Warning: Undefined array key 0 in /var/www/tgoop/function.php on line 65

Warning: Trying to access array offset on null in /var/www/tgoop/function.php on line 65
24825 - Telegram Web
Telegram Web
🔴 ကမာရွတ်၊ ၁ ရပ်ကွက်ထဲ အစစ်အဆေးဝင်

ယမန်နေ့ စက်တင်ဘာလ ၉ ရက်နေ့ ည ၁၀ နာရီခန့်တွင် ကမာရွတ်မြို့နယ်၊ ၁ ရပ်ကွက်၊ မိုးစန္ဒာလမ်းထဲ အကြမ်းဖက်တပ်သားများ အစစ်အဆေးလုပ်သွားခဲ့ကြောင်း သိရှိရသည်။ စစ် SC ၂ စီး၊ စစ် DC ၁ စီးနှင့် ထွေအုပ် Honda Fit ကား ၁ စီးဖြင့် ရောက်လာကြခြင်းဖြစ်ကြောင်း သိရသည်။ – RSG

10 Sep 2025
#RangoonScoutNetwork
🤬14👍1
🖥 DAILY HIGHLIGHTS (11 SEP 2025)

🔴 စစ်ရေးထူးခြားသတင်းများ

အမ်း-မင်းဘူးလမ်းပေါ်ရှိ နတ်ရေကန်ဗျူဟာ ကာကင်းတခုကို AA သိမ်းပိုက် – DVB
•
🌎 နိုင်ငံခြားရေးထူးခြားသတင်းများ

BGF ခေါင်းဆောင် စောချစ်သူရဲ့ လုပ်ငန်းတချို့နဲ့ စီးပွားဖက် ရှီကျီကျန်း တို့ကို အမေရိကန်ပိတ်ဆို့အရေးယူ – BBC

အိန္ဒိယအစိုးရက KIA ထံမှ မြေရှားသတ္တု ရယူနိုင်ရေး ထိတွေ့ဆက်ဆံ ဆွေးနွေး – KT
•
💸 စီးပွားရေးထူးခြားသတင်းများ

ပြည်တွင်းအခေါက်ရွှေဈေး တကျပ်သားကို ကျပ်သိန်း ၈၀ ခန့်ထိ မြင့်တက် – DVB

တရုတ်နှင့် ကုန်သွယ်ရာတွင် ကျပ်နှင့် ယွမ်တိုက်ရိုက်ပေးချေနိုင်ရန် ဆောင်ရွက်နေကြောင်း စစ်ခေါင်းဆောင်ပြော – MKN

ပြည်ပသွင်းကုန်များ ကန့်သတ်ခံရမှုကြောင့် SMEs လုပ်ငန်းများ ထိခိုက်နိုင် – DVB

ဂျော်နသန်ကျော်သောင်း အူရီဒူးမြန်မာ ပိုင်ရှင်သစ်ဖြစ်လာ – DVB

အူရီဒူးမြန်မာက U9 အမည်သို့ ပြောင်းလဲ – DVB
•
👎 ရွေးကောက်ပွဲ

ဒုဥက္ကဌ ဒေါ်စန္ဒာမင်း ပါဝင်လာတဲ့ NDF ခမောက်ပါတီ ဖျက်သိမ်းခံရ – THN
•
➕ အခြားထူးခြားသတင်းများ

စစ်ပွဲကြားစာမသင်ရတဲ့ မြန်မာကလေးငယ် ၇ သန်း ရှိနေ – BBC

မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲမှုနှင့် မိုလ်ဘိုင်းဖုန်းသုံးသူများ၏ တည်နေရာများကို ခြေရာခံနိုင်သည့် နည်းပညာကို တရုတ်ထံမှ စစ်တပ်က ဝယ်ယူအသုံးပြုနေ – KT

ထိုင်း-မြန်မာ အမှတ် ၁ တံတား စစ်ဆေးရေးဂိတ်မှ BGF များကို စစ်တပ်က ဖယ်ရှား – KT

ဒေါက်တာအေးမောင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြု လိုက် – THN

#RangoonScoutNetwork
Please open Telegram to view this post
VIEW IN TELEGRAM
👍8❤3
▪️စစ်မှုထမ်း အမှတ်စဉ် ၁၄ သင်တန်းဆင်း

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ရှိ ဂျိုးဖြူ တတက ၁ နှင့် လှည်းကူးမြို့နယ်ရှိ ဖောင်ကြီး စခတ ၁ တို့၌ စစ်မှုထမ်း အမှတ်စဉ် ၁၄ သင်တန်းဆင်းကြောင်း အကြမ်းဖက်စစ်တပ်မှ ယနေ့ စက်တင်ဘာ ၁၂ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

တတက ၁ မှ လူ ၃၆၀ ခန့်နှင့် စခတ ၁ မှ လူ ၁၈၀ ခန့် သင်တန်းဆင်းလာကြသည်ကို ၎င်းတို့ ထုတ်ပြန်ထားသည့် ဓာတ်ပုံများအရ သိရှိရသည်။

ဓာတ်ပုံ - စစ်ကော်မရှင် ဝါဒဖြန့်ချန်နယ်

12 Sep 2025
#RangoonScoutNetwork
🤬15👍3😢2
🔴 သန်လျင်မြို့ဟောင်းဘက် အစစ်အဆေးဝင်

ယနေ့ည ၈ နာရီခွဲခန့်တွင် သန်လျင်မြို့နယ်၊ သန်လျင်မြို့ဟောင်းအရှေ့ရပ်ကွက်၊ ဇီးကုန်း၌ အကြမ်းဖက်တပ်သား အင်အားအများအပြားဖြင့် အစစ်အဆေးဝင်နေကြောင်း သိရှိရသည်။ – Thanlyin Media

12 Sep 2025
#RangoonScoutNetwork
👍6
🟠 တောင်ဒဂုံ၊ ၂၆ ရပ်ကွက် ဧည့်စစ်သတိ

ယနေ့ည ၉ နာရီ ၁၀ မိနစ်ခန့်တွင် တောင်ဒဂုံမြို့နယ်၊ တောင်မြောက်လမ်းဆုံအနီး၊ ၂၆ ရပ်ကွက်၊ အုပ်ကြီးရုံး၌ စစ် SC ၁ စီးဖြင့် အကြမ်းဖက်တပ်သားများ ရောက်ရှိနေကြောင်း သတင်းရရှိသည်။ အောင်ဇေယျအိမ်ရာထဲ ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သိရသည်။

12 Sep 2025
#RangoonScoutNetwork
👍10
🔴 တာမွေ၊ ကျားကွက်သစ်ရပ်ကွက် ဧည့်စစ်

ယနေ့ည ၉ နာရီ ၂၀ မိနစ်ခန့်တွင် တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်၊ ဓမ္မစိန္တာလမ်း၊ အမှတ် ၂၅၊ ကွန်ဒိုတိုက်ထဲ အကြမ်းဖက်တပ်သားများ ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။ ည ၁၀ နာရီခန့်ထိ အဆိုပါနေရာတဝိုက်၌ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

12 Sep 2025
#RangoonScoutNetwork
👍6🔥3❤1🤬1
🟠 ဒေါပုံ၊ ယမုံနာ ၂ ရပ်ကွက် ဧည့်စစ်သတိ

ယနေ့ည ဒေါပုံမြို့နယ်၊ ဒေါပုံရဲစခန်းနောက်ဘက်ရှိ ယမုံနာ ၂ ရပ်ကွက်ထဲ ဧည့်စစ်နိုင်ချေရှိကြောင်း သိရှိရသည်။ – RSG

13 Sep 2025
#RangoonScoutNetwork
👍4
🖥 DAILY HIGHLIGHTS (13 SEP 2025)

🔴 စစ်ရေးထူးခြားသတင်းများ

ဗန်းမော်တွင် KIA သိမ်းထားသည့် စစ်ကောင်စီတပ်ရင်းဌာနအချုပ်အချို့ ပြန်လက်လွှတ်ရ – PS
•
🟢 နိုင်ငံရေးထူးခြားသတင်းများ

ဘုံနိုင်ငံရေး သဘောတူညီချက် ရရှိရေး NUCC နဲ့ NUG တွေ့ဆုံဆွေးနွေး – THN
•
🌎 နိုင်ငံခြားရေးထူးခြားသတင်းများ

ဆွီဒင်က မြန်မာကို ထောက်ပံ့ကူညီမှုများ ရပ်ဆိုင်း – DVB

KIA ထံမှ အိန္ဒိယက မြေရှားသတ္တုဝယ်ယူရန် ကြိုးစားနေသည်ဆိုသော သတင်းမှာ မှန်ကန်မှုမရှိဟု KIO ဗိုလ်မှူးကြီး နော်ဘူ ပြောဆို – KT

အမေရိကန် စစ်လေယာဉ်နှစ်စင်းမြန်မာကို ဖြတ်ပျံသန်း – MPA
•
💸 စီးပွားရေးထူးခြားသတင်းများ

တရုတ် ယွမ်ငွေဖြင့် ရင်းနှီးမြှုပ်နှံခွင့်ပေးမည်ဟု စစ်ခေါင်းဆောင်ပြော – DVB
•
👎 ရွေးကောက်ပွဲ

တရားမဝင် ရွေးကောက်ပွဲကို ဇန်နဝါရီအပြီး ပြုလုပ်မည်ဟုဆို – MPA

ရွေးကောက်ပွဲဝင်ပြိုင်မယ့်တပ်က လူစာရင်း ကြံ့ခိုင်ရေးပါတီဆီပို့ – BBC

အငြိမ်းစား ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးကြံ့ခိုင်ရေးပါတီက ဝင်ပြိုင် – BBC

#RangoonScoutNetwork
Please open Telegram to view this post
VIEW IN TELEGRAM
❤5👍3
⚫️ မင်္ဂလာတောင်ညွန့်၊ သိမ်ဖြူမီးရထားရပ်ကွက်ထဲ ဝင်စစ်ပြီး လူဖမ်းဆီး

စက်တင်ဘာလ ၁၂ ရက်နေ့ ည ၁၀ နာရီခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူမီးရထားရပ်ကွက်ထဲ အကြမ်းဖက်တပ်သားများ ဧည့်စစ်ဝင်သွားခဲ့ပြီး လူအများအပြားကို ဖမ်းဆီးသွားကြောင်း သိရှိရသည်။ ဖမ်းဆီးထားသူများကို အချုပ်ကား ၁ စီး ပေါ် တင်ခေါ်သွားသည်။ – MGTN Spring News & Scout Channel

14 Sep 2025
#RangoonScoutNetwork
🤬7❤2
⚫️ ပန်းဆိုးတန်းတံတားအနီး လူဖမ်းပြီး ငွေနဲ့ ရွေးခိုင်း

စက်တင်ဘာလ ၁၂ ရက်နေ့ ည ၆ နာရီခွဲခန့်တွင် ပန်းဆိုးတန်းတံတား (အနော်ရထာလမ်းဘက်မှ အတက်ဘက်ခြမ်း) ၌ အသက် ၃၀ ကျော်အရွယ် ယောကျ်ားလေး ၁ ဦး အလုပ်မှ အိမ်သို့ ပြန်နေစဉ် လူ ၁ စုမှ အိမ်စီးကား ၁ စီးဖြင့် ဖမ်းခေါ်သွားခဲ့ကြောင်း သိရှိရသည်။ လူငယ်မှာ မင်္ဂလာတောင်ညွန့်မြို့နယ်ထဲ နေထိုင်သူဖြစ်သည့်။ ဖမ်းဆီးခံရပြီးနောက် မိသားစုမှ ငွေ ၁၀ သိန်းဖြင့် ပြန်သွားရွေးလိုက်ရကြောင်း သိရသည်။ – Botahtaung Scout Channel

14 Sep 2025
#RangoonScoutNetwork
🤬8
▪️'ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ' ကို DJ လုပ်တီးသည့် သူများကို ဖမ်းဆီးဟု ကြေညာ

DJ Volet (ခ) ခင်ထွေးထွေးမွန် နှင့် မန်နေဂျာဖြစ်သူ ဖြိုးဟိန်းကိုကို (ခ) မင်းထိုက် တို့ကို စက်တင်ဘာလ ၁၁ ရက်နေ့ ည ၁၁ နာရီခွဲခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ နနွင်းကုန်းရပ်ကွက် နေအိမ်၌ ဖမ်းဆီးခဲ့ကြောင်း စစ်ကော်မရှင်မှ သတင်းထုတ်ပြန်ထားသည်။ မန္တလေးမြို့ရှိ Clover Club' တွင် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ' သီချင်းကို DJ တီးခတ်လို့ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဆိုင်ပိုင်ရှင်နှင့် ဆိုင်မန်နေ့ဂျာတို့ကိုပါ ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ သာသနာညှိးနွမ်းစေမှုဖြင့် ဖမ်းသည်ဟုဆိုသော်လည်း အမှုဖွင့်ရာတွင် ၅၀၅-က ဖြင့် ဖွင့်ထားသည်။

14 Sep 2025
#RangoonScoutNetwork
👍14🎉2❤1😱1
⚫️ အလုံဈေးအနီး လူငယ် ၁ ဦးကို ကားပေါ်ဆွဲတင် ဖမ်း

ယနေ့ စက်တင်ဘာလ ၁၄ ရက် ညနေ ၅ နာရီခန့်တွင် အလုံမြို့နယ်၊ အလုံဈေးအနီး၌ ယောကျ်ားလေး ၁ ဦးကို အကြမ်းဖက်တပ်သားနှင့် အဖွဲ့မှ ကားပေါ်ဆွဲတင် ဖမ်းခေါ်သွားကြောင်း သတင်းရရှိသည်။ ဖမ်းဆွဲခံရသည့် ယောကျ်ားလေးမှာ အသက် ၂၀ ဝန်းကျင် ကျောင်းသား ၁ ဦး ဖြစ်သည်။ ကားဖြင့် ဆွဲတင်သွားသည့်အဖွဲ့တွင် အကြမ်းဖက် နယ်ထိန်း တပ်ကြပ်ကြီး ကျော်တင့်ဆွေ၊ စောရန်နိုင် (အနောက်) ရပ်ကွက် အုပ်ကြီး အောင်ဆန်းထွန်းနှင့် နောက်လိုက် လုံ/ကြမ်းအဖွဲ့များပါကြောင်း သိရသည်။

14 Sep 2025
#RangoonScoutNetwork
🔥11🤬4❤3👍2😱1😢1
▪️စစ်မှုထမ်း အမှတ်စဉ် ၁၇ သင်တန်း စတင်

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီး စခတ ၁ နှင့် တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူ တတက ၁ တို့၌ ယနေ့ စက်တင်ဘာလ ၁၅ ရက်တွင် စစ်မှုထမ်း အမှတ်စဉ် ၁၇ စတင်ကြောင်း အကြမ်းဖက်စစ်ကော်မရှင်မှ သတင်းထုတ်ပြန်ထားသည်။

ယခုအမှတ်စဉ် ၁၇ သင်တန်းတွင် စခတ ၁ ၌ လူအယောက် ၂၀၀ ခန့် နှင့် တတက ၁ ၌ လူအယောက် ၄၀၀ ခန့် ပါဝင်နေသည်ကို ၎င်းတို့ ထုတ်ပြန်ထားသည့် ဓာတ်ပုံများအရ သိရသည်။

လွန်ခဲ့သည့် စက်တင်ဘာ ၁၃ ရက်နေ့ကလည်း ၎င်းစစ်သင်တန်းကျောင်းများတွင် အမှတ်စဉ် ၁၄ ပြီး၍ လူ ၅၅၀ ခန့် သင်တန်းဆင်းထားကြောင်း ကြေညာခဲ့သေးသည်။

ဓာတ်ပုံ - စစ်ကော်မရှင် ဝါဒဖြန့်ချန်နယ်

15 Sep 2025
#RangoonScoutNetwork
👍7🤬5❤2🔥1
🖥 ရန်ကုန် တပတ်တာ အခြေအနေ

ယခု ရက်သတ္တပတ် [September 08 - 14, 2025] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၆ ခု ခွဲ၍ ဖော်ပြထားသည်။


▪️အဖမ်းအဆီးဖြစ်စဉ်များ
ယခု ရက်သတ္တပတ်ထဲ မတရား ဖမ်းဆီးခံခဲ့ရသူတို့အနက် မြို့နယ် ၁၀ မြို့နယ်တို့မှ ...

▪️စစ်မှုထမ်းသင်တန်း
ထို့ပြင် စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၁၇ ...

▪️ဧည့်စစ်လူရှာဖြစ်စဉ်များ
ယခု သီတင်းပတ်အတွင်း ဧည့်စစ်လူရှာဖြစ်စဉ်များအနက် ...

➡️ အပြည့်အစုံဖတ်ရှုရန် နှိပ်ပါ

#RangoonScoutNetwork #YGN_Weekly
Please open Telegram to view this post
VIEW IN TELEGRAM
👍7
🟠 သင်္ဃန်းကျွန်း၊ ၁၆ ရပ်ကွက် ဧည့်စစ်သတိ

ယနေ့ည သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၁ ရပ်ကွက်တဝိုက် ဧည့်စစ်ဝင်‌နိုင်ချေရှိကြောင်း သတင်းရရှိသည်။

15 Sep 2025
#RangoonScoutNetwork
👍4🥰1
▪️ဒဂုံဆိပ်ကမ်း၊ ၈၈ အုပ်ကြီး တောက်တဲ့ ဖမ်းခံရဟု ဆို

ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၈၈ ရပ်ကွက်၊ အုပ်ကြီး တောက်တဲ့ (ခ) ဇော်လွင် ကို စက်တင်ဘာ ၁၃ ရက်နေ့ ည ၉ နာရီခန့်တွင် စစ်တပ်မှ ဝင်ရောက် ဖမ်းဆီးသွားကြောင်း သတင်းများထွက်ပေါ်နေသည်။ ၎င်းလက်ဝယ်တွင်ရှိသည့် လက်နက်နှင့် ပိုက်ဆံများပါ သိမ်းသွားပြီး အိမ်ကိုပါ ချိတ်ပိတ်ထားကာ လက်ရှိ ဒဂုံဆိပ်ကမ်းရဲစခန်းတွင် ဖမ်းထားသည်ဟု ဆိုကြသည်။

အဆိုပါ ၈၈ ရပ်ကွက် အုပ်ကြီး တောက်တဲ့သည် စစ်တပ်နောက်လိုက် အမာခံ ၁ ယောက်ဖြစ်ပြီး ရပ်ကွက်နေလူထုပေါ် နည်းမျိုးစုံဖြင့် နှိပ်စက်ညှင်းပန်းနေသူဟု ဟိုးလေးတကျော် နာမည်ထွက်နေသူဖြစ်သည်။

လွန်ခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လဝန်းကျင်က စစ်တပ်နှင့် ပြဿနာ ဖြစ်ခဲ့ပြီး အလုပ်ဖြုတ်ခံဖို့ ရှိနေခဲ့ကြောင်းလည်း ကြားသိရသည်။

၂၀၂၃ ခုနှစ်၊ မေလ ၂၂ ရက်နေ့က ၎င်းတောက်တဲ့နှင့် နောက်လိုက် ရာအိမ်မှူး ၁ ယောက်တို့ကို မြို့ပြပြောက်ကျားအဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

Source: RSG

15 Sep 2025
#RangoonScoutNetwork
❤12👍5
🟠 သာကေတ၊ ၅ ရပ်ကွက် ဧည့်စစ်သတိ

ယနေ့ည သာကေတမြို့နယ်၊ ၅ ရပ်ကွက်နှင့် ၄ မြောက်ရပ်ကွက်ကြား သုမနလမ်းတဝိုက် ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သိရှိရသည်။ – Eagles News

15 Sep 2025
#RangoonScoutNetwork
👍2
🔴 ကျောက်တံတား ၃၅ လမ်းတဝိုက် ဧည့်စစ်

ယနေ့ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ကျောက်တံတားမြို့နယ်၊ ၃၆ လမ်း အပေါ်ဘလောက် နှင့် ၃၅ လမ်း အပေါ်ဘလောက်တို့ထဲ ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။ ၃၆ လမ်းထဲ စစ် DC ၁ စီး ရှိပြီး ၃၅ လမ်းထိပ်၌ ရဲ DC ၁ စီး ရပ်ထားကြောင်း ကနဦး သိရသည်။

15 Sep 2025
#RangoonScoutNetwork
👍4🔥2
🔴 သင်္ဃန်းကျွန်း၊ ၂၉ ရပ်ကွက် ဧည့်စစ်

ယနေ့ည ၁၀ နာရီခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ၂၉ ရပ်ကွက်၊ မီးဒုန်းလမ်းထဲ ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနား စစ် SC ၁ စီး ရပ်ထားကြောင်းလည်း သိရသည်။

15 Sep 2025
#RangoonScoutNetwork
🔴 မင်္ဂလာတောင်ညွန့်၊ ဖဆပလရပ်ကွက်ထဲ ဝင်စစ်

ယနေ့ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလရပ်ကွက်၊ တိရိစ္ဆာန်ဥယျာဉ်လမ်းဘက်မှ အဝင် တိုက်အသစ် ၂ (ယခင်က ခင်စိုးပိုင်တိုက်ဟု ခေါ်ကြ) ထဲ အကြမ်းဖက်တပ်သားများ ဝင်ရောက်နေကြောင်း သိရှိရသည်။ အဖမ်းအဆီး ဝင်လုပ်နေပုံရသည်။ – MGTN Spring News & Scout Channel

15 Sep 2025
#RangoonScoutNetwork
🔥1
2025/10/23 07:39:51
Back to Top
HTML Embed Code: