးရှင်များအနေဖြင့် Delivery အတွက်သာ မိမိ၏နိုင်ငံအလိုက် စီစဉ်ကုန်ကျရမှာဖြစ်ပါတယ်။

SCF Account ဖွင့်ပြီး တော်လှန်သူဆရာဝန်တစ်ယောက်ရဲ့ ကိုယ်တွေ့မှတ်တမ်းတွေကို အတူတူတန်ဖိုးထားဖတ်ကြရအောင် 🤍

𝙎𝘾𝙁 𝘼𝙘𝙘𝙤𝙪𝙣𝙩 ဖွင့်ရန်လင့်
springcrowdfund.org/signin

𝙎𝘾𝙁 𝘼𝙘𝙘𝙤𝙪𝙣𝙩 ဖွင့်နည်းလမ်းညွှန်
facebook.com/share/p/1BT6P9jcZS

Your SCF Account, Your Power for The Revolution
များများတွန်းရင် မြန်မြန်ရွေ့မယ် 💪

#SpringCrowdFund #YourSCFAccountYourPower
9🥰3
Spring Crowdfund pinned «SCF အကြည်ဓာတ်လေးများအတွက် ချန်ဂင်တို့စခန်း စာအုပ်လက်ဆောင် ၁၀ အုပ် _____ အားလုံးစောင့်မျှော်နေကြတဲ့ ဆရာ Soe Min ရဲ့ ချန်ဂင်တို့စခန်း အတွဲ(၁) စာအုပ်ထွက်လာပြီဖြစ်တဲ့အတွက် SCF အကြည်ဓာတ်လေးများကို (၁၀) အုပ် လက်ဆောင်ပေးမယ့် အစီအစဉ်လေး ယနေ့စတင်လိုက်ပါပြီ။ 📒 ဘယ်လိုပါဝင်ရမလဲ?…»
ကလေးငယ်များအပါအဝင် အရပ်သားပြည်သူများ သေဆုံးခဲ့ရတဲ့ ချောင်းဦးမြို့နယ် ဆီမီးထွန်းပွဲကို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအပေါ် ရှုတ်ချကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံး နဲ့ ဩစတေးလျ သံရုံးတွေက ထုတ်ပြန်လာပါတယ်။

ထိခိုက်ဒဏ်ရာရခဲ့သူများအတွက် ပြည်သူမှပြည်သူသို့ လုံခြုံစိတ်ချစွာ တိုက်ရိုက်ကူညီနိုင်စေဖို့ Spring CrowdFund (SCF) Platform မှာ “ချောင်းဦးပြည်သူများအတွက် SCF နဲ့အတူ ဖေးမကူ” ကမ်ပိန်းကို အောက်တိုဘာလ ၉ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့အထိပြုလုပ်ထားပါတယ်။

လက်ရှိမှာ ၃၅ သိန်းကျော် ရရှိထားပြီး ရရှိသမျှငွေများအားလုံးကို "စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်" မှတဆင့် ထိခိုက်ဒဏ်ရာရချောင်းဦးပြည်သူများအတွက် အမြန်ဆုံး လှူဒါန်းကူညီသွားမှာဖြစ်ပါတယ်။

ကူညီပါဝင်ရန်လင့်
https://springcrowdfund.org/campaign/77651a71-5972-4f94-a973-10b387b85123

(မြန်မာပြည်တွင်းဆိုရင် VPN ခံပေးဖို့လိုပါတယ်)

#SpringCrowdFund
14
ဉာဏ်ပညာနဲ့ တော်လှန်ခြင်း
_____________________

အကြည်ဓာတ်ရေဒီယို Podcast အပိုင်း(၄) မှာ "ဉာဏ်ပညာနဲ့တော်လှန်ခြင်း" ခေါင်းစဉ်ဖြင့်...

@SpringCrowdFund မှ ကိုထိန်လင်းနဲ့အတူ...

Special Guest အဖြစ် SCF Platform မှာ "ရဲဘော် ၂၀ စာ၊ မိုးဗြဲ URF ကျည်ကာ" ကမ်ပိန်းပြုလုပ်နေတဲ့ မြို့ပြတော်လှန်ရေးတပ်ဦး Urban Revolutionary Front မှ တာဝန်ခံ ကိုထက် တို့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။

မိဘပြည်သူများအနေနဲ့လည်း လာရောက်နားထောင်ရင်း မိမိရဲ့ အမြင်နဲ့ ယုံကြည်ချက်များကို လွတ်လပ်စွာဝေမျှဆွေးနွေးနိုင်ဖို့အတွက် လေးစားစွာ ဖိတ်ခေါ်ပါတယ်။

🟥 11 Oct, Saturday ( မြန်မာစံတော်ချိန် ည ၈နာရီ )
𝑳𝒊𝒗𝒆 𝒐𝒏 𝑺𝒑𝒓𝒊𝒏𝒈 𝑪𝒓𝒐𝒘𝒅𝑭𝒖𝒏𝒅 𝑭𝒂𝒄𝒆𝒃𝒐𝒐𝒌 𝑷𝒂𝒈𝒆

#SpringCrowdFund
#YourSCFAccountYourPower
16
ရဲဘော်တွေရဲ့ မက်မွန်သီးလေးတွေကို ဆေးများများထိုးပြီး ကုသပေးနိုင်ဖို့အတွက် Project Health Shield ကမ်ပိန်းမှာ ပါဝင်ကူညီအားဖြည့်ပါ 😁

လက်ရှိမှာ သိန်း ၁၀၀ ကျော်ရရှိထားပြီမို့ တားဂတ်ပြည့်သွားတဲ့အထိ ဆက်လက်တွန်းကြရအောင်။

SCF Platform တွင် လုံခြုံစိတ်ချစွာ တိုက်ရိုက်ကူညီရန်
📲 https://springcrowdfund.org/campaign/5e67ae1c-e0ad-4e15-8b28-8712693286ca

(မြန်မာပြည်တွင်းဆိုရင် VPN ခံပေးဖို့လိုပါတယ်)

𝙎𝘾𝙁 𝘼𝙘𝙘𝙤𝙪𝙣𝙩 ဖွင့်ရန်လင့်
springcrowdfund.org/signin

𝙎𝘾𝙁 𝘼𝙘𝙘𝙤𝙪𝙣𝙩 ဖွင့်နည်းလမ်းညွှန်
facebook.com/share/p/1BT6P9jcZS

Your SCF Account, Your Power for The Revolution
များများတွန်းရင် မြန်မြန်ရွေ့မယ် 💪

တို့အတူချီတက်SCF
#SpringCrowdFund
#KSTStudio
#ProjectHealthShield
13😁2😎1
Media is too big
VIEW IN TELEGRAM
တော်လှန်ဆေးအဖွဲ့များအတွက် အတားအဆီးပေါင်း ၂၆ ခုကို ကျော်ဖြတ်မယ့်သူ 💪

ဗြိတိန်မှာပြုလုပ်တဲ့ The Commando Obstacles ပြိုင်ပွဲမှာ မြန်မာနိုင်ငံသား Ko Penter ပန်းတိုင်ကိုအောင်မြင်စွာရောက်ရှိနိုင်စေဖို့ အားပေးရင်း... ကမ်ပိန်းတားဂတ်မြန်မြန်ပြည့်သွားအောင်လည်း ဝိုင်းဝန်းကူကြရအောင်။ ရရှိသမျှငွေများအားလုံးကို Project Health Shield ကမ်ပိန်းကို ပြန်လည်အားဖြည့်သွားမှာဖြစ်ပါတယ်။

🏃‍♂️ https://springcrowdfund.org/campaign/ff956d1d-27fc-404c-a586-a3cdaf280179

(မြန်မာပြည်တွင်းဆိုရင် VPN ခံပေးဖို့လိုပါတယ်)

တို့အတူချီတက်SCF
များများတွန်းရင်မြန်မြန်ရွေ့မယ်
#SpringCrowdFund
#CommandoObstacles
23
စားသုံးဖို့ထက် ရှင်သန်ဖို့အတွက်ပါ
___________________________

အစားအစာဆိုတာ အသက်ရှင်နိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်ပါတယ်။ အိုးအိမ်တွေကို စွန့်ခွာရှောင်တိမ်းနေရတဲ့ စစ်ရှောင်ပြည်သူတွေအတွက် "ဒီနေ့ဘာဟင်းချက်စားရင်ကောင်းမလဲ"ဆိုတာထက် "စားစရာမှရှိပါ့မလား" "တနေ့နေ့မှာပြတ်လပ်သွားရင်ဘယ်လိုလုပ်မလဲ" ဆိုတဲ့ အပူတွေကို နေ့စဉ်ပိုရင်ဆိုင်ရပါတယ်။

မလွယ်တာတွေ့ရင် ပိုခက်တဲ့တခြားဘဝတွေကို ငဲ့ကြည့်ပါဦးဆိုသလို ပြည်သူမှပြည်သူသို့ ကိုယ့်ရဲ့လက်တကမ်းစာ ကူညီပေးမှုနဲ့ တဝမ်းတခါးစာ ဖြည့်ဆည်းပေးနိုင်ဖို့ "မျှဝေဖေးကူဒို့အတူ"ကမ်ပိန်းမှာ ပါဝင်ကူညီပေးရအောင်။

စစ်ဘေးရှောင်ပြည်သူများအတွက် SCF Platform တွင် လုံခြုံစိတ်ချစွာ တိုက်ရိုက်ကူညီရန်
💛 https://springcrowdfund.org/campaign/584e4812-f72c-431a-ab98-1fd55ca04f25

(မြန်မာပြည်တွင်းဆိုရင် VPN ခံပေးဖို့လိုအပ်ပါတယ်)

တို့အတူချီတက်SCF

#SpringCrowdFund
#YourSCFAccountYourPower
#CleanYangon
12
ချန်ဂင်တို့စခန်းကို SCF နဲ့အတူ အလည်သွားမယ်

အောက်တိုဘာလ ၁၀ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း SCF Account အသစ်ဖွင့်သူများမှ (၁၀) ဦးကို Random မဲနှိုက်ရွေးချယ်ကာ ဆရာစိုးမင်းရဲ့ချန်ဂင်တို့စခန်း အတွဲ(၁) စာအုပ်(၁၀)အုပ် ကို လက်ဆောင်ပေးမှာဖြစ်ပါတယ်။

📒 လက်ဆောင်အစီအစဥ်ကို အသေးစိတ်ဖတ်ရှုရန်
https://www.facebook.com/share/p/1ChKoQbqSq/

အောက်ပါစာစုကိုလည်း
#ချန်ဂင်တို့စခန်း မူရင်း post မှ​ကောက်နှုတ်တင်ပြ​ပေးလိုက်ပါတယ်။

စာအုပ်နဲ့ပတ်သက်ပြီး ပြောချင်တဲ့စကားတချို့ ရှိပါတယ်။

၁။ ဖေ့စ်ဘုတ်ပေါ်မှာ အလကားဖတ်လို့ရတဲ့၊ ဖတ်ပြီးသားလည်းဖြစ်၊ file တစ်ခုနဲ့ သပ်သပ်သိမ်းပြီးသားလည်း ဖြစ်တဲ့စာတွေကို ဘယ်သူကမှ ပိုက်ဆံပေးပြီး ဝယ်မဖတ်ဘူး လို့ ထင်ကောင်းထင်ပါမယ်။ စပြီးရေးကတည်းက စာအုပ်ထုတ်ဖို့၊ စာအုပ်ရောင်းဖို့ ရည်ရွယ်တာ မဟုတ်တဲ့အတွက် အဲ့ဒီကိစ္စကို နည်းနည်းလေးမှ စိတ်မပူပါဘူး။ ဖတ်စေ၊မှတ်စေ၊ ခံစားစေချင်လို့၊ အတွေးအမြင်ပြောင်းလဲဖို့ ရေးတာသာ ဖြစ်ပါတယ်။ အပိုင်း (၁) ကနေ (၃၃၈) ဇာတ်သိမ်းပိုင်းအထိ စိတ်ဝင်တစား စောင့်မျှော်ဖတ်ရှုကြတဲ့အတွက် အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့ပြီးသား လို့ ယူဆပါတယ်။ ပုံနှိပ်စာအုပ်အဖြစ် ထုတ်ဝေရတဲ့ အကြောင်းရင်းကတော့ ပျောက်ပျက် သွားမှာစိုးလို့ပါ။ Facebook Policy က Notes တွေကို သိမ်းမပေးတော့တဲ့အခါ အရင်တုန်းက notes အဖြစ်နဲ့ နှစ်ရှည်လများ ရေးထားတဲ့စာတွေ ဝင်ဖတ်လို့ မရတော့ပါဘူး။ Timeline ပေါ်မှာ ရေးတင်တာတွေကလည်း နှစ်ကြာလာတဲ့အခါ font တွေ ပြောင်းပြီး ဖတ်မရတော့ပါဘူး။ နဂိုက ယူနီကုဒ်နဲ့ ရေးထားလည်း font error က တက်တာပါပဲ။ တကယ်လို့များ ကိုယ့်အကောာင့်ကို ပျက်အောင်ကျအောင် တိုက်ခိုက်လာခဲ့ရင် အဲ့ဒီစာတွေ ပြန်ရှာလို့ မရနိုင်ပါဘူး။ ဒါကြောင့်မို့ စာအုပ်အဖြစ်နဲ့ သိမ်းပါတယ်။

၂။ “ဒါဆိုလည်း ပိုက်ဆံမယူပဲ အလကားလိုက်ဝေပါလား။ ဘယာကြော်ထုပ်လို့ရတယ်။ အိမ်သာကုန်းလို့ရတယ်။” လို့ အငေါ်တူးမယ့်သူတွေလည်း ရှိပါတယ်။ Follower 195K နဲ့ ကိုယ့်ရဲ့စာမျက်နှာဟာ monetization နဲ့ ပိုက်ဆံ ဝင်နေတာ မဟုတ်သလို ဘာကြော်ငြာမှလည်း လက်မခံပါဘူး။ ဒီစာအုပ်နဲ့ကျမှ “ဥုံး မန်းနီး မန်းနီး။ ကမ်းကမ်း။” လုပ်ရအောင် ငတ်ပြတ်နေတာလည်း မဟုတ်။ ဒီစာအုပ်ကို တန်ရာတန်ကြေးနဲ့ ရောင်းတဲ့အခါမှာ အဲ့ဒီပိုက်ဆံတွေကို ဘာလုပ်မှာလဲဆိုတဲ့ အကြံအစည်က ကိုယ့်မှာ ရှိပြီးသားပါ။ ဒါပေမယ့်အဲ့ဒါတွေကို အလုပ်ပြီးမှပဲ ချပြမယ်။ လူစည်ရာ ဘင်တီး မျက်လှည့်ပြပြီးမှ လျှာပွတ်ဆေး မရောင်းချင်ဘူး။ ကိုယ့်စာအုပ်ကိုယ်ရောင်းတာကို “ပိုက်ဆံတွေ ဘယ်ရောက်သွားလဲ။ ပြ။ ပြ။” ဆို ပွဲမဆူချင်ဘူး။ ဒါကြောင့်မို့ “ဝယ်ချင်ဝယ်။ မဝယ်ချင်နေ။ စာအုပ်ရောင်းလို့ ရတဲ့ ပိုက်ဆံ ကိုယ့်ဘာသာကိုယ် လုပ်ချင်ရာလုပ်မှာ။” လို့ ပြောပြီး ရောင်းချင်ပါတယ်။ ကိုယ့်စာဖတ်ပရိသတ်က ကိုယ်ဘာလုပ်မလဲ ဆိုတာ ပြောစရာမလိုပဲ သိပြီးသားပါ။ စာရေးသက် ၁၄-၅ နှစ်ရှိနေပြီ။ ဘယ်တုန်းက သောက်တလွဲလုပ်တာ မြင်ဖူးလို့လဲ။

၃။ ကိုယ့်စာအုပ်ကို လက်ဝယ်ထားရှိပြီးဖတ်တဲ့သူကို စစ်တပ်ကဖမ်းမိရင် ထောင်တသက်တကျွန်းတို့ သေဒဏ်တို့လည်း ပေးနိုင်ပါတယ်။ ကော့စမက်တစ်ရောင်းရင်တောင် ဖမ်းသေးတာကို။ ကိုယ့်အတွက်နဲ့ တပါးသူ ဒုက္ခရောက်မှာကို မလိုလားတဲ့အတွက် စာအုပ်ဖြန့်ချီရေးကို တတ်နိုင်သမျှ သိုသိုသိပ်သိပ် လုပ်ဆောင်ပါမယ်။ စာအုပ်အမှာစာကို “ချန်ဂင်တို့စခန်း” page ကို messenger က စာပို့ ငွေချေပြီး တိုက်ရိုက်မှာကြားနိုင်ပါတယ်။ သက်ဆိုင်ရာနိုင်ငံမှာရှိတဲ့ မိတ်ဆွေတဦးဦးကတဆင့် မရောက်ရောက်အောင် ပို့ပေးပါမယ်။ ကြားထဲမှာ ငွေကြေးလိမ်လည်မှုတွေ၊ အလံရှူးတွေနဲ့ လိုက်စုံစမ်းပြီး အကောင့်ပိတ်ခံရအောင်လုပ်တာတွေ ရှိလာနိုင်တဲ့အတွက် ရောင်းသူဝယ်သူ တိုက်ရိုက်စကားပြောတာပဲ ကောင်းပါမယ်။

၄။ ပြည်တွင်းက စာအုပ်လိုချင်တဲ့သူလည်း တော်တော်များများ ရှိမှာပါ။ ဖတ်တဲ့သူ၊ ဝယ်တဲ့သူ၊ သယ်တဲ့သူ အကုန် အန္တရာယ်ရှိနိုင်တဲ့ ကိစ္စမို့လို့ လူချင်းသေချာမသိတဲ့ သူစိမ်းတွေကို မရောင်းပါဘူး။ စာအုပ်ဖိုးရင်းပြီး တသီကြီး လိုက်ဖမ်းမှာ စိုးလို့ပါ။ စိတ်ချရတဲ့နည်းလမ်းနဲ့ အရောက်ပို့နိုင်ဖို့တော့ စီစဉ်နေပါတယ်။ စာအုပ်ကိုယ့်လက်ထဲရောက်တဲ့အခါမှာတော့ “ဒီစာအုပ်ကြောင့် ငါအဖမ်းခံရတာ။” ဆိုပြီး စိတ်ဒဏ်ရာမရရလေအောင် စစ်သားတွေရှေ့ သွားသွားဖတ်မပြနဲ့ဦးပေါ့။ City Mart တို့၊ စာပေလောကတို့မှာ တင်ရောင်းနိုင်တဲ့အချိန်လည်း ရောက်လာမှာပါ။ ရန်ကုန် ရင် ရန်ကုန်ရောက်မှာပေါ့။ ရှင်းရှင်းလေးရယ်။

၅။ အလွယ်ကူဆုံး နဲ့ အမြန်ဆုံး စာအုပ်လက်ထဲ ရောက်တဲ့နည်းတစ်နည်း ရှိပါတယ်။ ထိုင်းနိုင်ငံမှာ ရှိတဲ့မိတ်ဆွေများ လိုချင်သလောက် ဝယ်ယူမှာကြားရင် ရက်ပိုင်းအတွင်း ရောက်အောင် ပို့ပေးပါမယ်ဗျ။

လှိုက်လှဲစွာ ကျေးဇူးတင်ပါသည်။

#ဒေါက်တာစိုးမင်း (ငွေစန်းရောင်)

SCF Account ဖွင့်ပြီး တော်လှန်သူဆရာဝန်တစ်ယောက်ရဲ့ ကိုယ်တွေ့မှတ်တမ်းတွေကို အတူတူတန်ဖိုးထားဖတ်ကြရအောင် 🤍

𝙎𝘾𝙁 𝘼𝙘𝙘𝙤𝙪𝙣𝙩 ဖွင့်နည်းလမ်းညွှန်
facebook.com/share/p/1BT6P9jcZS

#SpringCrowdFund #YourSCFAccountYourPower
9
Project Luke ကမ်ပိန်းကို SCF Platform မှတဆင့် သိန်း ၄၃၀ ကျော်ပါဝင်ကူညီပေးနိုင်ခဲ့

"Project Luke" ကမ်ပိန်းကို ဩဂုတ်လ ၁၇ရက်မှ စက်တင်ဘာလ ၁၇ ရက်နေ့အတွင်း SCF Platform မှတဆင့် သိန်း ၄၃၀ ကျော် ( ၄၃,၈၄၄,၁၆၈ ကျပ်) စုပေါင်းကူညီပေးနိုင်ခဲ့ပြီး၊ SCF Team မှ ကမ်ပိန်းပြီးနောက် ရက်အနည်းငယ်အတွင်းမှာပဲ ရရှိငွေများအားလုံးကို လုကာဆေးရုံအတွက် တိကျမြန်ဆန် အောင်မြင်စွာလွှဲပြောင်းပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ပါဝင်ကူညီအားဖြည့်ပေးကြတဲ့ အကြည်ဓာတ်လေးများ တဦးတယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။ 💙

တို့အတူချီတက် SCF
https://springcrowdfund.org

(မြန်မာပြည်တွင်းမှ SCF အသုံးပြုမယ်ဆိုရင် VPN ခံပေးနော်)

#SpringCrowdFund
#YourSCFAccountYourPower
12
ချန်ဂင်တို့စခန်း စာအုပ်လက်ဆောင်(၁၀)အုပ် အစီအစဉ်မှာ ဘယ်လိုပါဝင်နိုင်မလဲ ?

📒 SCF Account မဖွင့်ရသေးသူများအနေနဲ့ အောက်တိုဘာလ ၁၀ ရက်မှ ၂၀ ရက်နေ့အတွင်း Account ဖွင့်ပြီး စာအုပ်လက်ဆောင်အစီအစဉ်လေးမှာ ပါဝင်နိုင်ပါတယ်။

📒 SCF Account ဖွင့်ထားပြီးသူများအနေနဲ့လည်း စာအုပ်ကောင်းဆိုရင် ချစ်ရသူတွေနဲ့အတူတူ ဝေမျှဖတ်လေ့ရှိကြတဲ့အတိုင်း ချစ်ခင်ရတဲ့ မိသားစုဝင်၊ချစ်သူ၊သူငယ်ချင်းတွေကို စာအုပ်လက်ဆောင်အစီအစဉ်လေးအကြောင်းပြောပြပြီး Account ဖွင့်နိုင်အောင်ကူညီပေးလိုက်မယ်ဆိုရင် အလွန်အကျိုးရှိမှာပါ။ အကူအညီလိုအပ်ပါက Spring CrowdFund Facebook Page Messenger ကိုလည်း ညွှန်ပေးလို့ရပါတယ်။

📒 ချန်ဂင်တို့စခန်း စာအုပ်လက်ဆောင်အစီအစဉ်အကြောင်း အသေးစိတ်ဖတ်ရှုရန်
https://www.facebook.com/share/p/1ChKoQbqSq/

𝙎𝘾𝙁 𝘼𝙘𝙘𝙤𝙪𝙣𝙩 ဖွင့်ရန်လင့်
springcrowdfund.org/signin

𝙎𝘾𝙁 𝘼𝙘𝙘𝙤𝙪𝙣𝙩 ဖွင့်နည်းလမ်းညွှန်
facebook.com/share/p/1BT6P9jcZS

(မြန်မာပြည်တွင်းဆိုရင် SCF ထဲဝင်တဲ့အခါ VPN ခံပေးဖို့လိုအပ်ပါတယ်)

တို့အတူချီတက်SCF
#SpringCrowdFund #YourSCFAccountYourPower
13
"မွေးနေ့ချိန်ခါ ပြည်သူ့မေတ္တာ" ကျည်ကာကမ်ပိန်းကို SCF Platform မှ ၃၁ သိန်းကျော်ပါဝင်အားဖြည့်ပေးနိုင်ခဲ့

"မွေးနေ့ချိန်ခါ ပြည်သူ့မေတ္တာ " ကျည်ကာကမ်ပိန်း ကို ဇူလိုင် ၁၆ မှ ဩဂုတ် ၃၀ ရက်အတွင်း SCF Platform မှတဆင့် ၃၁ သိန်းကျော်(၃,၁၀၁,၀၀၀ ကျပ်) စုပေါင်းအားဖြည့်ပေးနိုင်ခဲ့ပြီး SCF Team မှ ကမ်ပိန်းပြီးနောက် ၄၈ နာရီအတွင်းမှာပဲ ရရှိငွေများအားလုံးကို Ranger Kalay Defend Force မှရဲဘော်၊ရဲမေများအတွက် တိကျမြန်ဆန် အောင်မြင်စွာလွှဲပြောင်းပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ပါဝင်ကူညီအားဖြည့်ပေးကြတဲ့ အကြည်ဓာတ်လေးများ တဦးတယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

တို့အတူချီတက် SCF
https://springcrowdfund.org

(မြန်မာပြည်တွင်းမှ SCF အသုံးပြုမယ်ဆိုရင် VPN ခံပေးဖို့လိုအပ်ပါတယ်)

#SpringCrowdFund
#YourSCFAccountYourPower
#Certificate
10
ချောင်းဦး ဆီမီးထွန်းပွဲကို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သူများအတွက် ပြည်သူမှပြည်သူသို့ လုံခြုံစိတ်ချစွာ တိုက်ရိုက်ကူညီနိုင်စေဖို့ @SpringCrowdFund မှာ “ချောင်းဦးပြည်သူများအတွက် SCF နဲ့အတူ ဖေးမကူ” ကမ်ပိန်းကို အောက်တိုဘာ ၉ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့ပါတယ်။

ကမ်ပိန်းမှ ကနဦးရရှိငွေ သိန်း (၁၀၀) ကျပ်တိတိကို လိုအပ်တဲ့ ကယ်ဆယ်ကုသထောက်ပံ့ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် @SpringCrowdFund မှ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်သို့ ပထမအကြိမ်အဖြစ် မြန်ဆန်စွာ လွှဲပြောင်းပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း ပါဝင်ကူညီပေးကြတဲ့ မိဘပြည်သူများကို လေးစားစွာတင်ပြအပ်ပါတယ်။

အောက်ပါလင့်ထဲသို့ဝင်၍ "ချောင်းဦးပြည်သူများအတွက် SCF နှဲ့အတူ ဖေးမကူ" ကမ်ပိန်းတွင် နိုဝင်ဘာ ၂ ရက်နေ့အထိ ဆက်လက်ပါဝင်ကူညီနိုင်ပါတယ်။
https://springcrowdfund.org/campaign/77651a71-5972-4f94-a973-10b387b85123

(မြန်မာပြည်တွင်းဆိုလျှင် VPN ခံပေးရန်လိုအပ်ပါသည်)

#SpringCrowdFund
12😁1
2025/10/23 14:58:07
Back to Top
HTML Embed Code: