Warning: Undefined array key 0 in /var/www/tgoop/function.php on line 65

Warning: Trying to access array offset on value of type null in /var/www/tgoop/function.php on line 65
24888 - Telegram Web
Telegram Web
🖥 DAILY HIGHLIGHTS (26 SEP 2025)

🌎 နိုင်ငံခြားရေးထူးခြားသတင်းများ

မော်စကိုတွင် ပူတင်နှင့် မင်းအောင်လှိုင်တို့ တွေ့ဆုံ
– MKN
ထိုင်းရောက် မြန်မာနိုင်ငံသားများ၏ CI စာအုပ်မှ Passport ပြောင်းလျှင် ထိုင်းနိုင်ငံတွင်းသာ အသုံးပြုခွင့်ပြုတော့
– KT
Royal Shune Lei ကုမ္ပဏီနှင့် မြန်မာနိုင်ငံသား သုံးဦးကို အမေရိကန်ဒဏ်ခတ်ပိတ်ဆို့
– MPA
မြန်မာနိုင်ငံသားများ ဗီဇာမလိုဘဲ မလေးရှားနိုင်ငံသို့ ၁၄ ရက်သွားရောက်လည်ပတ်ခွင့်ပြု
– KT
•
💸 စီးပွားရေးထူးခြားသတင်းများ

ရန်ကုန်နှင့်မြို့ကြီးများဆီသို့ ထိုင်းကုန်စည်တင်သွင်းခွင့် စကမ ဆက်လက်ပိတ်ဆို့ထား
– MN
•
☢️ နျူကလီးယား

မြန်မာနိုင်ငံမှာ နျူကလီးယား ဓါတ်အားပေး စက်ရုံ အငယ်စား တည်ဆောက်မယ်လို့ မင်းအောင်လှိုင်ပြော
– THN
•
🚩 စစ်မှုထမ်းသတင်း

အသက်မပြည့်သေးသူများကို မှတ်ပုံတင်အတုများပြုလုပ်၍ စစ်တပ်က သင်တန်းပေး
– AT
•
👎 ရွေးကောက်ပွဲ

စကမ ရွေးကောက်ပွဲကို အကြမ်းမဖက်သည့်နည်းဖြင့် KNU ဆန့်ကျင်မည်
– DVB
•
➕ အခြားထူးခြားသတင်းများ

တော်လှန်ရေးအရှိန်မြှင့်ရန် NUG ယာယီသမ္မတ နှင့် KNU ဥက္ကဋ္ဌတို့ သဘောတူညီ
– AT

#RangoonScoutNetwork
Please open Telegram to view this post
VIEW IN TELEGRAM
👍5
🔴 လှိုင်သာယာ၊ ၁ ရပ်ကွက်ထဲ အစစ်အဆေးဝင်

ယနေ့ မနက် ၁၁ နာရီခန့်တွင် လှိုင်သာယာမြို့နယ်၊ ၁ ရပ်ကွက်၊ မြဝတီလမ်းနှင့် ဗိုလ်စိန်မှန်လမ်းထောင့်ရှိ နေအိမ်ထဲ အကြမ်းဖက် စစ်သား၊ ရဲ၊ ပျူနှင့် အုပ်ကြီးအဖွဲ့များ ဝင်ရောက် မွှေနှောက်နေကြောင်း သတင်းရရှိသည်။ စစ်ကား ၂ စီး၊ ရဲဆလွန်း ၁ စီး၊ အုပ်ကြီးကား ၁ စီးနှင့် အခြားအိမ်စီးကား ၁ စီးပါပြီး မြဝတီလမ်းပေါ် မြေတိုင်း ၁၁ ဘက်ခြမ်း၌ ရပ်ထားသည်။ နေအိမ်အနီး လမ်းပေါ်၌လည်း ၎င်းအဖွဲ့များ နေရာယူထားကြသည်။

27 Sep 2025
#RangoonScoutNetwork
🤬12
🔴 ဗဟန်း၊ ဆရာစံတောင်ရပ်ကွက် ဧည့်စစ်

ယနေ့ည ၉ နာရီ ၅၀ မိနစ်ခန့်တွင် ဗဟန်းမြို့နယ်၊ ဆရာစံတောင်ရပ်ကွက်၊ ဦးအောင်ဘလမ်းတဝိုက် အကြမ်းဖက်တပ်သားများ ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ အကြမ်းဖက် စစ်သား ၂ ယောက်ခန့်၊ ရဲ ၂ ယောက်ခန့်၊ ထွေအုပ်အဖွဲ့နှင့် အရပ်ဝတ် ၇ ယောက်ခန့်ပါကြောင်း သိရသည်။ – Bahan Scout & News Channel

27 Sep 2025
#RangoonScoutNetwork
🔥10❤4
⚫️ လှိုင်သာယာတွင် ဘီယာဆိုင်မှ ထွက်လာသည့် လူငယ်များကို ဆွဲသွား

ယနေ့ည ၇ နာရီခန့်တွင် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ဆရာစံလမ်းရှိ 7 Color ဘီယာဆိုင်မှ လူငယ် ၃ ဦး ထွက်လာစဉ် အိမ်စီးကားအပြာရောင် ၁ စီးဖြင့် အရပ်ဝတ်လူ ၁ စု ရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။ – HTY Scout Channel

28 Sep 2025
#RangoonScoutNetwork
😢13❤5🔥3🤬1
🖥 ရန်ကုန် တပတ်တာ အခြေအနေ

ယခု ရက်သတ္တပတ် [September 22 - 28, 2025] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၇ ခု ခွဲ၍ ဖော်ပြထားသည်။


▪️မြို့ပြပြောက်ကျား စစ်ဆင်ရေးများ
ကော့မှူးမြို့နယ်၊ ငှက်အော်စမ်းကျေးရွာအဝင် ...

▪️အဖမ်းအဆီးဖြစ်စဉ်များ
တော်လှန်ရေးလှုပ်ရှားသည်ဟု စွပ်စွဲကာ လိုက်လံဖမ်းဆီး ...

▪️ယာဉ်ထိန်းရဲကို ဒရွတ်တိုက် ဆွဲခေါ်
Suzuki Pickup ၁ စီးကို တားစစ်နေစဉ် ...

▪️ပြည်နှင်ဒဏ်ပေးခံရသူများ ပြန်လည်ရောက်ရှိ
အမေရိကန်နိုင်ငံထဲ ရာဇဝတ်မှုကျူးလွန်ခဲ့သည့် မြန်မာနိုင်ငံသား ၇၇ ဦး ...

➡️ အပြည့်အစုံဖတ်ရှုရန် နှိပ်ပါ

#RangoonScoutNetwork #YGN_Weekly
Please open Telegram to view this post
VIEW IN TELEGRAM
👍4❤2
🟠 သာကေတ၊ ၈ ရပ်ကွက် ဧည့်စစ်သတိ

ယနေ့ည ၉ နာရီ ၅၀ မိနစ်ခန့်တွင် သာကေတမြို့နယ်၊ ၈ ရပ်ကွက်၊ အုပ်ကြီးရုံးရှေ့ စစ် DC ၁ စီးဖြင့် အကြမ်းဖက်တပ်သားများ နှင့် ဆိုင်ကယ်ဘေးတွဲအဖွဲ့များ ရောက်ရှိနေကြောင်း သိရှိရသည်။ ရပ်ကွက်ထဲ ဧည့်စစ်ဝင်နိုင်ချေရှိသည်။ – Spring Heros

29 Sep 2025
#RangoonScoutNetwork
🔥3
🔴 ဗဟန်း၊ ဗိုလ်ချို ၂ ရပ်ကွက် ဧည့်စစ်

ယနေ့ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ဗဟန်းမြို့နယ်၊ ဗိုလ်ချို ၂ ရပ်ကွက်၊ ဖိုးစိန်လမ်း၊ Oasis Guest House ရှေ့ စစ် DC ၁ စီးဖြင့် အကြမ်းဖက်တပ်သားများ ရောက်ရှိနေပြီး အဆိုပါနေရာတဝိုက် အစစ်အဆေးဝင်နေပုံရကြောင်း သိရှိရသည်။ – RSG

29 Sep 2025
#RangoonScoutNetwork
🔥3❤2
🖥 DAILY HIGHLIGHTS (29 SEP 2025)

🔴 စစ်ရေးထူးခြားသတင်းများ

အာရှလမ်း ပြန်ဖွင့်နိုင်ရေး စစ်တပ်နှင့် BGF ပူးပေါင်း စစ်ကြောင်းထိုးနေ – KT
•
❗️ အိမ်နီးချင်းနိုင်ငံနှင့် စစ်ရေးပဋိပက္ခ

နယ်စပ်က အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့များကို နိုင်ငံတကာနှင့် ဘင်္ဂလားဒေ့ရှ်က ထိန်းသိမ်းစောင့်ကြပ်ရန် AA တောင်းဆို – KT
•
🟢 နိုင်ငံရေးထူးခြားသတင်းများ

ဒေါ်အောင်ဆန်းစုကြည်မပါဘဲ မြန်မာ့နိုင်ငံရေးပြဿနာ မပြေလည်နိုင်ဘူးလို့ NLD ထုတ်ပြန် – BBC

ငြိမ်းချမ်းရေး အတွက် ကရင် ၃ ဖွဲ့ တွေ့ဆုံဆွေးနွေး – THN
•
🌎 နိုင်ငံခြားရေးထူးခြားသတင်းများ

ဘုံသဘောတူညီချက် (၅) ရပ် အပြည့်အဝ ဖော်ဆောင်ရေး မြန်မာကို တွန်းအားပေးမယ်လို့ မလေးရှား ဆို – AT

မြန်မာပဋိပက္ခဟာ ဒေသတခုလုံးအတွက် စိုးရိမ်စရာလို့ ဘင်္ဂလားဒေ့ရှ် ယာယီဝန်ကြီးချုပ် ကုလညီလာခံမှာ ပြော – THN

မြန်မာ့အရေးနှင့်ပတ်သက်ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂတွင် ပြောကြား – DVB
•
❗️ ကျားဖြန့်

တရုတ်အစိုးရက ကိုးကန့်ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်း မိသားစုဝင် ၁၁ ဦးကို သေဒဏ်များချမှတ် – KT
•
👎 ရွေးကောက်ပွဲ

စကမ ရွေးကောက်ပွဲကို ကာကွယ်သွားမယ်လို့ ကရင်လက်နက်ကိုင် ၃ ဖွဲ့ ပြော – BBC

ရွေးကောက်ပွဲပုဒ်မနဲ့ အမှုဖွင့်တဲ့အပေါ် KNU နဲ့ အေအေ တုံ့ပြန် – BBC

ရွေးကောက်ပွဲ ဝါဒဖြန့်ရန် မီဒီယာသမားများကို အပြိုင်အဆိုင်ဝယ်ယူနေ – MPA

ကြိုတင်မဲပေးရန် ဒူဘိုင်းရောက်မြန်မာများကို စစ်ကောင်စီသံရုံးက ဖိအားပေး – DVB
•
➕ အခြားထူးခြားသတင်းများ

NUG ယာယီသမ္မတ ဒူနဲ့ KNPP ဥက္ကဋ္ဌ တို တွေ့ဆုံဆွေးနွေး – THN

ကလလတ ဗဟိုကော်မတီဝင်၊ NUG ဒုဝန်ကြီး ဦးချစ်ထွန်း ကွယ်လွန် – THN

#RangoonScoutNetwork
Please open Telegram to view this post
VIEW IN TELEGRAM
👍7❤2
▪️ဗဟန်းရဲစခန်းကို လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်

ယမန်နေ့ စက်တင်ဘာ ၂၉ ရက် ည ၁၀ နာရီခန့်တွင် ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဗဟန်းရဲစခန်းကို ပစ်မှတ်ထား၍ Operation Flame, အနောက်ပိုင်းခရိုင်ပကဖ၊ ကြည့်မြင်တိုင် ပကဖ နှင့် လသာပကဖတို့မှ လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

30 Sep 2025
#RangoonScoutNetwork
❤21👍9🔥2🥰1
⚫️ ကြည့်မြင်တိုင်၊ ပန်းပင်ကြီးလမ်းအနီး လူဆွဲသွား

စက်တင်ဘာလ ၂၇ ရက်နေ့ ညဘက်တွင် ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းရှိ ဆရာငြိမ်းကားဝပ်ရှော့မှ အလုပ်သမား ၁ ဦး လမ်းမပေါ်သွားလာနေစဉ် ဖမ်းဆွဲခံလိုက်ရကြောင်း သိရှိရသည်။ – Kyimyindaing Scout Channel

30 Sep 2025
#RangoonScoutNetwork
🔥8❤3👍1🥰1
🔴 သာကေတ၊ ၁ အနော်မာရပ်ကွက် ဧည့်စစ်

ယနေ့ည ၉ နာရီ ၅၀ မိနစ်ခန့်တွင် သာကေတမြို့နယ်၊ ၁ အနော်မာရပ်ကွက်၊ အနော်မာ ၈ လမ်းတဝိုက် ဧည့်စစ်ဝင်နေကြောင်း ကနဦးသတင်းရရှိသည်။

30 Sep 2025
#RangoonScoutNetwork
👍3❤1
RSN တည်ထောင်ခြင်း ၄ နှစ်ပြည့်

ယနေ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ ၁ ရက်နေ့တွင် Rangoon Scout Network - RSN ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ ၄ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။

ဤ ၄ နှစ်တာကာလအတွင်း တနေ့ တရက်မှ မနားပဲ ရန်ကုန်တိုင်းနှင့် ပတ်သတ်သည့် သတင်းအချက်အလက်များကို အဓိကထား၍ ပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစုများဆီ အချိန်နှင့်တပြေးညီ နည်းအမျိုးမျိုးဖြင့် ဖြန့်ဝေပေးပို့ခဲ့ကြပါသည်။

ထိုသို့ ပြုလုပ်ခွင့်ရရန် RSN သို့ သတင်းပေးပို့ကြသူများ၊ ပုံစံအမျိုးမျိုးဖြင့် လုပ်အားပေးကြသူများ၊ ကူညီအားပေးသူများ အားလုံးကို အထူးလေးစား ကျေးဇူးတင်အပ်ပါသည်။

ပြည်သူလူထု လိုလားသည့် ဘေးကင်းလုံခြုံပြီး လွတ်လပ်၍ တရားမျှတသော နိုင်ငံတစ်ခု အမြန်ဆုံး ဖြစ်ပေါ်လာနိုင်ပါစေကြောင်းလည်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

RSN အနေဖြင့် ပြည်သူလူထုနှင့်အတူ ဆက်လက်၍ အစွမ်းကုန် ကြိုးစားလှုပ်ရှားနေဦးမည်ဖြစ်ပါကြောင်းလည်း အသိပေးအပ်ပါသည်။

#RangoonScoutNetwork #Anniversay
❤38🥰8👍4
RSN WEB pinned a photo
▪️မြောက်ဥက္ကလာနှင့် တောင်ဥက္ကလာရှိ ရပ်ကွက်ရုံးများကို ဗုံးခွဲတိုက်ခိုက်

ယမန်နေ့ စက်တင်ဘာ ၃၀ ရက်နေ့တွင် ဗုံးဖောက်ခွဲတိုက်ခိုက်မှု ၂ ခု လုပ်ခဲ့ကြောင်း မြို့ပြပြောက်ကျားအဖွဲ့များမှ ထုတ်ပြန်ထားကြသည်။

ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် တောင်ဥက္ကလာမြို့နယ်၊ ၁၀ ရပ်ကွက်ရုံးရှိ ရဲနှင့် ပျူများကို ပစ်မှတ်ထား၍ မြို့ပြကြွက်အဖွဲ့မှ လက်ပစ်ဗုံး ၂ လုံး၊ ပြင်းအားမြင့် လက်ပစ်မိုင်း ၂ လုံးဖြင့် ပစ်ခတ်ခဲ့သည်ဟု ဖော်ပြထားသည်။

ထို့ပြင် ည ၁၁ နာရီခန့်တွင် မြောက်ဥက္ကလာမြို့နယ်တွင်းရှိ ရွှေပေါက္ကံမြို့သစ် ၂၂ ရပ်ကွက်ရုံးထဲကို ပစ်မှတ်ထား၍ Yangon Army နဲ့ အနောက်ပိုင်းခရိုင် ပကဖတို့မှ ပြင်းအားမြင့်မိုင်း ၁ လုံး ၊ လက်ပစ်ဗုံး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုထားသည်။

01 Oct 2025
#RangoonScoutNetwork
❤19👍1
🖥 DAILY HIGHLIGHTS (01 OCT 2025)

🔴 စစ်ရေးထူးခြားသတင်းများ

နတ်ရေကန် ဗျူဟာအနီးရှိ ဂုတ်ကြီးစခန်းကို AA နှင့်ပူးပေါင်းတပ်များ သိမ်းပိုက် – DVB

ကရင်နီတွင် စစ်တပ်က စစ်မျက်နှာ ၃ ခုဖွင့်ပြီး ထိုးစစ်ဆင် – DVB
•
💸 စီးပွားရေးထူးခြားသတင်းများ

စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှု အများဆုံးမှာ တရုတ်၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံတို့ဖြစ် – MPA

တရုတ် BRI အစိတ်အပိုင်းဖြစ်သည့် CMEC စီမံကိန်းများကို အမြန်ဆုံး အကောင်အထည်ဖော်မည်ဟု မအလ ကတိပြု – AT
•
❌ စစ်ကောင်စီ ရာထူးအပြောင်းအရွှေ့

စစ်တပ်က ကစထ-၆ ကို ဖျက်သိမ်း၍ စစ်အင်္ဂါစဉ်ပြောင်းလဲ – AT
•
👎 ရွေးကောက်ပွဲ

မဲစာရင်းတွေ ကြည့်နိုင်ပြီလို့ စကမ UEC ထုတ်ပြန် – THN

နောက်ဆုံးရက်ပြီးမှ ကိုယ်စားလှယ်လောင်း ၅၃ ဦး ထပ်တိုး ကြောင်း စကမ UEC ထုတ်ပြန် – THN
•
➕ အခြားထူးခြားသတင်းများ

စကမ စစ်သား၊ ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအားလုံးကို လစာတိုးပေး – KT

#RangoonScoutNetwork
Please open Telegram to view this post
VIEW IN TELEGRAM
👍9❤2
ရန်ကုန်တိုင်းစစ်ရေးလှုပ်ရှားမှုများ (စက်တင်ဘာလ၊ ၂၀၂၅)
•••••••••••••••®•••••••••••••••
ရန်ကုန်တိုင်းအတွင်းတွင် စက်တင်ဘာလ၌ စစ်ရေးဖော်ဆောင်မှု စုစုပေါင်း (၈) ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှု (၇) ကြိမ် နှင့် မအောင်မြင်ခဲ့သော ဗုံးဖောက်ခွဲမှု (၁) ကြိမ်တို့ပါဝင်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများတည်ရှိရာနေရာများဖြစ်သော မြောက်ဒဂုံမြို့နယ် ထွေအုပ်ရုံး နှင့် အမှတ် ၆ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံး၊ ရန်ကုန်မြို့တော်ခန်းမ၊ အရှေ့ဒဂုံမြို့နယ် ၁၂၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ လှည်းကူးမြို့နယ် အုန်းနှဲကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၊ ဗဟန်းရဲစခန်း၊ ရွှေပေါက္ကံမြို့သစ် (၂၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့ကို ပစ်မှတ်ထားတိုက်ခိုက်မှုများပြုလုပ်နိုင်ခဲ့သည်။

ထို့အပြင် အခြားစစ်ဆင်ရေးများဖြစ်သော မြောက်ဥက္ကလာမြို့နယ် ထွေ/အုပ်ရုံးနှင့် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် တရားမဝင်ရွေးကောက်ပွဲကော်မရှင်ရုံးတိုက်ခိုက်မှုများအား အတည်ပြုရန် ဆက်လက်စုံစမ်းလျက်ရှိသည်။

03 Oct 2025
#mission #RangoonScoutNetwork
👍18❤9🔥2🥰1
🔴 ကြည့်မြင်တိုင်၊ ဘောဂရပ်ကွက် ဧည့်စစ်

ယနေ့ည ၉ နာရီ ၅၀ မိနစ်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ်၊ ဘောဂရပ်ကွက်၊ ဗိုလ်ဥတ္တမလမ်းထဲ အကြမ်းဖက်တပ်သားများနှင့် အရပ်ဝတ်များ ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ သန်းခေါင်စာရင်းထဲရှိ မှတ်ပုံတင်နံပါတ်ကို သူတို့စာရင်းစာရွက်နှင့် တိုက်စစ်နေကြောင်း သိရသည်။ – Kyimyindaing Scout Channel

03 Oct 2025
#RangoonScoutNetwork
🔥5
2025/10/20 06:25:00
Back to Top
HTML Embed Code: