Warning: Undefined array key 0 in /var/www/tgoop/function.php on line 65

Warning: Trying to access array offset on null in /var/www/tgoop/function.php on line 65
24947 - Telegram Web
Telegram Web
🟠 ရန်ကင်း၊ ၂ ရပ်ကွက် ဧည့်စစ်သတိ

ယနေ့ည ရန်ကင်းမြို့နယ်၊ ၂ ရပ်ကွက်နှင့် ၃ ရပ်ကွက်တဝိုက် ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သိရှိရသည်။ – RSG

18 Oct 2025
#RangoonScoutNetwork
👍5
⚫️ မြောက်ဒဂုံတွင် ပျူများက ကင်းလှည့်ရင်း တွေ့သည့်လူငယ်များကို ရိုက်နှက်ဖမ်းဆီးပြီး စစ်သင်တန်းပို့

အောက်တိုဘာလ ၁၅ ရက်နေ့ ည ၁၀ နာရီခန့်တွင် ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ၄၁ ရပ်ကွက်ထဲ ပျူအဖွဲ့ဝင် ၅ ယောက်တို့ ကင်းလှည့်နေစဉ် ရပ်ကွက်ထဲ ငါးဖမ်းနေသည့် ယောကျ်ားလေး ၆ ဦးကို ထိုးကြိတ်ရိုက်နှက်ပြီး ဖမ်းခေါ်သွားခဲ့ကြောင်း သတင်းရရှိသည်။

ထို့နောက် ရဲစခန်းပို့မည့်ပုံစံမျိုးပြောပြီး အကြမ်းဖက် စစ်တပ်ကိုခေါ်ကာ စစ်မှုထမ်းဖို့ ထည့်လိုက်သည်။

စစ်တပ်က ဖမ်းခေါ်သွားပြီးနောက် ၃ ဦးကို အသက်မပြည့်သေးလို့ဟုဆိုကာ ပြန်လွှတ်ပေးလိုက်ပြီး ကျန် ၃ ဦးကို စစ်သင်တန်းကျောင်းသို့ ပို့လိုက်သည်။

ပါသွားသူများက မိသားစုကို ဆက်သွယ်၍ ပဲခူးတိုင်း၊ အုတ်တွင်းတပ်နယ်ရှိ လေ့ကျင့်ရေးတပ်သို့ ရောက်သွားပြီဖြစ်ကြောင်း ပြောပြကြသည်။ တကြိမ်သာ ဆက်သွယ်ခွင့်ပေးသည်ဟု ဆိုသည်။

လူငယ်များမှာ မြောက်ဒဂုံမြို့နယ်၊ မဟာမြိုင်သဲကွင်းဘက်ရှိ ကျူးကျော်နေရာများ၌ နေထိုင်သူများဖြစ်သည်။

လူငယ်များကို အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီးခဲ့သည့် ပျူအဖွဲ့ဝင်ထဲတွင် မျောက်ကြီး ဆိုသူလည်း ပါသည်။ ၎င်းအဖွဲ့က စစ်တပ်ဆီ ပို့ပြီးနောက် ပိုက်ဆံရလာသဖြင့် အောက်တိုဘာ ၁၇ ရက်နေ့တွင် မာဆက်၊ ကေတီဗီများ၌ အကြိုက်သုံးဖြုန်းပြီး ပျော်ပါးနေခဲ့ကြကြောင်းလည်း သိရသည်။

19 Oct 2025
#RangoonScoutNetwork
🔥9👍3🤬3
⚫️ စမ်းချောင်းတွင် ရပ်ကွက်အုပ်ကြီးအဖွဲ့ လူလိုက်ဆွဲ

အောက်တိုဘာလ ၁၀ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်နှင့် စမ်းချောင်းမြို့နယ်အစပ်၊ နတ်စင်လမ်းနှင့် ဝေဠုဝန်တံတကားကြား၌ ရှိနေသည့် ယောကျ်ားလေး ၁ ဦးကို ဝေဠုဝန်ရပ်ကွက်အုပ်ကြီးနှင့်အဖွဲ့က အတင်းအကြပ် ဖမ်းပြီး ပရိုဘောက်ကားပေါ် ဆွဲတင်သွားကာ ဝေဠုဝန်ရပ်ကွက်ရုံးသို့ ခေါ်ယူသွားခဲ့ကြောင်း သိရှိရသည်။ – Khit Thit

19 Oct 2025
#RangoonScoutNetwork
🤬11🔥2
🟠 သာကေတ၊ ၁၀ မြောက်ရပ်ကွက် ဧည့်စစ်သတိ

ယနေ့ည သာကေတမြို့နယ်၊ ၁၀ မြောက်ရပ်ကွက်၊ ရတနာပုံ ၂ လမ်းတဝိုက် ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သိရှိရသည်။ လက်ရှိ ည ၉ နာရီခန့်တွင် ၁၀ မြောက်ရပ်ကွက်ရုံး၌ အကြမ်းဖက်စစ်သား ၃ ကောင်ခန့်နှင့် ဆိုင်ကယ်အစီး ၂၀ ခန့် ရောက်ရှိနေသည်။ – RSG

19 Oct 2025
#RangoonScoutNetwork
👍3
⚫️ ဝါးတရာစက်မှုဇုန်ထဲ လူလိုက်ဆွဲပြီး စစ်တပ်ထံ ရောင်းစား

အောက်တိုဘာလ ၁၆ ရက်နေ့ နေ့ခင်း ၁၂ နာရီခန့်တွင် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်လမ်း တနေရာ၌ ယောကျ်ားလေး ၁ ဦး လမ်းလျှောက်သွားလာနေစဉ် Taxi ၂ စီးဖြင့် လူများရောက်လာပြီး ထိုးကြိတ်ရိုက်နှက်ပြီး ဖမ်းခေါ်သွားကြောင်း SPT Information မှ သိရှိရသည်။

လူငယ်အနီးသို့ ကနဦး Taxi ၁ စီး အရင်ရောက်လာပြီး ၁ ဦးတည်းသွားလာနေခြင်း ဟုတ် မဟုတ် မေးမြန်းစူးစမ်းပြီးနောက် ၎င်းက နောက်ထပ် Taxi ၁ စီးကို ထပ်ခေါ်လိုက်သည်။

ချက်ချင်း နောက် ၁ စီး ရောက်လာပြီး ကားပေါ်မှ တုတ်ဓားများကိုင်ထားသည့် လူများဆင်းလာကာ ဖမ်းဆီးသွားခြင်းဖြစ်သည်။ ထို့နောက် လူငယ်ကို စစ်တပ်ထံပို့ပြီး ပိုက်ဆံထုတ်ယူသွားကြ‌သည်။

လက်ရှိတွင် မိသားစုက လူငယ်ကို စစ်တပ်ထံမှ ငွေနှင့် ပြန်ရွေးယူထားလိုက်ပြီဖြစ်ကြောင်းလည်း သိရသည်။

Source: SPT Information

19 Oct 2025
#RangoonScoutNetwork
🤬10❤2🔥1
🔴 သာကေတ၊ ၁၀ မြောက်ရပ်ကွက် ဧည့်စစ်

ယနေ့ည ၁၀ နာရီခန့်တွင် သာကေတမြို့နယ်၊ ၁၀ မြောက်ရပ်ကွက်၊ ရတနာပုံ ၂ လမ်းတး အရှေ့ထဲ ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ – RSG

19 Oct 2025
#RangoonScoutNetwork
👍7
🔴 လှိုင်သာယာ၊ ၂၀ ရပ်ကွက် ဧည့်စစ်

ယနေ့ည ၉ နာရီခန့်တွင် လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ၂၀ ရပ်ကွက်၊ ပေဖူးလွှာလမ်းထဲ ဧည့်စစ်ဝင်သွားခဲ့ကြောင်း သိရှိရသည်။ အကြမ်းဖက် စစ်သား၊ ရဲ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် လူမိုက်များပါသည်။ – HTY Scout Channel

19 Oct 2025
#RangoonScoutNetwork
👍4
🖥 DAILY HIGHLIGHTS (19 OCT 2025)

🔴 စစ်ရေးထူးခြားသတင်းများ

ရှမ်းမြောက်ဒေသ သီပေါကို စစ်တပ် ပြန်ထိန်းချုပ် – KT

လေးကေ့ကော် စွယ်တော်ကုန်းကို စစ်တပ်က ပြန်သိမ်းပိုက် – DVB
•
🔖 မိတ်ဖက်ပြဿနာ

SSPP က စစ်တပ်ကို ကူညီလို့ ကျောက်မဲ သီပေါ ကို လက်လွှတ် ရတယ်ဆိုတဲ့ TNLA ပြောကြားချက်အပေါ် တာဝန်ယူဖြေရှင်းပေးဖို့ SSPP ထုတ်ပြန် – THN
•
🟢 နိုင်ငံရေးထူးခြားသတင်းများ

NCA ၁၀ နှစ်ပြည့် အလုပ်ရုံ ဆွေးနွေးပွဲမှာ နိုင်ငံရေး အကြံပြုချက် (၄၈) ချက် နဲ့ စီးပွါးရေး အကြံပြုချက် (၅၃) ချက် ရရှိကြောင်းထုတ်ပြန် – THN

‘ဝ’ ပြည်နယ်လိုချင်ပါက ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲက တောင်းဆိုဖို့ဆိုပြီး ရာပြည့်ပြော – DVB
•
💸 စီးပွားရေးထူးခြားသတင်းများ

သဘာဝဓာတ်ငွေ့ အထွက်ကျဆင်းမှုကြောင့် တွင်းအသစ်များ တူးဖော်ရန် ထိုင်းရေနံကုမ္ပဏီ PTTEP နှင့် စစ်ကော်မရှင် ဆွေးနွေး – AT
•
👎 ရွေးကောက်ပွဲ

စကမ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်ဖို့ မရှိဟု EU ပြော – KT

#RangoonScoutNetwork
Please open Telegram to view this post
VIEW IN TELEGRAM
👍4
🖥 ရန်ကုန် တပတ်တာ အခြေအနေ

ယခု ရက်သတ္တပတ် [October 13 - 19, 2025] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၉ ခု ခွဲ၍ ဖော်ပြထားသည်။

▪️မြို့ပြပြောက်ကျား စစ်ဆင်ရေးများ
· ယခု သီတင်းပတ်ထဲ ဗုံးပေါက်ကွဲမှုဖြစ်စဉ် ၂ ခု ရှိခဲ့ကြောင်း မြို့ပြပြောက်ကျားအဖွဲ့များ၏ သတင်းထုတ်ပြန်ချက်များမှ သိရှိရသည်။
· အောက်တိုဘာ ၁၅ ရက် မနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် မင်္ဂလာဒုံမြိုနယ်၊ ခရေပင်လမ်းပေါ်ရှိ အကြမ်းဖက်စစ်တပ်၏ ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီရုံးကို ပစ်မှတ်ထား၍ Yangon Army နှင့် အနောက်ပိုင်းခရိုင် ပကဖ တိုက ပြင်းအားမြင့်မိုင်း ၁ လုံး၊ လက်ပစ်ဗုံး ၂ လုံးတိုဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။
· အောက်တိုဘာလ ၁၇ ရက် ည ၆ နာရီ ၅၀ မိနစ်ခန့်တွင် လှည်းကူးမြို့နယ်၊ ဒရယ်ဘိုကျေးရွာရှိ မြို့နယ်ထွေအုပ်ရုံးကို ပစ်မှတ်ထား၍ Yangon Army နှင့် အနောက်ပိုင်းခရိုင်ပကဖ တို့မှ ပြင်းအားမြင့်မိုင်း ၁ လုံး၊ လက်ပစ်ံဗုံး ၂ လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


