RSN WEB
▪️ရန်ကုန်မြို့ထဲဘက် လုံခြုံရေးတင်းကြပ်၊ စကမ ထိပ်သီးပိုင်း လာဖို့ရှိပုံရ ယနေ့ မနက်အစောပိုင်းကပင် လမ်းမတော်မြို့နယ်၊ ဘုန်းကြီးလမ်းတလျှောက်နှင့် ပတ်ဝန်းကျင်၊ ရန်ကုန် - ဒလတံတားသစ် အပေါ်အောက်တို့၌ အကြမ်းဖက်တပ်သား အင်အားအများအပြား ချထားသည်။ တံတားသစ်ပေါ် သွားသည့်…
▪️မင်းအောင်လှိုင် ရန်ကုန်မှာ ရှိနေခဲ့
ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ မနက်ပိုင်းတွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရန်ကုန်မြို့ထဲ ရှိနေခဲ့သည်။ ရန်ကုန်-ဒလ တံတားသစ်သို့ ကွန်ကရစ်သွန်း တံတားဆက်ဖို့ဆိုကာ ကနဦး လာရောက်ခဲ့သည်။ ထို့နောက် အရှေ့ဒဂုံမြို့နယ် လေးထောင့်ကန်ဘက်၌ စစ်မှုထမ်းဟောင်းများအတွက် တည်ဆောက်နေသည့် အိမ်ရာထဲ ဝင်ရောက်သွားခဲ့ကြောင်း စစ်ကော်မရှင်မှ သတင်းထုတ်ပြန်ထားသည်။ ယခင် ဇန်နဝါရီလကလည်း ၎င်းတည်ဆောက်ဆဲအိမ်ရာကို မင်းအောင်လှိုင် ဝင်ရောက်သွားခဲ့သေးသည်။ အဆိုပါအိမ်ရာနေရာကို စစ်မှုထမ်းဟောင်းမြို့အဖြစ် တည်ဆောက်ဖို့ ရည်ရွယ်ထားသည်ဟုလည်း ဆိုသည်။
ဓာတ်ပုံ - စကမ ချန်နယ်
10 Oct 2025
#RangoonScoutNetwork

🔥13🥴4👍3🤬3🤯1
🟠 တာမွေ၊ ကျောက်မြောင်းကြီးရပ်ကွက် ဧည့်စစ်သတိ
ယနေ့ည ၉ နာရီ ၄၀ မိနစ်ခန့်တွင် တာမွေမြို့နယ်၊ ကျောက်မြောင်းလမ်း၊ ကျောက်မြောင်းကြီးရပ်ကွက်ရုံး၌ အကြမ်းဖက် စစ်သား၊ ရဲ၊ ထွေအုပ်၊ လဝက အဖွဲ့စုံရောက်ရှိနေကြောင်း သတင်းရရှိသည်။ ရပ်ကွက်ထဲ ဧည့်စစ်ဝင်နိုင်ချေရှိသည်။ – RSG
11 Oct 2025

❤5
🟠 အရှေ့ဒဂုံ၊ ၆ နှင် ၇ ရပ်ကွက် ဧည့်စစ်သတိ
ယနေ့ည အရှေ့ဒဂုံမြို့နယ်၊ ၆ ရပ်ကွက် နှင့် ၇ ရပ်ကွက်ထဲ ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သိရှိရသည်။ လျှပ်စစ်မီးလည်း ပျက်နေသည်။ – RSG
11 Oct 2025
#RangoonScoutNetwork
ယနေ့ည အရှေ့ဒဂုံမြို့နယ်၊ ၆ ရပ်ကွက် နှင့် ၇ ရပ်ကွက်ထဲ ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သိရှိရသည်။ လျှပ်စစ်မီးလည်း ပျက်နေသည်။ – RSG
11 Oct 2025
#RangoonScoutNetwork
👍3
🔴 မြောက်ဥက္ကလာ၊ ည ရပ်ကွက် ဧည့်စစ်
ယနေ့ည ၁၀ နာရီခန့်တွင် မြောက်ဥက္ကလာမြို့နယ်၊ ည ရပ်ကွက်၊ ဘုမ္မာ ၂၁ လမ်းတဝိုက် အကြမ်းဖက် တပ်သား အင်အားအများအပြားဖြင့် ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ – RSG
11 Oct 2025
#RangoonScoutNetwork
ယနေ့ည ၁၀ နာရီခန့်တွင် မြောက်ဥက္ကလာမြို့နယ်၊ ည ရပ်ကွက်၊ ဘုမ္မာ ၂၁ လမ်းတဝိုက် အကြမ်းဖက် တပ်သား အင်အားအများအပြားဖြင့် ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ – RSG
11 Oct 2025
#RangoonScoutNetwork
👍3
⚫️ ဗိုလ်တထောင်ဘုရားအနီး ရိုက်နှက်လူဆွဲ
ယမန်နေ့ အောက်တိုဘာ ၁၀ ရက် ည ၁၀ နာရီခန့်တွင် ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်းနှင့် ၅၃ လမ်းထောင့်၊ ဗိုလ်တထောင်ဘုရားရှေ့ ၂၄ ဂိတ်အနီး၌ ယောကျ်ားလေး ၂ ဦး လမ်းလျှောက်သွားလာနေစဉ် လှည့်ကင်းကား ၁ စီးဖြင့် အကြမ်းဖက်တပ်သားများ ရောက်ရှိလာပြီး ရိုက်နှက်ဖမ်းခေါ်သွားကြောင်း သိရှိရသည်။ – RSG

🔥5🤬1
🔴 တောင်ဒဂုံ၊ ၇၀ ရပ်ကွက် ဧည့်စစ်
ယနေ့ည ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် တောင်ဒဂုံမြို့နယ်၊ ၇၀ ရပ်ကွက်ထဲ အကြမ်းဖက် စစ်သား၊ ရဲ၊ လဝက နှင့် ဆိုင်ကယ်ဘေးတွဲများ ဧည့်စစ်ဝင်နေကြောင်း ကနဦး သတင်းရရှိသည်။
11 Oct 2025
#RangoonScoutNetwork
ယနေ့ည ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် တောင်ဒဂုံမြို့နယ်၊ ၇၀ ရပ်ကွက်ထဲ အကြမ်းဖက် စစ်သား၊ ရဲ၊ လဝက နှင့် ဆိုင်ကယ်ဘေးတွဲများ ဧည့်စစ်ဝင်နေကြောင်း ကနဦး သတင်းရရှိသည်။
11 Oct 2025
#RangoonScoutNetwork
👍6❤1
⚫️ တောင်ဥက္ကလာတွင် မိန်းကလေး ၂ ဦးကို ဝင်ဖမ်းသွား၊ ရွေးကောက်ပွဲဆန့်ကျင်လို့ဟု ဆို
ယမန်နေ့ အောက်တိုဘာလ ၁၁ ရက် ည ၉ နာရီခန့် မီးပျက်နေချိန်တွင် တောင်ဥက္ကလာမြို့နယ်ရှိ အဆောင် ၁ ခုထဲ အကြမ်းဖက်စစ်သားများ ဝင်ရောက်လာပြီး မိန်းကလေး ၂ ဦးကို ဖမ်းခေါ်သွားကြောင်း သိရှိရသည်။ ဆိုရှယ်မီဒီယာပေါ်တွင် စကမ ရွေးကောက်ပွဲကို ဆန့်ကျင်သည့်ပို့စ်များ တင်လို့ဟုဆိုကာ ဖမ်းခေါ်သွားသည်ဟု ဆိုသည်။ အဆောင်တွင် မိန်းကလေး ၅ ဦးခန့်သာ နေထိုင်ကြသည်။
Source: AAMIJ
12 Oct 2025

🤬23🔥2
🟠 တာမွေ၊ ဌေးကြွယ်ရပ်ကွက် ဧည့်စစ်သတိ
ယနေ့ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် တာမွေမြို့နယ်၊ ဌေးကြွယ်ရပ်ကွက်၊ ဇောတိကလမ်းထဲရှိ အုပ်ချုပ်ရေးမှူးရုံး၌ အကြမ်းဖက်တပ်သားများ ရောက်ရှိနေကြောင်း သိရှိရသည်။ ဧည့်စစ်ဝင်ဖို့ ရှိပုံရသည်။ – Tamwe Nway Oo
12 Oct 2025
#RangoonScoutNetwork
ယနေ့ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် တာမွေမြို့နယ်၊ ဌေးကြွယ်ရပ်ကွက်၊ ဇောတိကလမ်းထဲရှိ အုပ်ချုပ်ရေးမှူးရုံး၌ အကြမ်းဖက်တပ်သားများ ရောက်ရှိနေကြောင်း သိရှိရသည်။ ဧည့်စစ်ဝင်ဖို့ ရှိပုံရသည်။ – Tamwe Nway Oo
12 Oct 2025
#RangoonScoutNetwork
👍7
⚫️ တာမွေ၊ ကျားကွက်သစ်ရပ်ကွက်ထဲ လူလိုက်ဆွဲ
အောက်တိုဘာလ ၁၀ ရက်နေ့တွင် တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်၊ မဂ္ဂင်လမ်းနှင့် ဓမ္မဝိဟာရလမ်းထောင့်၌ တွန်းလှည်းနှင့် ထမင်း/ဟင်း ရောင်းနေသည့် ရခိုင်လူမျိုး ယောကျ်ားလေး ၁ ဦးကို လူ ၁ စုမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကနဦး သိရှိရသည်။ – TaMwE Group
12 Oct 2025
#RangoonScoutNetwork
အောက်တိုဘာလ ၁၀ ရက်နေ့တွင် တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်၊ မဂ္ဂင်လမ်းနှင့် ဓမ္မဝိဟာရလမ်းထောင့်၌ တွန်းလှည်းနှင့် ထမင်း/ဟင်း ရောင်းနေသည့် ရခိုင်လူမျိုး ယောကျ်ားလေး ၁ ဦးကို လူ ၁ စုမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကနဦး သိရှိရသည်။ – TaMwE Group
12 Oct 2025
#RangoonScoutNetwork
🔥9
ဗန်းမော်မြို့ထဲ တပ်စွဲထားသော နေရာ ၅ ခုထက်မနည်းကို KIA ပူးပေါင်းတပ်များက ပြန်လည် တိုက်ခိုက်သိမ်းပိုက် – KT
ဧရာဝတီတိုင်း၊ မြို့နယ် ၅ ခုတွင် AA ၊PDF ပူးပေါင်းတပ်များနှင့် စစ်တပ်အကြား တိုက်ပွဲများ ပြင်းထန်နေ – KT
•
လူဒါဇင်ချီသေဆုံးသည့် သီတင်းကျွတ်မီးထွန်းပွဲကို စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု ကုလအပါအဝင် နိုင်ငံတကာက ပြင်းပြင်းထန်ထန် ရှုတ်ချ – KT
ARSA နှင့် RSO အဖွဲ့များကို ထောက်ပံ့နေသည့် ဘင်္ဂလားဒေ့ရှ် BGF တချို့ကို အရေးယူပေးရန် AA က ဘင်္ဂလားဒေ့ရှ်အစိုးရကို ထပ်မံတိုက်တွန်း – KT
•
စကမ မဲစာရင်း တစ်ပတ်ထပ်တိုးကြေညာ – BBC
စကမ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လာမယ့် အာဆီယံ ထိပ်သီး အစည်းအဝေးမှာ ဆွေးနွေးမယ် – THN
စစ်တပ်၏ ရွေးကောက်ပွဲကို ငြင်းပယ်ရန် NUG နှင့် တိုင်းရင်းသားတော်လှန်ရေးတပ်များက အာဆီယံကို တောင်းဆို – KT
•
စဉ်းကူးတွင် ပြည်သူနှင့် ဆက်ဆံရာတွင် အပြုအမူပိုင်း အားနည်းလျော့ရဲသည့် PDF ရဲဘော်များအားလုံးကို အရေးယူမည် – KT
ပြင်ဦးလွင် ရေတံခွန်တောင်တွင် ပြုတ်ကျသေဆုံးသွားသော အမေရိကန်နိုင်ငံသူ၏ အရိုးပြာကို အမေရိကန်သို့ ပြန်သယ်၊ မသန်စွမ်းများအတွက် ဆရာမ လုပ်နေသူဖြစ် – KT
#RangoonScoutNetwork
Please open Telegram to view this post
VIEW IN TELEGRAM
❤5
ယခု ရက်သတ္တပတ် [October 6 - 12, 2025] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၇ ခု ခွဲ၍ ဖော်ပြထားသည်။
▪️အဖမ်းအဆီးဖြစ်စဉ်များ
· ယခု ရက်သတ္တပတ်ထဲ မတရား ဖမ်းဆီးခံခဲ့ရသူတို့အနက် မြို့နယ် ၅ မြို့နယ်တို့မှ လူ ၈ ဦး၏ ဖြစ်စဉ်ကို သိရှိလိုက်ရသည်။
· သင်္ဃန်းကျွန်း၊ ဗဟန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်နှင့် တောင်ဥက္ကလာမြို့နယ်တို့၌ ဖမ်းဆီးခံခဲ့ကြရခြင်းဖြစ်သည်။
· ရှာဖွေဖမ်းဆီးခံရသူ ၄ ဦးနှင့် ရမ်းသမ်းဖမ်းဆီးခံရသူ ၄ ဦးတို့ ပါဝင်သည်။
· ရှာဖွေဖမ်းဆီးခံရသူ ၄ ဦးမှာ ရွေးကောက်ပွဲဆန့်ကျင်သောကြောင့်ဟုဆိုကာ ဖမ်းခံရသူ ၂ ဦးနှင့် စစ်မှုထမ်းအတွက် ရှာဖွေဖမ်းဆီးခံရသူ ၂ ဦး တို့ဖြစ်သည်။
· ရမ်းသမ်းဖမ်းဆီးခံရသူများမှာ လမ်းမပေါ်သွားလာနေစဉ် ဖမ်းဆီးခံကြရခြင်းဖြစ်သည်။
· နာမည်ကျော် အနုပညာရှင်တို့၏ အတွင်းရေးများကို ဝေဖန်ပြောဆိုသူ အွန်လိုင်း ဆယ်လီ သမီးဆိုး (ခ) သက်ကိုကို ကို မင်္ဂလာဒုံလေဆိပ်၌ စစ်ကော်မရှင်မှ ဖမ်းဆီးခဲ့ပြီး ၆၆ (ဃ) ဖြင့် အမှုတပ်ထားကြောင်းလည်း သိရသည်။
▪️လွတ်ရက်စေ့သူ နိုင်ကျဉ်းကို ထောင်ဘူးဝတွင် ပြန်ဖမ်း
· အောက်တိုဘာလ ၁၁ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်မှ လွတ်ရက်စေ့၍ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ကိုဇော်ဝမ်းမောင်ကို ထောင်ဘူးဝ၌ စစ်ကော်မရှင်မှ ပြန်လည်ဖမ်းဆီးသွားကြောင်း မီဒီယာသတင်းများမှ သိရှိရသည်။
· အကြမ်းဖက်ပုဒ်မ ၅၂ (က) တပ်ပြီး လှိုင်မြို့နယ်၊ ပိတောက်ရဲစခန်းသို့ ဖမ်းခေါ်သွားခြင်းဖြစ်သည်။
· ကိုဇော်ဝမ်းမောင်သည် အသက် ၅၃နှစ် အရွယ်ရှိပြီဖြစ်ပြီး ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့၌ ပါဝင်လှုပ်ရှားခဲ့သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည်။
· သူ့ ဇနီးနှင့် သား ၂ ဦးတို့ကိုလည်း အကြမ်းဖက်စစ်ကော်မရှင်မှ ဖမ်းဆီးပြီး ထောင်ချထားသည်။
▪️မူးယစ်ဆေးများ ဖမ်းမိပြီး AA ခေါင်းစဉ်တပ်
· ရန်ကုန်မြို့မှတဆင့် ရခိုင်ပြည်နှင့် မလေးရှားနိုင်ငံများသို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများကို စက်တင်ဘာလကုန်ပိုင်းတွင် ဖမ်းမိခဲ့ကြောင်း စစ်ကော်မရှင်မှ သတင်းထုတ်ပြန်ထားသည်။
· ငွေကျပ် ၁၉၅.၈၅ ဘီလီယံခန့်တန်ဖိုးရှိ အိုက်စ် ၃၄၃၈ ကီလိုဂရမ်၊ ကတ်တမင်း ၂၁၉၈ ကီလိုဂရမ် တို့ ဟု ဆိုသည်။
· လှည်းကူး၊ ရွှေပြည်သာ၊ ထန်းတပင်၊ သုံးခွ၊ လှိုင်သာယာနှင့် တွံတေးမြို့နယ်တို့၌ ဖမ်းဆီးမိခဲ့သည်ဟု ဖော်ပြထားသည်။
· AA အဖွဲ့မှ ပို့ဆောင်ဖို့ ပြင်ဆင်နေခဲ့သည်ဟု အမည်တပ်ထားသည်။
▪️စစ်မှုထမ်း သင်တန်းဆင်း
· စစ်မှုထမ်း အမှတ်စဉ် ၁၅ သင်တန်းဆင်းကြောင်း အကြမ်းဖက်စစ်တပ်မှ အောက်တိုဘာလ ၁၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
· တိုက်ကြီးမြို့နယ်ရှိ ဂျိုးဖြူ တတက ၁ မှ လူ ၂၄၀ ခန့် သင်တန်းဆင်းလာကြသည်ကို ၎င်းတို့ ထုတ်ပြန်ထားသည့် ဓာတ်ပုံများအရ သိရှိရသည်။
▪️မင်းအောင်လှိုင် ရန်ကုန်မှာ ရှိနေခဲ့
· အောက်တိုဘာလ ၁၀ ရက်နေ့ မနက်ပိုင်းတွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရန်ကုန်မြို့ထဲ ရှိနေခဲ့သည်။
· ရန်ကုန်-ဒလ တံတားသစ်သို့ ကွန်ကရစ်သွန်း တံတားဆက်ဖို့ဆိုကာ ကနဦး လာရောက်ခဲ့သည်။ ထို့နောက် အရှေ့ဒဂုံမြို့နယ် လေးထောင့်ကန်ဘက်၌ စစ်မှုထမ်းဟောင်းများအတွက် တည်ဆောက်နေသည့် အိမ်ရာထဲ ဝင်ရောက်သွားခဲ့ကြောင်း စစ်ကော်မရှင်မှ သတင်းထုတ်ပြန်ထားသည်။
· ယခင် ဇန်နဝါရီလကလည်း ၎င်းတည်ဆောက်ဆဲအိမ်ရာကို မင်းအောင်လှိုင် ဝင်ရောက်သွားခဲ့သေးသည်။ အဆိုပါအိမ်ရာနေရာကို စစ်မှုထမ်းဟောင်းမြို့အဖြစ် တည်ဆောက်ဖို့ ရည်ရွယ်ထားသည်ဟုလည်း ဆိုသည်။
▪️ပက်စ်ပို့ဈေး
· ပိုက်ဆံ ကျပ် ၅ သိန်း ၅ သောင်းပေးပါက ၅ ရက်အတွင်း ပက်စ်ပို့စ်အပြီးရနိုင်ကြောင်း စစ်ကော်မရှင်မှ ထုတ်ပြန်ထားသည်။
· ပုံမှန်အတိုင်း ဆက်လုပ်လိုသူများလည်း ကျပ် ၄ သောင်းခွဲဖြင့် QR ယူနိုင်သည်ဟု ဆိုသည်။
▪️ဧည့်စစ်လူရှာဖြစ်စဉ်များ
· ယခု သီတင်းပတ်အတွင်း ဧည့်စစ်လူရှာဖြစ်စဉ်များအနက် မြို့နယ် ၅ မြို့နယ်မှ ဖြစ်စဉ် ၅ ခုကို သိရှိခဲ့ရသည်။
· မင်္ဂလာဒုံ၊ ကမာရွတ်၊ သင်္ဃန်းကျွန်း၊ တောင်ဒဂုံနှင့် မြောက်ဥက္ကလာမြို့နယ်တို့၌ ဖြစ်သည်။
13 Oct 2025
#RangoonScoutNetwork #YGN_weekly
Please open Telegram to view this post
VIEW IN TELEGRAM
👍6
🟠 မရမ်းကုန်း၊ သမိုင်းမြို့သစ်ဘူတာ ဧည့်စစ်သတိ
ယနေ့ည မရမ်းကုန်းမြို့နယ်၊ သမိုင်းမြို့သစ်ဘူတာဘက်တဝိုက် ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သတင်းရရှိသည်။
13 Oct 2025
#RangoonScoutNetwork
ယနေ့ည မရမ်းကုန်းမြို့နယ်၊ သမိုင်းမြို့သစ်ဘူတာဘက်တဝိုက် ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သတင်းရရှိသည်။
13 Oct 2025
#RangoonScoutNetwork
🔴 သာကေတ၊ ၅ ရပ်ကွက် ဧည့်စစ်
ယနေ့ည ၉ နာရီ ၅၀ မိနစ်ခန့်တွင် သာကေတမြို့နယ်၊ ၅ ရပ်ကွက်၊ သုမန ၁ လမ်းတဝိုက် ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ – RSG
13 Oct 2025
#RangoonScoutNetwork
ယနေ့ည ၉ နာရီ ၅၀ မိနစ်ခန့်တွင် သာကေတမြို့နယ်၊ ၅ ရပ်ကွက်၊ သုမန ၁ လမ်းတဝိုက် ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ – RSG
13 Oct 2025
#RangoonScoutNetwork
👍1
🔴 ကြည့်မြင်တိုင်ကမ်းနားလမ်း ဧည့်စစ်
ယနေ့ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းနှင့် နတ်စင်လမ်းထိပ်ဝန်းကျင်ရှိ တိုက်များထဲ အကြမ်းဖက်တပ်သားများ ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ လမ်းပေါ် ဖြတ်သွားဖြတ်လာ ကားများကိုလည်း တားစစ်နေသည်။ – RSG
13 Oct 2025
#RangoonScoutNetwork
ယနေ့ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းနှင့် နတ်စင်လမ်းထိပ်ဝန်းကျင်ရှိ တိုက်များထဲ အကြမ်းဖက်တပ်သားများ ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ လမ်းပေါ် ဖြတ်သွားဖြတ်လာ ကားများကိုလည်း တားစစ်နေသည်။ – RSG
13 Oct 2025
#RangoonScoutNetwork
👍3
▪️ကျောက်တန်း၊ ရွှေပျောက်ကျေးရွာဘက်တွင် အုပ်ကြီးနှင့် နောက်လိုက်အဖွဲ့များ နိုင်ထက်စီးနင်းလုပ်
ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊ ရွှေပျောက်ကျေးရွာ၌ အုပ်ချုပ်ရေးမှူး သဲမောင် (ခ) သဲအောင်၊ ရာအိမ်မှူး အောင်ဖြိုးသန့် နှင့် လူမိုက်အဖွဲ့များသည် ကျေးရွာနေ လူထုပေါ် နည်းပေါင်းစုံဖြင့် အနိုင်ကျင့်နှိပ်စက်နေကြကြောင်း နယ်ခံတဦးမှ သတင်းပေးပို့လာသည်။
၎င်းတို့သည် တဖွဲ့တည်းဖြစ်ပြီး လူမိုက်များက ၎င်းတို့နှင့် မသင့်မြက်သူများကို ရပ်ကွက်ရုံးသို့ မကြာခဏ ဖမ်းခေါ်သွားပြီး ထိပ်တုံးခတ် ရိုက်နှက်၍ ခြိမ်းခြောက် ငွေညစ်လေ့ရှိကြသည်။ 'ငါတို့က အထက်နဲ့ပိုင်တယ်' ဟုလည်း ပြောဆိုခြိမ်းခြောက်လေ့ရှိသည်။ အမြဲလိုလို အရက်မူးနေတတ်ကြပြီး လောင်းကစား၊ မူးယစ်ဆေးဝါးများလည်း လုပ်ကိုင်သုံးစွဲနေကြကြောင်း သိရသည်။
စစ်မှုထမ်းအတွက်ဆိုပြီးလည်း ပိုက်ဆံ တောင်းယူကြသည်။ စစ်မှုထမ်း အသက်အပိုင်းအခြား (၁၈ - ၃၅ နှစ်ကြား) ဝင်သူ ရှိသည့်အိမ်ဆို ၁ ယောက်လျှင် ၂ သိန်းစီ တောင်းသည်။ ယခင်က ၁ ယောက်စာ ၁ သိန်း ၂ သောင်းစီ တောင်းသော်လည်း မလောက်လို့ဆိုပြီး ယခု အမှတ်စဉ် ၁၈ မှစကာ တိုးတောင်းသည်ဟု သိရသည်။ မြို့နယ်ထွေအုပ်ရုံးရှိ ဗိုလ်မှူးမှ ကောက်ခိုင်းခြင်းဖြစ်ပြီး နောက်ဆုံးတခေါက်အတွက်ကို အောက်တိုဘာ ၇ ရက်နေ့တွင် တောင်းယူသွားကြသည်ဟု ဆိုသည်။
14 Oct 2025

🤬6❤1👍1
RSN WEB
🟠 မရမ်းကုန်း၊ သမိုင်းမြို့သစ်ဘူတာ ဧည့်စစ်သတိ ယနေ့ည မရမ်းကုန်းမြို့နယ်၊ သမိုင်းမြို့သစ်ဘူတာဘက်တဝိုက် ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သတင်းရရှိသည်။ 13 Oct 2025 #RangoonScoutNetwork
🔴 မရမ်းကုန်း၊ သမိုင်းမြို့သစ်ဘူတာဘက် ဧည့်စစ်
ယမန်နေ့ အောက်တိုဘာ ၁၃ ရက် ညဘက်တွင် မရမ်းကုန်းမြို့နယ်၊ သမိုင်းမြို့သစ်ဘူတာဘက်ရှိ မြို့သစ် ၁ လမ်းတဝိုက် ဧည့်စစ်ဝင်သွားခဲ့ကြောင်း သတင်းရရှိသည်။ အဖမ်းအဆီး တချို့ရှိခဲ့ကြောင်းလည်း ကနဦးကြားသိရသည်။
14 Oct 2025
#RangoonScoutNetwork
ယမန်နေ့ အောက်တိုဘာ ၁၃ ရက် ညဘက်တွင် မရမ်းကုန်းမြို့နယ်၊ သမိုင်းမြို့သစ်ဘူတာဘက်ရှိ မြို့သစ် ၁ လမ်းတဝိုက် ဧည့်စစ်ဝင်သွားခဲ့ကြောင်း သတင်းရရှိသည်။ အဖမ်းအဆီး တချို့ရှိခဲ့ကြောင်းလည်း ကနဦးကြားသိရသည်။
14 Oct 2025
#RangoonScoutNetwork
👍4
🟠 ဗဟန်း၊ ဆရာစံတောင်ရပ်ကွက် ဧည့်စစ်သတိ
ယနေ့ည ၈ နာရီခွဲခန့်တွင် ဗဟန်းမြို့နယ်၊ ဦးချစ်မောင်လမ်းပေါ်ရှိ ဆရာစံတောင်ရပ်ကွက်ရုံး၌ ကား ၄ စီးခန့်ဖြင့် အကြမ်းဖက်တပ်သားများရောက်ရှိနေပြီး ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သိရှိရသည်။ – Bahan Scout & News Channel
14 Oct 2025
#RangoonScoutNetwork
ယနေ့ည ၈ နာရီခွဲခန့်တွင် ဗဟန်းမြို့နယ်၊ ဦးချစ်မောင်လမ်းပေါ်ရှိ ဆရာစံတောင်ရပ်ကွက်ရုံး၌ ကား ၄ စီးခန့်ဖြင့် အကြမ်းဖက်တပ်သားများရောက်ရှိနေပြီး ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သိရှိရသည်။ – Bahan Scout & News Channel
14 Oct 2025
#RangoonScoutNetwork
👍1
🟠 လှိုင်သာယာ၊ ၁ ရပ်ကွက် ဧည့်စစ်သတိ
ယနေ့ည ၉ နာရီ ၁၀ မိနစ်ခန့်တွင် လှိုင်သာယာမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ ၁ ရပ်ကွက်ရုံး၌ အကြမ်းဖက် စစ်သား ရဲများ ရောက်ရှိနေ၍ ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သိရှိရသည်။ – HTY Scout Channel
14 Oct 2025
#RangoonScoutNetwork
ယနေ့ည ၉ နာရီ ၁၀ မိနစ်ခန့်တွင် လှိုင်သာယာမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ ၁ ရပ်ကွက်ရုံး၌ အကြမ်းဖက် စစ်သား ရဲများ ရောက်ရှိနေ၍ ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သိရှိရသည်။ – HTY Scout Channel
14 Oct 2025
#RangoonScoutNetwork
👍1
🔴 စမ်းချောင်း၊ မုန့်မြောက်ရပ်ကွက် ဧည့်စစ်
ယနေ့ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ်၊ မုန့်လက်ဆောင်းကုန်းမြောက်ရပ်ကွက်၊ ဝေဠုဝန်လမ်းကျယ်နှင့် ရန်ပြိုလမ်းထိပ်အနီး မိုးကွန်ဒိုထဲ အကြမ်းဖက်တပ်သားများ ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ ရဲဆလွန်း ၁ စီး၊ စစ် SC ၁ စီး၊ အိမ်စီးကား ၂ စီးခန့်ပါကြောင်း သိရသည်။ – Sanchaung Scout Channel

❤1👍1
⚫️ သာကေတ၊ Capital အနီးရှိ လူငယ်များကို ဝင်ဆွဲသွား
ယမန်နေ့ အောက်တိုဘာလ ၁၄ ရက် ည ၇ နာရီခန့်တွင် သာကေတမြို့နယ်၊ Capital Hyper Market မျက်စောင်းထိုး၌ ယောကျ်ားလေး ၃ ဦး ရှိနေစဉ် Honda Fit ၁ စီးဖြင့် လူတစုရောက်လာပြီး ကားပေါ်ဆွဲတင် ဖမ်းခေါ်သွားကြောင်း ကနဦးသတင်းရရှိသည်။
15 Oct 2025