tgoop.com/SpringDevBank/2342
Last Update:
နွေဦးပျားတို့ ပိုင်ဆိုင်ထားတဲ့ တိုကင်တွေဟာ ပျိုးစေ့တွေလိုပါပဲ။ ဒီတိုကင်တွေကို @SpringDevBank မှာ ထိန်းသိမ်းထားတာဟာ Total Value Locked လို့ ခေါ်တဲ့ “TVL” ပန်းဥယျာဉ်ကြီးထဲ ပျိုးစေ့တွေ စိုက်နေတာပဲ ဖြစ်ပါတယ်။
TVL ဆိုတာ ပန်းဥယျာဉ်ရဲ့ အရွယ်အစားနဲ့ ကြံ့ခိုင်မှုကို ပြပါတယ်။ စိုက်ကြတဲ့ ပျိုးစေ့တွေ များလာလေ၊ ယုံကြည်မှုနဲ့ Liquidity လည်း တိုးပွားလာလေ ဖြစ်ပါတယ်။
ဒီနေရာမှာ အဓိကဗျူဟာက “HODLing” ပါပဲ။
HODL လုပ်တယ်ဆိုတာ ခဏတာအမြတ်အတွက် မရောင်းဘဲ ရေရှည်အတွက် ကိုယ့်တိုကင်တွေကို ယုံကြည်မှုနဲ့ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။
SDB မှာဆိုရင် ပျားရဲဘော်တို့အနေနဲ့ Earn, Collateral Loan စတဲ့ Features တွေ သုံးပြီး ကိုယ့်တိုကင်တွေကို ရေရှည်တန်ဖိုး ထိန်းသိမ်းထားဖို့အတွက် HODL လုပ်နိုင်ပါတယ်။
နွေဦးပျားတို့ရဲ့ လွတ်လပ်မှု၊ ယုံကြည်မှု၊ စုပေါင်းခွန်အားတို့နဲ့အတူ TVL ပန်းဥယျာဉ်ကြီးကို ပျိုးထောင်ပြီး လွတ်လပ်တဲ့ ဘဏ္ဍာရေးကနေ မြန်မာနိုင်ငံသစ်ရဲ့ အနာဂတ်လည်း ပွင့်လန်းလာမှာပါ။
📍 ကိုယ့်ရဲ့ တိုကင်တွေ၊ ငွေတွေကို ရေရှည် တိုးပွားလာအောင်၊ အကျိုးအမြတ်ရအောင် ထိန်းသိမ်းနိုင်စေမယ့် နည်းပညာ ဗျူဟာတို့အကြောင်း ပိုလေ့လာချင်သူတွေအတွက် ဒီနေ့ည မြန်မာချိန် (၈) နာရီ @SifInstitute Workshop နောက်ဆုံးရက်မှာ ဉာဏ်စမ်းမေးခွန်းအကြောင်းလည်း ပြောပြပေးသွားမှာမလို့ စာရင်းသွင်းထားသူတွေကို မပျက်မကွက် တက်ရောက်ပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 💪🏼
#SIF #SpringInstituteOfFinTech #SIFWorkshop #CryptoEducation #FinTechKnowledge
#SpringDevelopmentBank
BY Spring Development Bank

Share with your friend now:
tgoop.com/SpringDevBank/2342