▪️အဖမ်းအဆီးဖြစ်စဉ်များ
· ယခု ရက်သတ္တပတ်ထဲ မတရား ဖမ်းဆီးခံခဲ့ရသူတို့အနက် မြို့နယ် ၈ မြို့နယ်တို့မှ လူ ၁၈ ဦး၏ ဖြစ်စဉ်ကို သိရှိလိုက်ရသည်။
· မရမ်းကုန်း။ သာကေတ၊ ဗိုလ်တစ်ထောင်၊ ပုဇွန်တောင်၊ ကမာရွတ်၊ မြောက်ဒဂုံ၊ ရွှေပြည်သာနှင့် ကြည့်မြင်တိုင်မြို့နယ်တို့၌ ဖမ်းဆီးခံခဲ့ကြရခြင်းဖြစ်သည်။
· လမ်းမပေါ်သွားလာနေစဉ် ဖမ်းဆီးခံရသူ ၁၅ ဦးနှင့် ဧည့်စစ်ပြီး ဖမ်းဆီးခံရသူ ၃ ဦးတို့ ပါဝင်သည်။


▪️နိုင်ကျဉ်းများကို နှိပ်စက်
· အင်းစိန်ထောင်တွင် နှစ်ကြီးပြစ်ဒဏ်ကျခံထားရသည့် နိုင်ငံရေးအကျဉ်းသားတချို့ကို ထောင်ဝန်ထမ်းများက အိပ်ဆောင်မှ ဆွဲထုတ်၍ ခြေချင်းခတ်ပြီး ရိုက်နှက်နှိပ်စက်နေကြောင်း DVB သတင်းဌာနမှ သိရှိရသည်။
· စက်တင်ဘာလကစ၍ ရိုက်နှက်နေခြင်းဖြစ်ပြီး မကွေးထောင်ကနေ ပြောင်းလာသည့် နှစ်ကြီးသမားများကို ပစ်မှတ်ထား နှိပ်စက်နေခြင်းဖြစ်ကြောင်း သိရသည်။
· ERO အဖွဲ့နှင့် တော်လှန်ရေးအဖွဲ့များမှ ဖမ်းဆီးခံလူငယ်များကိုလည်း မကြာခဏခေါ်ထုတ်ပြီး နှိပ်စက်ရိုက်နှက်နေသည်။
· ဒီဇင်ဘာလတွင်းလုပ်မည့် စကမ ရွေးကောက်ပွဲတွင် ကြိုတင်မဲထည့်ဖို့အတွက်လည်း ထောင်သားများကို ဖိအားပေးခိုင်းစေနေသည်။ မထည့်သူများကို တိုက်ပိတ်မည့်အပြင် ထောင်တွင်းပြစ်ဒဏ်များလည်း ပေးမည်ဟု ခြိမ်းခြောက်နေကြောင်း သိရသည်။


▪️မင်းအောင်လှိုင် ရန်ကုန်ရောက်လာ
· အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် အောက်တိုဘာလ ၁၇ ရက်နေ့ ညနေတွင် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး ဒဂုံမြို့နယ်ရှိ အမျိုးသားဇာတ်ရုံသို့ ရောက်ရှိလာခဲ့ကြောင်း စကမ သတင်းချန်နယ်မှ သိရှိရသည်။ ဒီပါဝလီအထိမ်းအမှတ် အခမ်းအနား လာတက်သည်ဟု ဆိုသည်။ ကြူကြူလှပါ ပါသည်။
· ၎င်းလာဖို့ရှိသည့်အတွက် အမျိုးသားဇာတ်ရုံဝန်းကျင်နှင့် အနီးရှိ မင်းမနိုင်အိမ်ရာဝန်းတဝိုက်၌ အောက်တိုဘာ ၁၆ ရက်နေ့ကတည်းက အကြမ်းဖက်တပ်သား အများအပြား လုံခြုံရေးချထားခဲ့သည်။
· ထို့နောက် အောက်တိုဘာလ ၁၈ ရက်နေ့တွင် မင်းအောင်လှိုင် ကိုကိုးကျွန်းသို့ ရောက်သွားပြီး အောက်တိုဘာ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ထဲ ပြန်ဝင်လာကာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ဘက်သို့ ထွက်သွားကြောင်း သိရသည်။


➡️ဆက်လက်ဖတ်ရှုရန်

20 Oct 2025
#RangoonScoutNetwork #YGN_weekly
Please open Telegram to view this post
VIEW IN TELEGRAM
❤3👍3
⚫️ ခဝဲခြံဘက် မနက်အစောပိုင်း ရှောင်တခင်ဝင်စစ်ပြီး ဖမ်းခေါ်

ယနေ့ မနက်အစောပိုင်း ၂ နာရီခန့်ကနေ ၅ နာရီခွဲခန့်ထိ မရမ်းကုန်းမြို့နယ်၊ ခဝဲခြံ၊ အလယ်ဗဟိုလမ်းနှင့် ဦးဘအိုလမ်းဆုံ အောက်ဘက်၌ စစ် DC ၁ စီးနှင့် အကြမ်းဖက်တပ်သားများ ရှိနေခဲ့ပြီး ဖြတ်သန်းသွားလာနေသူများကို တားစစ်နေခဲ့သည်။ မနက် ၅ နာရီခန့်တွင် ယောကျ်ားလေး ၁ ဦး၏ အိတ်များကို ဖွင့်စစ်ပြီးနောက် စစ် DC ကားပေါ် ဖမ်းတင်ထားလိုက်သည်။ ထို့နောက် မကြာမှီ Wish ကား ၁ စီး ထပ်ရောက်လာပြီး ကား ၂ စီးလုံး ထွက်သွားကြကြောင်း သတင်းရရှိသည်။ လူငယ်ကိုပါ ဖမ်းခေါ်သွားသည်။ ဖမ်းခံရသူ လူငယ်မှာ အသက် ၂၀ နှစ် ဝန်းကျင် ဖြစ်ပြီး အဝတ်အစားအကောင်းများ ဝတ်ထားသည်။

20 Oct 2025
#RangoonScoutNetwork
🔥5👍1🤯1
🟠 မြောက်ဥက္ကလာ၊ က ရပ်ကွက်ဧည့်စစ်သတိ

ယနေ့ည မြောက်ဥက္ကလာမြို့နယ်၊ က ရပ်ကွက်ထဲ ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သတင်းရရှိသည်။

20 Oct 2025
#RangoonScoutNetwork
❤1
🔴 ကျောက်တံတား၊ ဆိပ်ကမ်းသာလမ်းအနီး ဧည့်စစ်

ယနေ့ည ၁၀ နာရီခွဲခန့်တွင် ကျောက်တံတားမြို့နယ်၊ ၃၉ လမ်းနှင့် ဆိပ်ကမ်းသာလမ်းကြား အနော်ရထာလမ်းပေါ်ရှိ နေအိမ်များထဲ ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။

20 Oct 2025
#RangoonScoutNetwork
⚫️ အထက်ပန်းဆိုးတန်းလမ်းပေါ် လူငယ်များကို လိုက်ဆွဲ၊ ၁ ဦးထွက်ပြေးနိုင်ခဲ့

အောက်တိုဘာလ ၂၀ ရက်နေ့ ည ၉ နာရီခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်းပေါ် အထက ၃ (အမျိုးသမီးကျောင်း) အနီး လူငယ် ၂ ဦး လမ်းလျှောက်သွားလာနေစဉ် Probox ၁ စီးဖြင့် အရပ်ဝတ်လူတစု ရုတ်တရက်ရောက်ရှိလာပြီး လိုက်ဆွဲခဲ့၍ ၁ ဦး ပါသွားခဲ့ကြောင်း သိရှိရသည်။

ကျန်လူငယ် ၁ ဦးမှာ အတင်းရုန်းကန်၍ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်။ လူငယ်၏ အင်္ကျီများ စုတ်ပြဲသွားသည်အထိ ဆွဲရမ်းခဲ့ကြသည်။

လွတ်မြောက်ခဲ့သူ လူငယ်မှာ ဖြစ်စဉ်နေရာအနီး ဖဆပလရပ်ကွက်ထဲ နေထိုင်သူဖြစ်ပြီး ပါသွားသူမှာ အဝေးတ‌နေရာတွင် နေထိုင်သူဖြစ်၍ အိမ်ပြန်နေပုံရကြောင်း သိရသည်။

Source - MGTN Spring News and Scout Channel

20 Oct 2025
#RangoonScoutNetwork
🤯6👍3❤2🔥1
2025/10/21 13:49:42
Back to Top
HTML Embed Code: