tgoop.com/SpringDevBank/2337
Last Update:
@SpringDevBank သုံးစွဲသူများ၊ SDB တိုကင်ပိုင်ရှင်များနဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှု လက်ဝယ်ကိုင်ဆောင်ထားတဲ့ ပျားရဲဘော်တို့အတွက် လုံခြုံရေးဟာ နံပါတ် (၁) ဦးစားပေး ဖြစ်ပါတယ်။ ခရစ်ပတိုလောကမှာ သတိဝီရိယနဲ့ လုံခြုံရေးအသိ ရှိတဲ့ ပျားတို့သာလျှင် ကိုယ့်ရဲ့ ပျားရည်ကို လုံခြုံအောင် ထိန်းသိမ်းထားနိုင်မှာပါ။
🐝 နွေဦးပျားတို့ ပိုင်ဆိုင်မှု ပျားရည်တွေကို မသမာသူတွေလက်ထဲကနေ ကာကွယ်နိုင်ဖို့ ရွှေရောင်စည်းမျဉ်း (၃) ခုကို သိထားဖို့ လိုပါတယ်။
❇️ ကိုယ့်ရဲ့ လုံခြုံရေး ကုဒ်နံပါတ် (Security Keys) နဲ့ လျှို့ဝှက်ကုဒ် (Passwords) တွေကို ဘယ်သူနဲ့မှ မမျှဝေပါနဲ့။
❇️ လင့်တစ်ခုခု မနှိပ်ခင် အစစ်အမှန် ဟုတ်မဟုတ် အမြဲ နှစ်ခါပြန်စစ်ပါ။
❇️ သီးသန့် စာလာပို့သူတွေရဲ့ မက်ဆေ့အပေါ် အယုံမလွယ်ပါနဲ့။
ဒါ့အပြင် လုံခြုံရေးဆိုတာ နှစ်ဖက်တီးဖို့ လိုတဲ့ လက်ခုပ်သံလိုပါပဲ။ နှစ်ဦးနှစ်ဖက် ပူးပေါင်း လုပ်ဆောင်ရတဲ့ အားထုတ်မှုတစ်ခုဆိုတာ အမြဲသတိရဖို့ လိုပါတယ်။ 💪🏼
ပလက်ဖောင်းက System အတွက် အခြေခံ ဖွဲ့စည်းမှုတွေကို လုံခြုံအောင် ကာကွယ်ပေးသလို အသုံးပြုတဲ့ User တွေအနေနဲ့လည်း ကိုယ့်အကောင့်ကို ကာကွယ်ရမှာ ဖြစ်ပါတယ်။
🔰 စိတ်ချလုံခြုံတဲ့ ပျားတို့ရပ်ဝန်းကနေ တောက်ပတဲ့ အနာဂတ်နဲ့ နွေဦးဂလက်စီကို လျှောက်လှမ်းကြစို့လား။
📍 ကိုယ့်ရဲ့တိုကင်တွေ၊ ငွေတွေကို ဘယ်လို လုံခြုံအောင် ထိန်းသိမ်းနိုင်မလဲနဲ့ ပတ်သက်ပြီး အွန်လိုင်း လုံခြုံရေးအကြောင်းကို ပိုလေ့လာချင်သူတွေအတွက် ဒီနေ့ည မြန်မာချိန် (၈) နာရီမှာလည်း @sifinstitute Workshop တတိယရက်လေး ရှိတဲ့အတွက် စာရင်းသွင်းထားသူတွေကို မပျက်မကွက် တက်ရောက်ပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 💪🏼
#SIF #SpringInstituteOfFinTech #SIFWorkshop #CryptoEducation #FinTechKnowledge
#SpringDevelopmentBank
BY Spring Development Bank

Share with your friend now:
tgoop.com/SpringDevBank/2337
